ယူတတ္ရင္ရမယ့္ ကို႐ိုနာသင္ခန္းစာအေၾကာင္း ေျပာျပလာတဲ့ ဘီလ္ဂိတ္

ကမာၻေက်ာ္ သန္းႂကြယ္သူေဌးႀကီး ဘီလ္ဂိတ္က ကူးစက္ျမန္ အဆုတ္ေရာင္ေရာဂါပိုးကို တိုက္ဖ်က္ဖို႔အတြက္ ၿပီးခဲ့တဲ့လက စတာလင္ေပါင္ (၈၅) သန္း လႉဒါန္းခဲ့ပါတယ္။ ကပ္ေရာဂါပိုးက ဆိုးက်ိဳးေတြကို သယ္ေဆာင္လာတယ္ဆိုေပမဲ့ ယူတတ္ရင္ သင္ခန္းစာေတြရေၾကာင္းကိုလည္း ဘီလ္ဂိတ္က စာေလးတစ္ေစာင္ေရးၿပီး ထင္ျမင္ခ်က္ကို အားလုံးဆီမွ်ေဝခဲ့တာပါ။

ဘီလ္ဂိတ္ရဲ႕ စာထဲမွာေတာ့ –

(၁) ဒီေရာဂါပိုးက ကြၽန္ေတာ္တို႔ကို သတိေပးေနတဲ့အရာက အယူဝါဒ၊ ယဥ္ေက်းမႈ၊ ႂကြယ္ဝခ်မ္းသာမႈနဲ႔ ေက်ာ္ၾကားမႈေတြ ဘယ္လိုပင္ကြာကြာ လူသားအားလုံးက တန္းတူပါ။ ေရာဂါပိုးက လူတန္းစားမခြဲျခားဘဲ အညီအမွ် သြားသလိုမ်ိဳး ကြၽန္ေတာ္တို႔ကလည္း လူလူခ်င္း တန္းတူဆက္ဆံရပါမယ္။ ကြၽန္ေတာ္ေျပာတာ ဟုတ္၊ မဟုတ္ သိခ်င္ရင္ေတာ့ မင္းသားႀကီး Tom Hanks ကိုသာ သြားေမးလိုက္ပါ။



(၂) ေနာက္ထပ္သတိေပးခ်က္ကေတာ့ ကြၽန္ေတာ္တို႔ အခ်င္းခ်င္းမွာ ဆက္ႏြယ္မႈေတြ ရွိပါတယ္။ ဒါေၾကာင့္ တစ္ေယာက္မွာျဖစ္ပြားတဲ့ ေရာဂါပိုးက အျခားသူေတြဆီမွာလည္း သက္ေရာက္မႈသြားရွိပါတယ္။ နယ္နိမိတ္ေတြ ဘယ္လိုပဲျခားေနပါေစ ႏိုင္ငံကူးလက္မွတ္မလိုတဲ့ ဗိုင္းရပ္စ္ကေတာ့ အလြယ္တကူ ျဖတ္ေက်ာ္ဝင္ေရာက္လာမွာပါ။

(၃) က်န္းမာေရးက အေရးႀကီးတယ္ဆိုေပမဲ့ ကြၽန္ေတာ္တို႔အားလုံးကေတာ့ ေပါ့ေပါ့ဆဆေနထိုင္ရင္း အာဟာရဓာတ္နည္းပါးတဲ့ အသင့္စားအစားအစာေတြနဲ႔ ဓာတုမႈန္ေတြပါဝင္တဲ့ ေသာက္ေရေတြကိုပဲ ေသာက္သုံးေနခဲ့ၾကပါတယ္။ က်န္းမာေရးကို ဂ႐ုမစိုက္ဘူးဆိုရင္ေတာ့ ေသခ်ာေပါက္ နာမက်န္းျဖစ္မွာပါ။




(၄) လူ႔ဘဝက တိုေတာင္းတယ္ဆိုတာကို သတိေပးေနသလို ဘဝမွာ အေရးအႀကီးဆုံးအရာက တစ္ဦးနဲ႔တစ္ဦး ကူညီ႐ိုင္းပင္းမႈဆိုတာကို သေဘာေပါက္ နားလည္လာပါတယ္။

