ယွန်းဝတီလွင်မိုးကို ဘောင်းဘီတိုမဝတ်ဖို့ချုပ်ချယ်လာတဲ့ ခင်ပွန်းဖြစ်သူ

0
90

ယွန်းဝတီလေးကတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေရဲ့အသည်းတုန်အူတုန်ချစ်ရသူလေးဖြစ်ပါတယ်။လွင်မိုးသမီးဖြစ်နေလို့ရယ်ဆိုတာထက် သူ့မျက်နှာလေးကိုက ချစ်ဖို့ကောင်းလွန်းနေလို့ဆိုရင်လည်းမမှားပါဘူး။အားလုံးသိကြတဲ့အတိုင်းပဲ ယွန်းဝတီလေးက သူမရဲ့ချစ်ဦးသူ ထက်ဦးလှိုင်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၄) ရက်နေ့က လက်ထပ်ပွဲကျင်းပခဲ့တာဖြစ်လို့ အခုဆိုရင် မင်္ဂလာသက်တမ်း တစ်နှစ်ပြည့်တော့မှာလည်းဖြစ်ပါတယ်။ သားဦးလေး လီယမ်(လွင်ထက်)လေးကိုတော့ သြဂုတ်လ (၇) ရက်နေ့ကမွေးဖွားခဲ့ပါတယ်။

ယွန်းဝတီလေးကတော့ မကြာသေးမီက ခင်ပွန်းဖြစ်သူနဲ့အတူ ဘန်ကောက်ကိုသွားလည်ခဲ့ပြီး ဘန်ကောက်မှာလျှောက်လည်လို့ အပျော်ကြီးပျော်ခဲ့ပုံပါပဲ။ သူမတို့ကြင်စဦးမောင်နှံရဲ့ပျော်ရွှင်စရာအချိန်လေးတွေကို Video လေးတွေတောက်လျှောက်ရိုက်ထားခဲ့ပြီး Travel Blog လေးကို Part 1 နဲ့ Part 2 ခွဲကာ Youtube မှာတင်ထားခဲ့ပြီး Part 3 ကိုတော့ မကြာခင်မှာဆက်လက်တင်ဆက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ယွန်းဝတီလေးရဲ့ Youtube Video တွေဟာ တင်ပြီးခဏလေးအတွင်းမှာကို ကြည့်ရှု့သူပေါင်း လေးသောင်းကျော်ရရှိသွားပြီး နေ့တိုင်းလိုလိုလည်း ကြည့်ရှု့သူအရေအတွက်တွေက ဒီရေအလားတိုးပွားနေတာလည်းဖြစ်ပါတယ်။

ယွန်းဝတီရဲ့ ပထမဆုံး video လေးထဲမှာ သူမက မိတ်ကပ်လိမ်းနေရင်းနဲ့ ရုတ်တရက်ချက်ချင်းဆိုင်းမဆင့်ဗုံမပါဆိုသလို ချစ်လှစွာသောခင်ပွန်းဖြစ်သူရဲ့ ချုပ်ချယ်ခြင်းကိုခံလိုက်ရတော့တာပါပဲ။ ခင်ပွန်းဖြစ်သူထက်ဦးလှိုင်က နဂိုလှပြီးသားမျက်နှာလေးကို မိတ်ကပ်တွေလိမ်းပြီး တအားကိုလှသွားတော့မယ့် ဇနီးချောလေးကိုကြည့်ရင်းကြည့်ရင်းသဝန်တိုလာဟန်တူပါတယ်။ ရုတ်တရက်နေရင်းထိုင်ရင်းနဲ့ “ဘောင်းဘီတိုတွေမဝတ်ရဘူးနော်”လို့ ပြောလိုက်ပါတယ်။ ယွန်းဝတီကလည်းရုတ်တရက်အံ့သြသွားပုံရပေမယ့် မိတ်ကပ်လိမ်းမပျက်ပဲ “ဘောင်းဘီတိုပဲပါတယ်”လို့ ချက်ချင်းပြန်ပြောလိုက်တာတွေ့ရပါတယ်။ ဒီတော့လည်း ယွန်းဝတီလေးကိုအမြဲတမ်းအလိုလိုက်ချစ်မြတ်နိုးမှန်းသိသာလှတဲ့ ခင်ပွန်းဖြစ်သူက ဘာမှဆက်မပြောရှာပါဘူး။ တကယ်တမ်းအပြင်ထွက်တဲ့အခါမှာလည်း ဘောင်းဘီတိုလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ ယွန်းဝတီလေးကို Video ထဲမှာမြင်ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ယွန်းဝတီတို့ ဇနီးမောင်နှံလေးကိုချစ်ကြလား။ ယွန်းဝတီလို ကိုယ့်ကိုအရမ်းချစ်အရမ်းသဝန်တိုပြီးအရမ်းဂရုစိုက်တဲ့ချစ်သူတစ်ယောက်ကိုရော ပိုင်ဆိုင်ထားရပြီလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say