ရာဇ၀တ္မႈ ေတြကုိ ကုိေျဖရွင္းႏုိင္ခဲ့တဲ့ ဆဲလ္ဖီးဓါတ္ပုံမ်ား

 

၁။ဆယ္ေက်ာ္သက္ေကာင္မေလးႏွစ္ေယာက္ဟာ လုယက္မႈတစ္ခုနဲ႔ပတ္သက္ျပီးသံသယတရားခံေတြအျဖစ္ဖမ္းဆီးခံခဲ႔ရပါတယ္။

ဘာလုိ႔အဲ႔ဒီလိုသံသယ၀င္ခံရလဲဆိုရင္ ထုိမိန္းကေလးႏွစ္ေယာက္ဟာ ဆြီဒင္ႏုိင္ငံ၊Halmstad ျမိဳ႕က ဘာဂါဆုိင္တစ္ဆုိင္ကုိ

လုယက္မႈမလုပ္ခင္ ဓားတစ္ေခ်ာင္းကုိင္ျပီးသိုးေမႊးေခါင္းစြပ္၀တ္ဆင္ကာမ်က္ႏွာဖံုးေတြနဲ႔ဆဲလ္ဖီတစ္ပံုရိုက္ခဲ႔လုိ႔ပါပဲ။ေဒသခံရဲစခန္းက

မိန္းကေလးေတြကုိေျခရာခံၾကည့္တဲ႔အခါမွာ သူတို႔အဘိုးအဘြားေတြရဲ ႔တိုက္ခန္းမွာေနထုိင္တာျဖစ္ျပီး ဓားနဲ႔သုိးေမႊးေခါင္းစြပ္ကုိ

ပါ ေတြ႔ရွိခဲ႔ပါတယ္။သူတုိ႔ရဲ ႔ဖုန္းေတြကုိ ရဲအရာရွိေတြစစ္ေဆးတဲ႔အခါမွာလည္း ဓားတစ္ေခ်ာင္းကိုင္ကာ ႏွစ္ေယာက္အတူရုိက္ခဲ႔တဲ့

ပံုကုိေတြ႔ခဲ႔ျပီးလုယက္မႈျဖစ္ခ်ိန္က က်ဴးလြန္ခဲ႔တဲ႔သူေတြနဲ႔တူေနမွန္းစစ္ေဆးေတြ႔ရွိခဲ႔ပါတယ္။မိန္းကေလးထဲကတစ္ေယာက္ဟာ အသက္

၁၇ႏွစ္သာရွိေသးျပီးေနာက္တစ္ေယာက္ကေတာ့ ဒီျပစ္မႈကုိက်ဴးလြန္ဖို႔လံုေလာက္တဲ႔အသက္အရြယ္ျဖစ္တယ္လို႔သိရပါတယ္။

၂။နာမည္ေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ႔ ရီဟားနားဟာ ၂၀၁၃ စက္တင္ဘာလတုန္းက ထုိင္းႏုိင္ငံ၊ဖူးခက္ကမ္းေျခမွာ

ကမာၻလွည့့္ေဖ်ာ္ေျဖမႈတစ္ခုလုပ္ရင္းအနားယူခဲ႔ပါတယ္။သူမဟာ Loris လို႔ေခၚတဲ႔အေကာင္ေလးတစ္ေကာင္နဲ႔ဓာတ္ပံုလည္းအတူတြဲ

ရုိက္ျပီးတြစ္စ္တာမွာတင္ခဲ့ပါတယ္။အဲ႔ဒီအေကာင္ေလးေတြကရွားပါးတာေၾကာင့္ကာကြယ္ထိန္းသိမ္းထားရတဲ႔မိ်ဳးစိတ္ေလးေတြပါ။

ေဒသခံရဲေတြက ရီဟားနားရဲ ႔ပံုကုိေတြ႔ကာ Loris ေလးေတြကုိ ခရီးသြားေတြနဲ႔ဓာတ္ပံုရုိက္ဖုိ႔ဘယ္သူယူလာေခၚထုတ္လာတာလဲ

ဆိုတာစံုစမ္းခဲ႔ပါတယ္။သက္ဆိုင္ရာက Loris ေလးႏွစ္ေကာင္ကုိ ေခၚလာတဲ႔အသက္ ၂၀အရြယ္ေကာင္ေလးနဲ႔၁၆ႏွစ္အရြယ္

ေကာင္ေလးကုိ ကာကြယ္ထိန္းသိမ္းထားတဲ႔တိရစာၦန္ေလးေတြလက္၀ယ္ေတြ႔ရွိမႈနဲ႔တရားစြဲဆိုခဲ႔ပါတယ္။အဲ႔ဒီျပစ္မႈဟာဆုိရင္