(၅) ႐ုပ္ဝတၳဳပစၥည္းေတြေနာက္ကို ေကာက္ေကာက္ပါေအာင္လိုက္ခဲ့ၾကေပမဲ့ တကယ္တမ္း အခက္အခဲႀကဳံခ်ိန္မွာ လိုအပ္တာေတြက အစားအစာ၊ ေရနဲ႔ ေဆးဝါးဆိုတာကို ေကာင္းေကာင္းႀကီး လက္ခံသြားပါတယ္။

(၆) အိမ္မွာေနၿပီး အလုပ္လုပ္ၾကတဲ့အခါ အိမ္တြင္းေရးက ဘယ္ေလာက္ထိ အေရးပါတယ္ ဆိုတာနဲ႔ ဘယ္အတိုင္းအတာထိ လ်စ္လ်ဴျပဳခဲ့မိလဲ ဆိုတာကို ေပၚလြင္ေစပါတယ္။



(၇) စစ္မွန္တဲ့အလုပ္ဆိုတာက သူတစ္ပါးေစခိုင္းတာကို လုပ္ေနတာထက္စာရင္ ကိုယ္ႏိုင္ရာ ဝန္ကိုထမ္းၿပီး အမ်ားအက်ိဳးသယ္ပိုးေဆာင္႐ြက္ျခင္းပါပဲ။

(၈) အတၱကို ဗဟိုျပဳစရာ မလိုသလို ဘယ္ေလာက္ပဲႀကီးက်ယ္ျမင့္ျမတ္ေနပါေစ ဗိုင္းရပ္စ္ကေတာ့ လူမေ႐ြးဘဲ တိုက္ခိုက္ဖို႔ အဆင္သင့္ျပင္ေနပါတယ္။ တစ္ကိုယ္ေကာင္းဆန္မလား တစ္ဦးေပၚတစ္ဦးကူညီမလားဆိုတဲ့ ေ႐ြးခ်ယ္ခြင့္ကေတာ့ ကြၽန္ေတာ္တို႔ လက္ထဲမွာရွိပါတယ္။

(၉) စိတ္ရွည္သည္းခံမလား၊ ထိတ္လန႔္တုန္လႈပ္ေနမလားဆိုတဲ့ ေ႐ြးခ်ယ္မႈႏွစ္မ်ိဳးက ကြၽန္ေတာ္တို႔ဆီမွာ ရွိပါတယ္။ အခ်ိန္တန္ရင္ ဒါေတြအားလုံးကို ရင္ဆိုင္ေက်ာ္လြႊားသြားႏိုင္မယ္ဆိုတာကို ေသခ်ာလက္ခံထားၿပီး အေကာင္းဆုံး ျပင္ဆင္ထားဖို႔ လိုပါတယ္။

(၁၀) ကမာၻႀကီး နာမက်န္းျဖစ္ေနပါၿပီ။ ကုန္တိုက္ေတြမွာ အိမ္သာသုံးစကၠဴလိပ္ေတြ ကုန္သြားမွာ စိုးရိမ္ေနသလိုမ်ိဳး သစ္ေတာျပဳန္းတီးႏႈန္းကိုလည္း အရိပ္တၾကည့္ၾကည့္နဲ႔ စိုးရိမ္တတ္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ေနထိုင္ရာ အိမ္ႀကီးက ေနမေကာင္းျဖစ္ေနရင္ အိမ္သားအားလုံးလည္း ေနမေကာင္းျဖစ္ၾကမွာပါ။

(၁၁) အေမွာင္ၿပီးရင္ အလင္းလာသလိုပဲ အဆိုးေတြအားလုံးၿပီးရင္ အေကာင္းေတြ လာမွာပါ။ ဘဝသံသရာစက္ဝိုင္းႀကီးထဲမွာ ျဖတ္ေက်ာ္ရမယ့္ အဆင့္တစ္ခုပဲလို႔ ေတြးဆၿပီး ထိတ္လန႔္တုန္လႈပ္ေနစရာ မလိုပါဘူး။

(၁၂) ကို႐ိုနာေရာဂါပိုးကို အဖ်က္သမားတစ္ခုအျဖစ္ ျမင္ေနၾကေပမဲ့ ကြၽန္ေတာ္ကေတာ့ အမွားျပင္ဆင္ခြင့္ေပးတဲ့ အရာတစ္ခုလို႔ပဲ မွတ္ယူပါတယ္။ ကြၽန္ေတာ္တို႔ ေမ့ေလ်ာ့ေနတဲ့ အေရးႀကီးတဲ့ သင္ခန္းစာေတြကို အလင္းျပေပးလိုက္တာျဖစ္သလို ယူတတ္ျခင္း၊ မယူတတ္ျခင္းကေတာ့ ကြၽန္ေတာ္တို႔ အေပၚပဲ မူတည္ေနပါတယ္။

