မူရင်းသရုပ်ဆောင်တွေပြန်ပါလာမယ့် ဟယ်ရီပေါ်တာရုပ်ရှင်ဇာတ်ကားသစ်

ဟယ်ရီပေါ်တာလို့ဆိုလိုက်ရင် အူကြောင်ကြောင်မျက်မှန်အဝိုင်းလေးနဲ့ကောင်လေးရယ် ခေါက်ဆွဲပြုတ်နဲ့တူတဲ့ဆံပင်ကေနဲ့ကောင်မလေးနဲ့ ရွှေရောင်ဆံပင်နဲ့ချစ်စရာကောင်လေးရယ် သူငယ်ချင်းသုံးယောက်ကိုပြေးမြင်မိကြမှာပါ။ ဟယ်ရီပေါ်တာ ရုပ်ရှင်ဇာတ်ကားတွေဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ တခဲနက်စွဲလန်းအားပေးမှုကိုရထားတဲ့ အရှိန်အဝါကြီးတဲ့ဇာတ်ကားတွေဖြစ်တဲ့အပြင် အပြင်မှာတကယ်ရှိနေသလိုမျိုးယုံမှတ်မှားရလောက်အောင် Universe တစ်ခုဖန်တီးထားနိုင်တဲ့ ဇာတ်လမ်းတွေဆိုရင်လည်းမမှားပါဘူး။ ပရိသတ်တွေက Harry Potter ကို ဇာတ်လမ်းတွဲတစ်ခုလိုအပိုင်းတွေအများကြီးနဲ့ တစ်ဝကြီးကြည့်ချင်ကြပေမယ့် Harry Potter ရုပ်ရှင်ဇာတ်ကားတွေဟာ တစ်နှစ်ခြားတစ်ခါ နှစ်နှစ်ခြားတစ်ခါမှ တစ်ကားစီထွက်တဲ့အပြင် ရှစ်ကားသာထွက်ပြီး ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ Harry Potter ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းတစ်ခုထွက်ရှိလာပါပြီ။ အဲဒါကတော့ Harry Potter ဇာတ်ကားအသစ် ထပ်မံထွက်ရှိလာတော့မယ်ဆိုတာပါပဲ။

Harry Potter ဇာတ်ကားအသစ်ထပ်ထွက်လာတော့မယ်ဆိုတဲ့ ကောလဟလဟာ ပရိသတ်တွေကြားမှာ ပျံ့နှံ့နေခဲ့တာ ကြာပြီဖြစ်ပေမယ့် ကောလဟလတစ်ခုအဆင့်ကနေ တက်မလာခဲ့တာကလည်း ပရိသတ်တွေကိုဝမ်းနည်းစေတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေက Harry Potter ဇာတ်ကားကို အရင်တုန်းက သရုပ်ဆောင်တွေစုံစုံလင်လင်နဲ့ အသစ်ရိုက်စေချင်ကြပြီး ထွက်လာတဲ့သတင်းတွေအရ Harry Potter အသစ်ရိုက်ဖြစ်မယ်ဆိုရင်တောင်မှ သရုပ်ဆောင်တွေအရင်လိုပြန်ပါလာတော့မှာမဟုတ်ပဲ လူစားထိုးတာတွေဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေကြောင့် ပရိသတ်တွေကြားမှာ သို့လောသို့လောနဲ့ အငြင်းပွားမှုတွေဖြစ်ခဲ့ရပါတယ်။ အခုတော့ ပရိသတ်တွေရဲ့တောင်းဆိုချက်ကို Warner Bros. Studio ကဖြည့်ပေးတော့မှာပါ။



Harry Potter ဇာတ်ကားအသစ်ကတော့ Harry, Ron, Harmione နဲ့ Draco တို့ရဲ့ မျိုးဆက်သစ်လေးတွေက ကျောင်းတော်ကြီးမှာ သူငယ်ချင်းတွေအဖြစ် အတူတူကြီးပြင်းလာပြီး Cedric ကို ဘယ်လိုဝိုင်းပြီးကူညီကြမလဲဆိုတာတွေကို Harry Potter ထုံးစံအတိုင်းရင်ခုန်စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ရိုက်ပြသွားမှာဖြစ်ပြီးအဲဒီထဲမှာ Harry,Ron, Harmione အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မူလသရုပ်ဆောင်တွေဖြစ်တဲ့ Daniel Redcliff, Emma Watson နဲ့ Rupert Grint တို့ပါပြန်လည်ပါဝင်လာမှာဖြစ်ကြောင်းသိရပါတယ်။ Production အနေနဲ့လည်း Harry Potter ဇာတ်ကားတွေက တစ်ကမ္ဘာလုံးရဲ့ အရူးအမူးအားပေးတာခံခဲ့ရသလောက် Sequel ဖြစ်တဲ့ Fantastic Beasts ဇာတ်ကားတွေက အဲဒီလောက်အားပေးမှုသိသိသာသာမခံခဲ့ရတာကြောင့်လည်း Harry Potter ကို Film Adaptation ထပ်လုပ်ဖို့ စဉ်းစားခဲ့ကြတာဖြစ်ကြောင်းသိရပါတယ်။




ပရိသတ်တွေကတော့ Harry Potter ဇာတ်ကားအသစ်ကိုအရင်တုန်းကသရုပ်ဆောင်တွေစုံစုံညီညီနဲ့ပြန်လည်ကြည့်ခွင့်ရတော့မယ်ဆိုတာနဲ့တင်ပျော်ရွှင်နေကြပြီးဇာတ်လမ်းအသစ်ကို အားပေးဖို့အဆင်သင့်ဖြစ်နေကြပါပြီ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Harry Potter ဇာတ်လမ်းအသစ်အတွက်ရင်ခုန်နေကြပြီလား။ ရုံတင်ရင်ရှေ့ဆုံးကသွားကြည့်ကြမှာလား။ပြောခဲ့ကြပါဦး။

Unicode





