မျက်ရည်အစစ်နဲ့ငိုထားတယ်ဆိုတဲ့ ခြိမ့်ကေကို

0
50

အခုတလောမှာ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုရရှိလာပြီး တရှိန်ထိုးအောင်မြင်လာတဲ့ ခြိမ့်ကေကို(ဘနားနား)ဟာ “မမရေ ချစ်လို့”သီချင်းနဲ့တင် အောင်မြင်မှုလမ်းကြောင်းပေါ် တည့်တည့်ုကြီးရောက်လာပြီး မကြာခင်မှာထွက်တော့မယ့် ညီမလေး သီချင်းကိုနားထောင်ချင်လွန်းလို့စောင့်မျှော်နေတဲ့လူတွေကလည်း မနည်းမနောကိုရှိနေတာပါ။ ဒါ့အပြင် ခြိမ့်ကေကိုက တဖြည်းဖြည်းနဲ့ ပြင်တတ်ဆင်တတ်လေးဖြစ်ပြီးချောလည်းချောလာတာမို့ ခြိမ့်ကေကိုရဲ့အလှဓာတ်ပုံတွေအောက်မှာ ကြွေကျမြေခနေကြတဲ့ ကောင်မလေးတွေကလည်း ဒုနဲ့ဒေးပါပဲ။

ခြိမ့်ကေကိုက အခုဆိုရင် ဂီတနယ်ပယ်တင်မက ရုပ်ရှင်နယ်ပယ်ကိုပါ ခြေချလာခဲ့ပါပြီ။ ခြိမ့်ကေကိုက ဒီနေ့မနက် ကိုးနာရီဝန်းကျင်မှာပဲ သူပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားအကြောင်းကို သူ့ရဲ့ Facebook account မှာတင်ထားခဲ့ပါတယ်။ အဲဒီကားက ပြည်သူ့အကျိုးပြုဇာတ်ကားဖြစ်ပြီး တောသားတွေကို အချဉ်မဖောက်ဖို့ တောသားတွေကို မနှိမ်ကြဖို့အမြတ်မထုတ်ကြဖို့ပြောချင်တဲ့ဇာတ်ကားဖြစ်ပါတယ်တဲ့။ အဲဒီကားထဲမှာ ခြိမ့်ကေကိုက ရင်နာစရာငိုကြွေးနေခဲ့ပြီး “သူများ ဘဝပျက်မှ ကိုယ့်မိသားစု ကောင်းစားမယ့်အဖြစ်မျိုးကိုတော့ ခင်များတို့တွေမလုပ်ကြပါနဲ့ဗျာ။ကျွန်တော်တို့လို ရိုးသားကြိုးစားတဲ့ တောသူတောင်သားတွေအပေါ်မှာ ခင်ဗျားတို့တွေ အချဉ်မဖောက်ကြပါနဲ့ဗျာ”လို့ တုန်ရီလှိုက်ခါတဲ့အသံနဲ့ပြောနေပြီး မျက်ရည်တွေကလည်းပါးပေါ်မှာစီးကျနေခဲ့ပါတယ်။

ခြိမ့်ကေကိုက အဲဒီဇာတ်လမ်းကို မျက်ရည်အစစ်တွေနဲ့ရိုက်ထားတာဖြစ်တယ်လို့သိရပါတယ်။ ခြိမ့်ကေကိုရဲ့ Video Trailer အတိုလေးဟာ မိနစ်သုံးဆယ်လောက်အတွင်းမှာတင် ကြည့်ရှု့သူ ငါးထောင်ကျော်သွားခဲ့ပြီး Like လည်း တစ်ထောင်ကျော်သွားခဲ့ပါတယ်။ ခြိမ့်ကေကိုက Trailer လေးကို “မျက်ရည်အစစ်နဲ့ရိုက်ထားပါတယ်။ ကျနော် ပြည့်သူ့အကျိုးပြု ဇာတ်ကားရိုက်ထားပါတယ် မကြာခင် Online ပာမှာတင်ပေးသွားမှာဖြစ်ပါတယ်။ ဇာတ်ကားတွေအများကြီးရိုက်ထားသေးပါတယ် အားပေးပါဦး”လို့ ရေးတင်ထားပါတယ်။ ပရိသတ်တွေကလည်း ခြိမ့်ကေကိုကို အားပေးနေကြပြီး comment တွေထဲမှာ “အကို​ရေ.. ဒီနှစ်​ အကယ်​ဒမီဆုက​တော့ အကိုလက်​ထဲက ​ပြေးမလွှတ်​​တော့ပါဘူး အကိုရဲ့ သဘာဝမျက်​ရည်​​တွေက ​သေချာ​ပေါက်​ ပရိတ်​သတ်​​တွေကို ဖမ်းစားနိုင်​မှာ ကျွန်​​တော်​​တောင်​ခုကြည့်​​နေရင်းနဲ့ …မရ​တော့ဘူး..မရ​တော့ဘူး…”လို့ ပြောထားတဲ့လူတွေလည်းရှိပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ခြိမ့်ကေကိုကို အားပေးကြလား။ မကြာခင်ကပဲ ကလေးတွေရဲ့မေးခွန်းစာရွက်ထဲမှာ စိုင်းစိုင်းနဲ့အတူဖော်ပြခံထားရလို့ စိုင်းစိုင်းအငယ်စားလေးလားလို့ မှတ်ချက်တွေအပေးခံထားရတဲ့ ခြိမ့်ကေကိုဟာ အခုတစ်ခါလည်း သူ့ရဲ့သရုပ်ဆောင်ပညာကို ချီးကျူးခံနေရပြန်ပြီဆိုတော့ စွယ်စုံရအနုပညာရှင်တစ်ဦးဖြစ်လာမယ်လို့ထင်ကြလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say