မုန္တိုင္းဒဏ္သင့္တဲ့ ျပည္သူေတြအတြက္ ဝမ္သန္း၅၀ လွဴဒါန္းခဲ့တဲ့ Yoo Jae-Suk

Running Man အစီစဥ္မွာ ႏွံေကာင္ဆိုၿပီး နာမည္ေျပာင္ေပးထားရတဲ့ ကိုရီးယားႏိုင္ငံရဲ႕ နာမည္ႀကီး အစီစဥ္တင္ဆက္သူတစ္ေယာက္ ျဖစ္တဲ့ Yoo Jae-suk ကေတာ့ အခုဆုိရင္ အသက္အားျဖင့္ ၄၇ ႏွစ္ရိွပါၿပီ ။ ၁၉၉၁ ခုႏွစ္ကတည္းကေန အစီစဥ္တင္ဆက္သူတစ္ေယာက္ အေနနဲ႔ စတင္လုပ္ခဲ့တာဆိုေတာ့ အခုဆိုရင္ လုပ္သက္ကလည္း ၂၈ ႏွစ္ရိွပါၿပီ ။ ကိုရီးယား ႏိုင္ငံ ဆိုးလ္ၿမိဳ႕မွာတည္ရိွတဲ့ Seoul Institute of the Art ဆိုတဲ့ တကၠသိုလ္ကေန ဘြဲ႔ရခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ KBS ရုပ္သံဌာနထဲမွာ တကၠသိုလ္ေက်ာင္းသားေတြအတြက္ ျပဳလုပ္ခဲ့တဲ့ ဟသပြဲေတာ္ ၁၉၉၁ ခုႏွစ္မွာ အလုပ္စတင္လုပ္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ X-men show မွာ ပါဝင္ခဲ့ၿပီး ။ Gangnam Style သီခ်င္းရဲ႕ Music Video မွာလည္း ပါဝင္သရုပ္ေဆာင္ထားပါေသးတယ္။ ကိုရီးယားရဲ႕ နာမည္အႀကီဆံုး အစီစဥ္တင္ဆက္သူမ်ား စာရင္းမွာလည္း ခဏခဏေဖာ္ျပခံခဲ့ရတဲ့သူတစ္ဦးျဖစ္ပါတယ္။ အဲ့ဒီလိုနာမည္ႀကီးေက်ာ္ၾကားရံုတင္မဟုတ္ဘဲ သူဟာ စိတ္ထားေကာင္းမြန္လွတဲ့ သူတစ္ေယာက္ လည္းျဖစ္ပါတယ္။ အခုလည္းၿပီးခဲ့တဲ့ ၾသဂုတ္လ ၈ ရက္ေန႔တုန္းက ေတာင္ကိုရီးယားႏိုင္ငံေတာင္ပိုင္း Yeonghonam ေဒသကို ျဖတ္ဝင္လာၿပီး တိုက္ခိုက္ခဲ့တဲ့ တိုင္ဖြန္းမုန္တိုင္း Mitag ေၾကာင့္ ထိခိုက္ပ်က္စီး ၿပီး ဒုကၡေတြေတြ႔ႀကံုခဲ့ရတဲ့ ျပည္သူေတြအတြက္ ကိုရီးယားဝမ္ ၅၀ သန္းကို လွဴဒါန္းခဲ့ပါတယ္။



အခုဝမ္ ၅သန္းကိုမလႈဒါန္းခင္တုန္းကလည္း Gangwon ေဒသမွာ ေလာင္တဲ့ ေတာမီးေၾကာင့္ ပ်က္စီးသြားတဲ့ ပ်က္စီးမႈေတြအတြက္လည္း အလွဴေငြေတြလွဴဒါန္းခဲ့ပါေသးတယ္။ Yoo Jea Suk ကေတာ့ သူနဲ႔အတူအလုပ္လုပ္ဖူးတဲ့ သူတိုင္းလိုလို ကလည္း ခ်စ္ဖို႔ေကာင္းေၾကာင္း လူတစ္ေယာက္အေပၚမွာ တအားဂရုစိုက္တတ္ေၾကာင္းနဲ႔ သူထက္ငယ္တဲ့သူေတြ ဘယ္လိုပဲဆုိးဆိုး အၿမဲခြင့္လႊတ္တတ္တဲ့သူတစ္ဦး ျဖစ္ေၾကာင္းလည္း ခဏခဏ ခ်ီးမႊမ္းေျပာဆိုခံရသူ ျဖစ္ပါတယ္။