ကမာၻ႔သန္းႂကြယ္သူေဌးႀကီးရဲ႕ ဆင္ျခင္ႏိုင္စြမ္းရည္ကို သေဘာက်တယ္ဆိုရင္ေတာ့ Like and Share ေလးနဲ႔ ျဖန႔္ေဝေပးႏိုင္ပါတယ္။

Unicode

ကမ္ဘာကျော် သန်းကြွယ်သူဌေးကြီး ဘီလ်ဂိတ်က ကူးစက်မြန် အဆုတ်ရောင်ရောဂါပိုးကို တိုက်ဖျက်ဖို့အတွက် ပြီးခဲ့တဲ့လက စတာလင်ပေါင် (၈၅) သန်း လှူဒါန်းခဲ့ပါတယ်။ ကပ်ရောဂါပိုးက ဆိုးကျိုးတွေကို သယ်ဆောင်လာတယ်ဆိုပေမဲ့ ယူတတ်ရင် သင်ခန်းစာတွေရကြောင်းကိုလည်း ဘီလ်ဂိတ်က စာလေးတစ်စောင်ရေးပြီး ထင်မြင်ချက်ကို အားလုံးဆီမျှဝေခဲ့တာပါ။

ဘီလ်ဂိတ်ရဲ့ စာထဲမှာတော့ –

(၁) ဒီရောဂါပိုးက ကျွန်တော်တို့ကို သတိပေးနေတဲ့အရာက အယူဝါဒ၊ ယဉ်ကျေးမှု၊ ကြွယ်ဝချမ်းသာမှုနဲ့ ကျော်ကြားမှုတွေ ဘယ်လိုပင်ကွာကွာ လူသားအားလုံးက တန်းတူပါ။ ရောဂါပိုးက လူတန်းစားမခွဲခြားဘဲ အညီအမျှ သွားသလိုမျိုး ကျွန်တော်တို့ကလည်း လူလူချင်း တန်းတူဆက်ဆံရပါမယ်။ ကျွန်တော်ပြောတာ ဟုတ်၊ မဟုတ် သိချင်ရင်တော့ မင်းသားကြီး Tom Hanks ကိုသာ သွားမေးလိုက်ပါ။

(၂) နောက်ထပ်သတိပေးချက်ကတော့ ကျွန်တော်တို့ အချင်းချင်းမှာ ဆက်နွယ်မှုတွေ ရှိပါတယ်။ ဒါကြောင့် တစ်ယောက်မှာဖြစ်ပွားတဲ့ ရောဂါပိုးက အခြားသူတွေဆီမှာလည်း သက်ရောက်မှုသွားရှိပါတယ်။ နယ်နိမိတ်တွေ ဘယ်လိုပဲခြားနေပါစေ နိုင်ငံကူးလက်မှတ်မလိုတဲ့ ဗိုင်းရပ်စ်ကတော့ အလွယ်တကူ ဖြတ်ကျော်ဝင်ရောက်လာမှာပါ။

(၃) ကျန်းမာရေးက အရေးကြီးတယ်ဆိုပေမဲ့ ကျွန်တော်တို့အားလုံးကတော့ ပေါ့ပေါ့ဆဆနေထိုင်ရင်း အာဟာရဓာတ်နည်းပါးတဲ့ အသင့်စားအစားအစာတွေနဲ့ ဓာတုမှုန်တွေပါဝင်တဲ့ သောက်ရေတွေကိုပဲ သောက်သုံးနေခဲ့ကြပါတယ်။ ကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင်တော့ သေချာပေါက် နာမကျန်းဖြစ်မှာပါ။

(၄) လူ့ဘဝက တိုတောင်းတယ်ဆိုတာကို သတိပေးနေသလို ဘဝမှာ အရေးအကြီးဆုံးအရာက တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းမှုဆိုတာကို သဘောပေါက် နားလည်လာပါတယ်။

