မ​ေရာနိစ္​ ၃ဘူးခြဲကို ၃ မိနစ္​အတြင္​း ကုန္​​ေအာင္​စားျပၿပီး ဂင္​းနစ္​စံခ်ိန္​တင္​ခဲ့တဲ့အမ်ိဳးသမီး

အ​ေမရိကန္​ႏိုင္​ငံ၊ အရီဇိုးနားျပည္​နယ္​က မီ႐ွဲလ္​လက္​စ္​ကိုဆိုသူ အမ်ိဳးသမီးဟာ မ​ေရာနိစ္​ကိုစားရတာ သိပ္​ႀကိဳက္​လြန္​းလို႔ အလြန္​အကြၽံစားတတ္​သူျဖစ္​ၿပီး မ​ေရာနိစ္​ကိုအလြန္​အမင္​းႏွစ္​ၿခိဳက္​စြဲလန္​းသူျဖစ္​ပါတယ္​။သူရဲ႕ မ​ေရာနိစ္​အ​ေပၚျမတ္​ႏို္​းမႈက ကိုယ္​တိုင္​စား​ေသာက္​​ၿပီး ​ေက်နပ္​တင္​းတိမ္​ရံုနဲ႔ မရပ္​တန္​႔ႏိုင္​ခဲ့ပါဘူး။ ဂင္​းနစ္​စံခ်ိန္​ မွတ္​တမ္​းအတြက္​ သူဟာ အစားၿပိဳင္​ပြဲဝင္​နႊဲခဲ့ၿပီး ၃ မိနစ္​အတြင္​းမွာပဲ မ​ေရာနိစ္​ ၃ ဘူးခြဲကုိကုန္​စင္​​ေအာင္​စားျပသြားႏုိင္​ခဲ့ပါတယ္​​။

ဒါဟာ ဂရမ္​ ၂၅၀၀ နီးပါး႐ွိတဲ့ မ​​ေရာနိစ္​ပမာဏျဖစ္​ၿပီး သူဟာ တဇြန္​းၿပီးတဇြန္​း ဆက္​တိုု္​က္​​က​ေလာ္​ၿပီး ပါးစပ္​နဲ႔လက္​နဲ႔မျပတ္​​ေအာင္​ အ​ဆက္​အျပတ္​စား​ေသာက္​ျပသြားခဲ့တာျဖစ္​ပါတယ္​။ပိုၿပီးထူးျခားတဲ့အခ်က္​က ဒီလိုအစားစံခ်ိန္​ကိုတင္​ခဲ့တဲ့သူရဲ႕ခႏၶာကိုယ္​က လူ​ေကာင္ျကီး ​ထြားက်ိဳင္​းလွတယ္​မဟုတ္​ဘဲ အရပ္​အ​ေမာင္​းအရလည္​း ၅​ေပ၄လက္​မသာ႐ွိတာ​ေၾကာင္​့ အံ့အားသင္​့စရာ​ေကာင္​း​ေစခဲ့တာပါ။သူရဲ႕ခႏၶာကိုယ္​လုပ္​​ေဆာင္​ခ်က္​အရ အစာ​ေခ်ဖ်က္​ႏႈန္​းနဲ႔ ဇီဝျဖစ္​စဥ္​ႏႈန္​းဟာ ျမန္​ဆန္​လြန္​းတာ​ေၾကာင္​့ သူဟာ အခုလို အစားကိုျမန္​ဆန္​စြာ နဲ႔ အခ်ိန္​တိုတိုအတြင္း မ်ားမ်ား​စား​ေသာက္​ႏိုင္​တာျဖစ္​​ေၾကာင္​း ကိုယ္​တိုင္​​ေျပာျပသြားခဲ့ပါတယ္​။



