ယုံနိုင်ဖွယ်ရာမရှိတဲ့ ကမ္ဘာ့အထူးဆန်းဆုံးတက္ကသိုလ်နဲ့ စာသင်ကျောင်းများ

0
68

ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ဒီတခေါက်ဖော်ပြပေးသွားမှာကတော့ ယုံနိုင်ဖွယ်ရာမရှိတဲ့ ကမ္ဘာ့အထူးဆန်းဆုံးတက္ကသိုလ်နဲ့ စာသင်ကျောင်းများ အကြောင်းပဲဖြစ်ပါတယ်။

Hamburger University

သိပ်ကို ထူးဆန်းတဲ့ တက္ကသိုလ်ဖြစ်ပြီးတော့ ဟမ်ဘာဂါအကြောင်းသီးသန့်သင်ကြားပေးခြင်းဖြစ်ပါတယ်။ဒါကို တည်ထောင်သူကတော့ Ray Kroc ဖြစ်ပြီးတော့ 1901 ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်လို့ ဒီတက္ကသိုလ်လဲ နှစ် 100 ကျော်နေပါပြီ။ဒီမှာတော့ McDonald ရဲ့ အရသာပိုင်းဆိုင်ရာ လျှို့ဝှက်ချက်တွေကို သင်ပေးတာဖြစ်ပြီးတော့ ဟမ်ဘာဂါကို အလွယ်ဆုံး ဘယ်လိုလုပ်ရတယ်ဆိုတာက အစ သင်ကြားပေးပါတယ်။

Maharishi School Of The Age Of Enlightenment

Maharishi ကျောင်းကတော့ ထူးဆန်းတာက အသက်အရွယ်မရွေးလက်ခံပါတယ်။စိတ်ပညာကိုသာ သင်ပေးပြီးတော့ ဥာဏ်အလင်းရအောင် သင်ကြားတဲ့ ကျောင်းဖြစ်ပါတယ်။ဒီကျောင်းဟာ ဥာဏ်ရည်တိုးတက်ဖို့ ဖန်တီးနိုင်စွမ်းများဖို့ကို သင်ကြားပေးပြီးတော့ ရှေးဟောင်းကျမ်းတွေကိုလည်း သင်ကြားပေးပါတယ်။

Forest Kindergarten

ဒါကတော့ တောတွင်းမှာ သင်ကြားပေးတဲ့ ကျောင်းဖြစ်ပြီး အသက် 3 နှစ်နဲ့ 6 နှစ်အရွယ်ကြားက ကလေးတွေကို သင်ပေးတာဖြစ်ပါတယ်။တကယ်တော့ ဒီကျောင်းဟာ ကျောင်းမရှိပဲ အပြင်တွေ လျှောက်သွားနေတာဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဖို့ သင်ကြားပေးတာဖြစ်ပါတယ်။

Burgess Hill School

ဒီကျောင်းက ယူကေမှာ ရှိတာဖြစ်ပြီးတော့ အသက် 16 နှစ်နဲ့ အထက်တွေကို တော်လှန်စိတ် အတွင်းသူပုန်စိတ်ကို မွေးမြူပေးတာဖြစ်ပါတယ်။လောကမှာ ရဲရင့်သူဖြစ်ဖို့ အတွေးအခေါ်တွေ ဖောက်ထွက်တတ်ဖို့ သင်ပေးပါတယ်။ကျောင်းဝန်းအတွင်း လွတ်လပ်စွာ နေထိုင်သလို စာသင်ခန်းကလည်း ရယ်မောပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။

Brooklyn Free School

Brooklyn Free School ကတော့ ကျောင်းစရိတ်မပေးရပါဘူး။ဒီမှာက ပြဿနာတွေကို ဖြေရှင်းနည်းတွေ လူမှု့ဆက်ဆံရေးတွေအကြောင်း သင်ကြားပေးပြီးတော့ လူတွေအတွက် အကောင်းဆုံး ပညာဖြစ်တဲ့ စကားအတတ်ပညာကို သင်ကြားပေးပါတယ်။ဒီမိုကရက်တစ်ဆန်တဲ့ ဆုံးဖြတ်ချက်ချတတ်ဖို့နဲ့ စာမေးပွဲမရှိတဲ့ ကျောင်းဖြစ်ပါတယ်။

Zhongdong Cave School

Zhongdong ဆိုတဲ့ ကျောင်းကတော့ ဂူထဲမှာရှိတာဖြစ်ပြီးတော့ ဒါဟာ တရုတ်ပြည်ရဲ့ ထူးခြားတဲ့ကျောင်းလို့ ဆိုနိုင်ပါတယ်။ပညာရေးအတွက် သက်တောင့်သက်သာရှိရေးကို အထူးဦးစားပေးပြီး ပညာကို သေချာသင်ကြားပေးပါတယ်။အားလပ်ချိန်လဲ အပြည့်အဝပေးသလို အစားအသောက်ကိုလဲ အလျှံအပယ်ကျွေးပါတယ်.။ပိုက်ဆံရှိမှ တက်နိုင်တဲ့ ကျောင်းဖြစ်ပြီးတော့ 1981 ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။

Tiny Tits School

ဒီကျောင်းကတော့ အထူးဆန်းဆုံးဖြစ်ပြီး အမျိုးသမီးကျောင်းဖြစ်ကာ ကျောင်းဝတ်စုံတွေကလည်း အတွင်းခံတွေဖြစ်ပါတယ်။လွတ်လပ်စွာနေထိုင်နိုင်ပြီးတော့ ကျောင်းပညာရေးပိုင်းမှာတော့ ထူးချွန်မှု မရှိရင်တက်မရတဲ့ ကျောင်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here