ေထာင္ဒဏ္ ၄ႏွစ္အထက္က်ခံရႏုိင္တယ္လို႔လည္းသိရပါတယ္။

၃။၂၀၁၃ခုႏွစ္၊စက္တင္ဘာလက အသက္ ၂၆ႏွစ္အရြယ္ Cocky Peter Cavanagh ဆိုတဲ႔ေကာင္ေလးကို မူးယစ္ေဆးသံုးစြဲမႈ

နဲ႔ဖမ္းဆီးခဲ႔တယ္လို႔သိရပါတယ္။သူအဖမ္းခံရတာကလည္း ေငြစကၠဴေတြကုိရႈရိွဳက္ေနတဲ႔ပံုကုိ ဓာတ္ပံုရိုက္ျပီးတင္ခဲ႔လို႔ပါပဲ။

သူဟာ လတိုင္းလိုလို ဘိန္းျဖဴနဲ႔ကုိကင္း ေဒၚလ ၅၀၀၀၀ ဖုိးေက်ာ္၀ယ္ယူကာလွည့္လည္ေရာင္းခ်ေနတဲ႔သူတစ္ေယာက္လည္း

ျဖစ္ပါတယ္။မူးယစ္ေဆးဂုိဏ္းေခါင္းေဆာင္ Michael Adegoke နဲ႔သူဟာ မူးယစ္ေဆးေတြကုိ အေနာက္ႏုိင္ငံကုိသယ္ေဆာင္

သြားျပီးလန္ဒန္ျမိဳ႔ကုိအျမတ္အစြန္းမ်ားစြာနဲ႔ျပန္လာခဲ႔တာပါ။မူးယစ္ေဆးေၾကာင့္ထုံထုိင္းေနတဲ႔Cavanagh ဟာ ျမိဳ႔ကုိရထားစီး

ျပီးျပန္လာတုန္း ရရွိလာတဲ႔ေငြေၾကးေတြကုိ ရႈရွိဳက္ေနတဲ႔ပံုကုိဓာတ္ပံုရုိက္ခဲ႔တာျဖစ္ပါတယ္။ကံမေကာင္းစြာနဲ႔ပဲ

မူးယစ္ေဆး၀ယ္ယူထားတဲ႔အမ်ိဳးသမီးနွစ္ေယာက္ဟာ ရွာေဖြစစ္ေဆးခံရျပီးသူတို႔ဆီကေနတစ္ဆင့္ မူးယစ္ေဆးေခါင္းေဆာင္နဲ႔

Cavanagh  တို႔ကုိေျခရာခံမိခဲ႔တာျဖစ္ပါတယ္။ဖုန္းထဲမွာ သက္ေသခံဓာတ္ပံုေတြကုိလည္းေတြ႔ရွိခဲ႔တယ္လို႔သိရပါတယ္။

၄။ေထာင္ထဲမွာမုိဘုိင္းဖုန္းေတြသံုးစြဲခြင့္၊ယူခြင့္မရွိပါဘူး။ဒါေပမဲ႔ ေထာင္သားႏွစ္ေယာက္ဟာ သူတို႔ေထာင္က်ေနတဲ႔ပံုစံကုိ

ေဖ့ဘြတ္ခ္မွာတင္ခဲ႔ျပီးေနာက္ ရဲေတြရဲ ႔စစ္ေဆးမႈကုိခံယူခဲ႔ရပါတယ္။ပံုထဲမွာက သူတို႔ဟာ ေထာင္က်ေနေပမဲ႔ အခန္းက်ဥ္းထဲမွာ

တီဗီ၊ေရခဲေသတၱာ၊ေဆာင္းေဘာက္စ္၊သေရစာမုန္႔၊အမ်ိဳးသမီးေတြရဲ ႔ပုိစတာရုပ္ပံုေတြနဲ႔သာယာေနတာကုိတင္ခဲ႔တာျဖစ္ျပီး

ရဲေတြသိရွိသြားတဲ႔အခါမွာေတာ့ အကုန္အသိမ္းခံခဲ႔ရျပီး အက်ဥ္းသား၀တ္စံုကုိ၀တ္ဆင္ခဲ႔ရပါတယ္။အဲ႔ဒါအျပင္ ပုိျပီးျပင္းထန္တဲ႔

ေထာင္ဒဏ္ခံရႏုိင္ပါတယ္။၂၀၀၉ခုႏွစ္ဇူလိုင္ကေန ၂၀၁၁ ဇြန္လၾကားထဲမွာလည္း လူသတ္သမားေတြအပါအ၀င္