ဒါ့အျပင္​ သူဟာ ဂင္​းနစ္​စံခ်ိန္​မွတ္​တမ္​း အစားစားျခင္​းနဲ႔ပတ္​သက္​ၿပီး စံခ်ိိန္​သစ္​ႏွစ္​ခုကို ထပ္​မံမွတ္​တမ္​းဝင္​ခဲ့ပါ​ေသးတယ္​။ ပါစာတ​ာ​ေခါက္​ဆြဲတပြဲကုိ ၂၆.၆၉ စကၠန္​႔အတြင္​း ကုန္​​ေအာင္​စားျပႏို္​င္​ခဲ့တာျဖစ္​ၿပီး ​ေနာက္​ထပ္​စံခ်ိိန္​တခုက​ေတာ့ ​ေဟာ့​ေဒါ့ကုိ လက္​နဲ႔မကုိင္​ဘဲ အလ်င္​ျမန္​ဆံုးစာ​ေသာက္​ႏိုင္​သူအျဖစ္​ ၂၁.၆၀ စကၠန္​႔နဲ႔စံခ်ိန္​တင္​ခဲ့တာျဖစ္​ပါတယ္​။




Unicode

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်က မီရှဲလ်လက်စ်ကိုဆိုသူ အမျိုးသမီးဟာ မရောနိစ်ကိုစားရတာ သိပ်ကြိုက်လွန်းလို့ အလွန်အကျွံစားတတ်သူဖြစ်ပြီး မရောနိစ်ကိုအလွန်အမင်းနှစ်ခြိုက်စွဲလန်းသူဖြစ်ပါတယ်။

သူရဲ့ မရောနိစ်အပေါ်မြတ်နိုးမှုက ကိုယ်တိုင်စားသောက်ပြီး ကျေနပ်တင်းတိမ်ရုံနဲ့ မရပ်တန့်နိုင်ခဲ့ပါဘူး။ ဂင်းနစ်စံချိန် မှတ်တမ်းအတွက် သူဟာ အစားပြိုင်ပွဲဝင်နွှဲခဲ့ပြီး ၃ မိနစ်အတွင်းမှာပဲ မရောနိစ် ၃ ဘူးခွဲကိုကုန်စင်အောင်စားပြသွားနိုင်ခဲ့ပါတယ်။



ဒါဟာ ဂရမ် ၂၅၀၀ နီးပါးရှိတဲ့ မရောနိစ်ပမာဏဖြစ်ပြီး သူဟာ တဇွန်းပြီးတဇွန်း ဆက်တိုက်ကလော်ပြီး ပါးစပ်နဲ့လက်နဲ့မပြတ်အောင် အဆက်အပြတ်စားသောက်ပြသွားခဲ့တာဖြစ်ပါတယ်။

ပိုပြီးထူးခြားတဲ့အချက်က ဒီလိုအစားစံချိန်ကိုတင်ခဲ့တဲ့သူရဲ့ခန္ဓာကိုယ်က လူကောင်ကြီး ထွားကျိုင်းလှတယ်မဟုတ်ဘဲ အရပ်အမောင်းအရလည်း ၅ပေ၄လက်မသာရှိတာကြောင့် အံ့အားသင့်စရာကောင်းစေခဲ့တာပါ။

သူရဲ့ခန္ဓာကိုယ်လုပ်ဆောင်ချက်အရ အစာချေဖျက်နှုန်းနဲ့ ဇီဝဖြစ်စဉ်နှုန်းဟာ မြန်ဆန်လွန်းတာကြောင့် သူဟာ အခုလို အစားကိုမြန်ဆန်စွာ နဲ့ အချိန်တိုတိုအတွင်း များများစားသောက်နိုင်တာဖြစ်ကြောင်း ကိုယ်တိုင်ပြောပြသွားခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ဂင်းနစ်စံချိန်မှတ်တမ်း အစားစားခြင်းနဲ့ပတ်သက်ပြီး စံချိန်သစ်နှစ်ခုကို ထပ်မံမှတ်တမ်းဝင်ခဲ့ပါသေးတယ်။ ပါစာတာခေါက်ဆွဲတပွဲကို ၂၆.၆၉ စက္ကန့်အတွင်း ကုန်အောင်စားပြနိုင်ခဲ့တာဖြစ်ပြီး နောက်ထပ်စံချိန်တခုကတော့ ဟော့ဒေါ့ကို လက်နဲ့မကိုင်ဘဲ အလျင်မြန်ဆုံးစာသောက်နိုင်သူအဖြစ် ၂၁.၆၀ စက္ကန့်နဲ့စံချိန်တင်ခဲ့တာဖြစ်ပါတယ်