(၅) ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို ကောက်ကောက်ပါအောင်လိုက်ခဲ့ကြပေမဲ့ တကယ်တမ်း အခက်အခဲကြုံချိန်မှာ လိုအပ်တာတွေက အစားအစာ၊ ရေနဲ့ ဆေးဝါးဆိုတာကို ကောင်းကောင်းကြီး လက်ခံသွားပါတယ်။

(၆) အိမ်မှာနေပြီး အလုပ်လုပ်ကြတဲ့အခါ အိမ်တွင်းရေးက ဘယ်လောက်ထိ အရေးပါတယ် ဆိုတာနဲ့ ဘယ်အတိုင်းအတာထိ လျစ်လျူပြုခဲ့မိလဲ ဆိုတာကို ပေါ်လွင်စေပါတယ်။

(၇) စစ်မှန်တဲ့အလုပ်ဆိုတာက သူတစ်ပါးစေခိုင်းတာကို လုပ်နေတာထက်စာရင် ကိုယ်နိုင်ရာ ဝန်ကိုထမ်းပြီး အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်းပါပဲ။

(၈) အတ္တကို ဗဟိုပြုစရာ မလိုသလို ဘယ်လောက်ပဲကြီးကျယ်မြင့်မြတ်နေပါစေ ဗိုင်းရပ်စ်ကတော့ လူမရွေးဘဲ တိုက်ခိုက်ဖို့ အဆင်သင့်ပြင်နေပါတယ်။ တစ်ကိုယ်ကောင်းဆန်မလား တစ်ဦးပေါ်တစ်ဦးကူညီမလားဆိုတဲ့ ရွေးချယ်ခွင့်ကတော့ ကျွန်တော်တို့ လက်ထဲမှာရှိပါတယ်။

(၉) စိတ်ရှည်သည်းခံမလား၊ ထိတ်လန့်တုန်လှုပ်နေမလားဆိုတဲ့ ရွေးချယ်မှုနှစ်မျိုးက ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ အချိန်တန်ရင် ဒါတွေအားလုံးကို ရင်ဆိုင်ကျော်လွွှားသွားနိုင်မယ်ဆိုတာကို သေချာလက်ခံထားပြီး အကောင်းဆုံး ပြင်ဆင်ထားဖို့ လိုပါတယ်။

(၁၀) ကမ္ဘာကြီး နာမကျန်းဖြစ်နေပါပြီ။ ကုန်တိုက်တွေမှာ အိမ်သာသုံးစက္ကူလိပ်တွေ ကုန်သွားမှာ စိုးရိမ်နေသလိုမျိုး သစ်တောပြုန်းတီးနှုန်းကိုလည်း အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်တတ်ဖို့ လိုပါတယ်။ ကျွန်တော်တို့နေထိုင်ရာ အိမ်ကြီးက နေမကောင်းဖြစ်နေရင် အိမ်သားအားလုံးလည်း နေမကောင်းဖြစ်ကြမှာပါ။

(၁၁) အမှောင်ပြီးရင် အလင်းလာသလိုပဲ အဆိုးတွေအားလုံးပြီးရင် အကောင်းတွေ လာမှာပါ။ ဘဝသံသရာစက်ဝိုင်းကြီးထဲမှာ ဖြတ်ကျော်ရမယ့် အဆင့်တစ်ခုပဲလို့ တွေးဆပြီး ထိတ်လန့်တုန်လှုပ်နေစရာ မလိုပါဘူး။

(၁၂) ကိုရိုနာရောဂါပိုးကို အဖျက်သမားတစ်ခုအဖြစ် မြင်နေကြပေမဲ့ ကျွန်တော်ကတော့ အမှားပြင်ဆင်ခွင့်ပေးတဲ့ အရာတစ်ခုလို့ပဲ မှတ်ယူပါတယ်။ ကျွန်တော်တို့ မေ့လျော့နေတဲ့ အရေးကြီးတဲ့ သင်ခန်းစာတွေကို အလင်းပြပေးလိုက်တာဖြစ်သလို ယူတတ်ခြင်း၊ မယူတတ်ခြင်းကတော့ ကျွန်တော်တို့ အပေါ်ပဲ မူတည်နေပါတယ်။

ကမ္ဘာ့သန်းကြွယ်သူဌေးကြီးရဲ့ ဆင်ခြင်နိုင်စွမ်းရည်ကို သဘောကျတယ်ဆိုရင်တော့ Like and Share လေးနဲ့ ဖြန့်ဝေပေးနိုင်ပါတယ်။

Leave a Reply