အက်ဥ္းသား ၃၄၂ေယာက္ဟာ အက်ဥ္းခန္းေသာ့ပိတ္ထားတုန္းက ဆိုရွယ္မီဒီယာကုိအသံုးျပဳတာကုိေတြ႔ရွိဖမ္းမိခဲ႔ေသးတယ္လို႔

သိရပါတယ္။

၅။Aaron Hernandez ဆိုသူဟာ ေဘာ္စတြန္ျမိဳ႔ကေဘာလံုးကစားသမားတစ္ေယာက္ျဖစ္တဲ႔ Odin Lloyd ကုိသတ္မႈနဲ႔သံသယအ၀င္ခံရျပီး

အဖမ္းခံခဲ႔ရတယ္လုိ႔သိရပါတယ္။Aaron Hernandez ဟာ လက္ထဲမွာေသနတ္ကုိင္ထားျပီးမွန္ေရွ႔မွာဓာတ္ပံုရုိက္ခဲ႔ရာမွ

အဲ႔ဒီပံုဟာတြစ္စ္တာမွာပ်ံ႔ႏွံ႔သြားခဲ႔တာျဖစ္ပါတယ္။အဲ႔ဒီေနာက္မွာေတာ့သူဟာ ေဘာလံုးကစားသမားနဲ႔ျပႆနာအနည္းငယ္

ရွိခဲ႔တာကုိစံုစမ္းသိခဲ့ပါတယ္။Aaron Hernandez ဟာ ထုိေဘာလံုးသမားနဲ႔သူငယ္ခ်င္းေတြျဖစ္ခဲ႔ပါေသးတယ္။ေနာက္ပုိင္းမွာ

ျပႆနာေတြရွိခဲ႔ျပီး Aaron Hernandez အိမ္ရဲ ႔တစ္မုိင္အကြာပန္းျခံထဲမွာ Odin Lloyd ရဲ ႔အေလာင္းကုိေတြ႔ရွိခဲ႔တာျဖစ္ပါတယ္။

အသက္ ၂၃ႏွစ္အရြယ္ Hernandezဟာေသနတ္ကုိင္ျပီးဆဲလ္ဖီရုိက္တာေၾကာင့္လုိင္စင္မပါပဲ ေသနတ္ကုိင္ေဆာင္မႈ၊ထုထည္အားျပင္း

တဲ႔ေသနတ္ပုိင္ဆုိင္ထားမႈစတဲ႔ အမႈႏွစ္ခုနဲ႔တရားစြဲဆုိခဲ႔တယ္လို႔သိရပါတယ္။

၆။ယူအက္စ္ျပည္နယ္တစ္ခုမွာေနထုိင္ျပီးေလာ့အိန္ဂ်လိစ္မွာ Ritz Carlton condominium တစ္ခုကုိလည္းပုိင္ဆုိင္သူျဖစ္တဲ႔

Napoles ဆိုသူအမ်ိဳးသမီးဟာ ဖိလစ္ပုိင္မွာရွိတဲ႔အိမ္ကိုလည္း ေဒၚလာ ၃၃၉၀၀၀ က်ပ္နဲ႔ေရာင္းခ်ဖို႔ၾကိဳးစားေနတဲ႔ ခ်မ္းသာၾကြယ္၀

သူတစ္ေယာက္ျဖစ္ပါတယ္။သူမဟာ သူမရဲ႔ေနထုိင္မႈပံုစံေတြကုိလည္းမၾကာခဏဆိုသလုိ အြန္လိုင္းမွာဓာတ္ပံုေတြတင္ေလ့

ရွိပါတယ္။သူမရဲ ႔အဆင့္အတန္းျမင့္စြာေနထုိင္မႈပံုစံေတြက လူၾကားထဲမွာပ်ံ႔ႏွံ႔ေနခဲ႔တဲ႔အတြက္သူမရဲ ႔အေမျဖစ္သူ  Janet

ဟာ ေဒၚလာသန္း ၂၃၀နီးပါးအလြဲသံုးစားလုပ္ထားတယ္ဆိုတဲ႔မသကၤာမႈနဲ႔တရားရင္ဆုိင္ေနရပါတယ္။သမီးျဖစ္သူဟာ

ေရခ်ိဳးကန္ထဲမွာေတာင္ပုိက္ဆံေတြထည့္ျပီးခ်ိဳးေနတဲ႔ဓာတ္ပံုေတြကုိတင္ခဲ႔တာေၾကာင့္ပုိျပီးသံသယျဖစ္စရာျဖစ္သြားေပမဲ႔