Unicode

Running Man အစီစဉ်မှာ နှံကောင်ဆိုပြီး နာမည်ပြောင်ပေးထားရတဲ့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အစီစဉ်တင်ဆက်သူတစ်ယောက် ဖြစ်တဲ့ Yoo Jae-suk ကတော့ အခုဆိုရင် အသက်အားဖြင့် ၄၇ နှစ်ရှိပါပြီ ။ ၁၉၉၁ ခုနှစ်ကတည်းကနေ အစီစဉ်တင်ဆက်သူတစ်ယောက် အနေနဲ့ စတင်လုပ်ခဲ့တာဆိုတော့ အခုဆိုရင် လုပ်သက်ကလည်း ၂၈ နှစ်ရှိပါပြီ ။ ကိုရီးယား နိုင်ငံ ဆိုးလ်မြို့မှာတည်ရှိတဲ့ Seoul Institute of the Art ဆိုတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ KBS ရုပ်သံဌာနထဲမှာ တက္ကသိုလ်ကျောင်းသားတွေအတွက် ပြုလုပ်ခဲ့တဲ့ ဟသပွဲတော် ၁၉၉၁ ခုနှစ်မှာ အလုပ်စတင်လုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ X-men show မှာ ပါဝင်ခဲ့ပြီး ။ Gangnam Style သီချင်းရဲ့ Music Video မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ကိုရီးယားရဲ့ နာမည်အကြီဆုံး အစီစဉ်တင်ဆက်သူများ စာရင်းမှာလည်း ခဏခဏဖော်ပြခံခဲ့ရတဲ့သူတစ်ဦးဖြစ်ပါတယ်။ အဲ့ဒီလိုနာမည်ကြီးကျော်ကြားရုံတင်မဟုတ်ဘဲ သူဟာ စိတ်ထားကောင်းမွန်လှတဲ့ သူတစ်ယောက် လည်းဖြစ်ပါတယ်။ အခုလည်းပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့တုန်းက တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း Yeonghonam ဒေသကို ဖြတ်ဝင်လာပြီး တိုက်ခိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Mitag ကြောင့် ထိခိုက်ပျက်စီး ပြီး ဒုက္ခတွေတွေ့ကြုံခဲ့ရတဲ့ ပြည်သူတွေအတွက် ကိုရီးယားဝမ် ၅၀ သန်းကို လှူဒါန်းခဲ့ပါတယ်။



အခုဝမ် ၅သန်းကိုမလှုဒါန်းခင်တုန်းကလည်း Gangwon ဒေသမှာ လောင်တဲ့ တောမီးကြောင့် ပျက်စီးသွားတဲ့ ပျက်စီးမှုတွေအတွက်လည်း အလှူငွေတွေလှူဒါန်းခဲ့ပါသေးတယ်။ Yoo Jea Suk ကတော့ သူနဲ့အတူအလုပ်လုပ်ဖူးတဲ့ သူတိုင်းလိုလို ကလည်း ချစ်ဖို့ကောင်းကြောင်း လူတစ်ယောက်အပေါ်မှာ တအားဂရုစိုက်တတ်ကြောင်းနဲ့ သူထက်ငယ်တဲ့သူတွေ ဘယ်လိုပဲဆိုးဆိုး အမြဲခွင့်လွှတ်တတ်တဲ့သူတစ်ဦး ဖြစ်ကြောင်းလည်း ခဏခဏ ချီးမွှမ်းပြောဆိုခံရသူ ဖြစ်ပါတယ်။