မ်က္ေတာင္ေတြပါ ေအးခဲသြားတဲ႔ ကမၻာ့အေအးဆံုး႐ြာေလး

0
62

ေျပာခ်င္လြန္းလို႔ကေန ေျပာျပေပးခ်င္တာကေတာ႔ ထူးထူးဆန္းဆန္းအေနနဲ႔ မ်က္ေတာင္ေတြပါ ေအးခဲသြားတဲ႔ ကမၻာ့အေအးဆံုး႐ြာေလး အေႀကာင္းကို ေျပာျပေပးခ်င္တာပဲ ျဖစ္ပါတယ္။

ရုရွားနိုင္ငံက Oymyakon ဆိုတဲ႔ ရြာေလးဟာ ျပီးခဲ႔တဲ႔ ဇန္နဝါရီလမွာ အပူခ်ိန္ အနုတ္ ၆၂ ဒီဂရီစင္တီဂရိတ္ ကို ေရာက္ရွိခဲ႔ပါတယ္္။ ေအးလြန္းလို႔ မ်က္ေတာင္ေတြမွာပါ နွင္းေတြကပ္ေနတဲ႔ ေဒသခံတစ္ဦးရဲ႕ ပံုေတြဟာ အင္တာနက္မွာ ပ်ံနွံ႕ေနခဲ႔ရာမွ လူအမ်ား ရဲ႕ စိတ္ဝင္စားျခင္း အစျပဳခဲ႔တာပါ။

ဒီရြာေလးရဲ႕ ေအးခဲမႈက ဘယ္ေလာက္ထိ ျပင္းသလဲဆိုရင္ လွ်ပ္စစ္သာမိုမီတာ ပ်က္စီးရတဲ႔အထိ အရိုးခိုက္ေအာင္ ေအးခဲ ခဲ႔တာပါ။

Oymyakon ႐ြာသားတစ္ဦးကေတာ့ အပူခ်ိန္ဟာ အႏုတ္ ၆၇ ဒီဂရီစင္တီဂရိတ္အထိ ႐ွိေၾကာင္း မွတ္တမ္းယူထားခဲ့ဖူးတယ္လို႔ သိရပါတယ္။ ေဒသဆိုင္ရာ မိုးေလဝသ႐ံုးကေတာ့ အပူခ်ိန္ အႏုတ္ ၅၉ ဒီဂရီစင္တီဂရိတ္သာ ႐ွိတယ္လို႔ ထုတ္ျပန္ခဲ့ၿပီး ဒီျဖစ္စဥ္ကို အျပည့္အဝ ထုတ္ျပန္ခဲ႔ျခင္မရွိဘူးဆိုျပီး အဆိုပါ႐ြာသားနဲ႔ ရြာခံအခ်ိဳ႕ကေတာ႔
ယံုၾကည္ေနႀကပါတယ္။

Oymyakon ရြာသားေတြ ေန႔စဥ္ၾကံဳရတဲ့ ျပႆနာကေတာ့ မွင္အိုးေတြခဲသြားတာ၊ ေသာက္မလို႔လွမ္းယူေနတုန္းမွာပဲ မ်က္ႏွာကိုမေရာက္မီ ဖန္ခြက္က ေအးခဲသြားတာေတြနဲ႔ ဘက္ထရီေတြ အားကုန္သြားတာေတြပါပဲ။ ကားကို စက္ရပ္လိုက္ရင္ ျပန္ႏႈိးလို႔မရေတာ့မွာေၾကာက္လို႔ တစ္ေနကုန္ စက္ဖြင့္ထားရတဲ႔ အျပင္ ငါးေတြေရာင္းတဲ့အခါမွာ ေအးခဲထားဖုိ႔မလိုဘဲ အလိုလိုခဲေနတာကိုလည္း ေတြ႔ရပါတယ္။

