မူလသရုပ်ဆောင်တွေနဲ့ အသစ်ထွက်ရှိလာတော့မယ့် Jurassic World 3

ပြီးခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်ကတည်းက ထွက်ရှိနေခဲ့တဲ့ Jurassic Park, Jurassic World ရုပ်ရှင်တွေကို စွဲလန်းနှစ်သက်တဲ့ ပရိသတ်တွေတော်တော်များများရှိကြမှာပါ။ အဲဒီ ရုပ်ရှင်တွေဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့စွဲလန်းအားပေးမှုတွေကိုတခဲနက်လက်ခံရရှိခဲ့သလို Box Office ဝင်ငွေတွေလည်းကြောက်ခမန်းလိလိရရှိခဲ့တယ်ဆိုရင်မမှားပါဘူး။ Jurassic World ရုပ်ရှင်တွေက 2015 မှာထွက်ရှိခဲ့တဲ့ Chris Pratt ပါဝင်တဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ Jurassic World ရုပ်ရှင်ဇာတ်ကားက နောက်ဆုံးထွက်ရှိထားခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ အသစ်ထပ်မခံမထွက်သေးတာကြောင့် ပရိသတ်အားလုံးက ရုပ်ရှင်အသစ်ကိုမျှော်နေကြတာလည်းဖြစ်ပါတယ်။

အခုတော့ ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေက တကယ်ဖြစ်လာတော့မယ်လို့ဆိုရမှာပါ။ Jurassic World ရုပ်ရှင်အသစ်ဖြစ်တဲ့ Jurassic World 3 ဟာ ဟိုးအရင် မူလက Original Jurassic World သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အသစ်ထွက်ရှိလာတော့မှာဖြစ်ကြောင်းသိရပါတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်ကျော်က Jurassic Park မှာ သရုပ်ဆောင်ခဲ့တဲ့ Jeff Goldblum, Laura Dern နဲ့ Sam Neil တို့ဟာ အခုထပ်မံထွက်ရှိလာမယ့် Jurasssic World 3 မှာ ပထမဆုံးအနေနဲ့ အတူတူပြန်လည်သရုပ်ဆောင်တော့မှာဖြစ်လို့ Original Jurassic World ပရိသတ်တွေအတွက်တော့ ပျော်စရာသတင်းကောင်းပါပဲ။



အစတုန်းကတော့ သရုပ်ဆောင်တွေဟာ ဘယ်လိုမှညှိလို့မရတဲ့ schedule အချိန်တွေကြောင့်ရော အခြားသောအကြောင်းကြောင်းတွေကြောင့်ပါ အတူတူ ပြန်လည်သရုပ်ဆောင်ဖို့မဖြစ်နိုင်တော့ဘူးလို့ထင်ခဲ့ကြပေမယ့် Universal Pictures က Jeff တို့သုံးယောက်ကို အချိန်တွေအကြာကြီးစောင့်ပေးပြီး စိတ်ရှည်ရှည်နဲ့ အတူပြန်လည်သရုပ်ဆောင်နိုင်အောင် ညှိယူပေးခဲ့တာတွေကြောင့် အခုတော့ ပရိသတ်တွေမျှော်လင့်ထားတဲ့ Jurassic World 3 ဟာ မကြာမီအချိန်မှာ မူရင်းသရုပ်ဆောင်တွေနဲ့အတူ ပိတ်ကားပေါ်ကိုရောက်ရှိလာတော့မှာပါ။




ရုပ်ရှင်ထွက်ရှိမယ့်အချိန်ကတော့ 2021 လို့သိရတာမို့ ရုပ်ရှင်ကိုမြန်မြန်ကြည့်ချင်လှပါပြီဆိုတဲ့ရိသတ်တွေအတွက် နောက်ထပ်နှစ်နှစ်လောက်တော့ စောင့်ရဦးမှာပါ။ Universal Pictures က တာဝန်ရှိသူတွေနဲ့ သရုပ်ဆောင်တွေက ဒီရှင်ရုင်ကိုမျှော်နေကြတဲ့ပရိသတ်တွေအတွက်စောင့်ရကျိုးနပ်စေမှာပါလို့ ပြောကြားထားပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Jurassic World 3 ကို ကြည့်ရှုအားပေးဖို့စောင့်မျှော်နေကြပြီလား။ ရုံတင်ရင် ရှေ့ဆုံးကသွားအားပေးမယ့်သူတွေရှိလား။ ဒီတစ်ခါ Jurassic World 3 က ရှေ့ကကားတွေလောက်ကောင်းမယ်လို့ရော ယုံကြည်မျှော်လင့်ထားကြလား။ပြောခဲ့ကြပါဦး။

Unicode