ကဲ … အခုေျပာျပေပးလိုက္တဲ႔ ဒီအေႀကာင္းအရာေလးကို ဖတ္ျပီးေတာ႔ အခ်ိန္ုျပည္႔ ေအးစိမ္႔ေနတာကို ႀကိ္ဳက္တဲ႔ ေဘာ္ဒါေတြအတြက္ လက္တို႔ မွ်ေဝလိုက္ႀကပါဦး ။

#pMk ( Cant W8 2 Say )

Unicode

ပြောချင်လွန်းလို့ကနေ ပြောပြပေးချင်တာကတော့ ထူးထူးဆန်းဆန်းအနေနဲ့ မျက်တောင်တွေပါ အေးခဲသွားတဲ့ ကမ္ဘာ့အအေးဆုံးရွာလေး အကြောင်းကို ပြောပြပေးချင်တာပဲ ဖြစ်ပါတယ်။

ရုရှားနိုင်ငံက Oymyakon ဆိုတဲ့ ရွာလေးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ အပူချိန် အနုတ် ၆၂ ဒီဂရီစင်တီဂရိတ် ကို ရောက်ရှိခဲ့ပါတယ််။ အေးလွန်းလို့ မျက်တောင်တွေမှာပါ နှင်းတွေကပ်နေတဲ့ ဒေသခံတစ်ဦးရဲ့ ပုံတွေဟာ အင်တာနက်မှာ ပျံနှံ့နေခဲ့ရာမှ လူအများ ရဲ့ စိတ်ဝင်စားခြင်း အစပြုခဲ့တာပါ။

ဒီရွာလေးရဲ့ အေးခဲမှုက ဘယ်လောက်ထိ ပြင်းသလဲဆိုရင် လျှပ်စစ်သာမိုမီတာ ပျက်စီးရတဲ့အထိ အရိုးခိုက်အောင် အေးခဲ ခဲ့တာပါ။

Oymyakon ရွာသားတစ်ဦးကတော့ အပူချိန်ဟာ အနုတ် ၆၇ ဒီဂရီစင်တီဂရိတ်အထိ ရှိကြောင်း မှတ်တမ်းယူထားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒေသဆိုင်ရာ မိုးလေဝသရုံးကတော့ အပူချိန် အနုတ် ၅၉ ဒီဂရီစင်တီဂရိတ်သာ ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီး ဒီဖြစ်စဉ်ကို အပြည့်အဝ ထုတ်ပြန်ခဲ့ခြင်မရှိဘူးဆိုပြီး အဆိုပါရွာသားနဲ့ ရွာခံအချို့ကတော့
ယုံကြည်နေကြပါတယ်။

Oymyakon ရွာသားတွေ နေ့စဉ်ကြုံရတဲ့ ပြဿနာကတော့ မှင်အိုးတွေခဲသွားတာ၊ သောက်မလို့လှမ်းယူနေတုန်းမှာပဲ မျက်နှာကိုမရောက်မီ ဖန်ခွက်က အေးခဲသွားတာတွေနဲ့ ဘက်ထရီတွေ အားကုန်သွားတာတွေပါပဲ။ ကားကို စက်ရပ်လိုက်ရင် ပြန်နှိုးလို့မရတော့မှာကြောက်လို့ တစ်နေကုန် စက်ဖွင့်ထားရတဲ့ အပြင် ငါးတွေရောင်းတဲ့အခါမှာ အေးခဲထားဖို့မလိုဘဲ အလိုလိုခဲနေတာကိုလည်း တွေ့ရပါတယ်။

ကဲ … အခုပြောပြပေးလိုက်တဲ့ ဒီအကြောင်းအရာလေးကို ဖတ်ပြီးတော့ အချိန်ုပြည့် အေးစိမ့်နေတာကို ကြိ်ုက်တဲ့ ဘော်ဒါတွေအတွက် လက်တို့ မျှဝေလိုက်ကြပါဦး ။

#pMk ( Cant W8 2 Say )