တစ္ခိ်ဳ႔ကေတာ့ အဲ႔ဒီပံုေတြဟာ အြန္လိုင္းမွာနဂိုရွိျပီးသား ပံုေတြျဖစ္တယ္လို႔အခိုင္အမာေျပာခဲ႔ၾကပါတယ္။

၇။ Louisiana ျပည္နယ္ ၊Palm Beach County Sheriff’s Office မွာရွိတဲ႔တာ၀န္ရွိသူေတြဟာ iPad ေပ်ာက္ဆံုးသြားလို႔

ခိုးသြားတဲ႔သူကုိရွာေဖြေနျပီးမၾကာခင္မွာပဲ ပံုထဲမွာျပထားတဲ႔အမ်ိဳးသမီးဟာ Boca Raton ျမိဳ႔က ပနး္ျခံတစ္ခုမွာ ကားတစ္စီးထဲ

ခုိး၀င္ခဲ႔ျပီးသိပ္မၾကာခင္ရက္မွာသူမခိုးယူခဲ႔တဲ႔ iPad နဲ႔ဓာတ္ပံုအနည္းငယ္ရုိက္ခဲ႔ပါတယ္။ပန္းျခံထဲမွာ iPad ခုိးခံလိုက္ရတဲ႔အမ်ိဳးသမီး

ကသူမရဲ ႔ကေလးေတြနဲ႔ေဆာ့ကစားေနတုန္း ပံုထဲကအမ်ိဳးသမီးက ခိုးယူခဲ႔တာပဲျဖစ္ပါတယ္။သူမရဲ ႔ဓာတ္ပံုေတြတက္လာျပီး

ေနာက္ပုိင္း တျခားမိဘေတြကလည္းသူတို႔ရဲ ႔ကားေတြေဖာက္ထြင္းခံရတဲ႔အေၾကာင္းတုိင္ၾကားခဲ႔တဲ႔အတြက္ လုိက္ရွာစံုစမ္းခဲ႔ၾကပါတယ္။

iPad ေပ်ာက္ဆံုးသူအမ်ိဳးသမီးကလည္း သူမရဲ ႔ပစၥည္းနဲ႔ပတ္သက္တဲ႔သတင္းမွန္သမ်ွကုိေျပာျပတဲ႔လူတိုင္းကုိ ေငြေၾကးနဲ႔

ကမ္းလွမ္းအကူအညီေတာင္းခဲ႔တယ္လုိ႔သိရပါတယ္။

၈။အသက္ ၁၉ႏွစ္အရြယ္ Albert Wilson ဆိုတဲ႔ေကာင္ေလးဟာ အသက္ ၁၆ႏွစ္အရြယ္ေကာင္ေလးရဲ ႔ဆမ္ေဆာင္းဂလက္စ္ဆီ

စမတ္ဖုန္းကုိ ခိုးယူခဲ့ပါတယ္။သူနဲ႔အတူ တျခားသူငယ္ခ်င္းေတြကလည္း ၾကံရာပါလုယက္ခဲ႔တာျဖစ္ပါတယ္။လုယက္ျပီးမၾကာခင္

မွာပဲ Albert Wilson ဟာ ဆဲလ္ဖီပံုရုိက္ခဲ႔ပါတယ္။ဒါေပမဲ႔သူက အဲ႔ဒီဖုန္းဟာ ဓာတ္ပံုေတြကုိပုိင္ရွင္ရဲ ႔အီးေမးလ္ကိုအလိုအေလ်ာက္

ပုိ႔တယ္ဆိုတာ မသိခဲ႔ပါဘူး။ဖုန္းအခိုးခံလုိက္ရတဲ႔ေကာင္ေလးကသူ႔အီးေမးလ္ဆီေရာက္လာတဲ႔လုယက္သူရဲ႔ဓာတ္ပံုကုိရဲစခန္းမွာ

ျပသတိုင္ၾကားခဲ႔ပါတယ္။ေနာက္ဆံုးမွာေတာ့ Albert Wilson ကိုဖမ္းမိခဲ႔ျပီးခုိးမႈ အျပင္ မူးယစ္ေဆးသံုးစြဲထားတယ္လို႔သံသယ၀င္ခံ

ရျပီး အမႈနွစ္ခုနဲ႔တရားစဲြဆိုခံခဲ႔ရပါတယ္။

၉။ဓားျပေလးေယာက္ဟာ Kent ျပည္နယ္နဲ႔ Sussex ျပည္နယ္တို႔ကဆုိင္ေတြမွာ ပုိက္ဆံေတြ၊စီးကရက္ေတြ၊ဖဲထုပ္ေတြကုိ

လုယူအၾကမ္းဖက္ခဲ႔ပါတယ္။ဒါေပမဲ႔သူတုိ႔ရဲ ႔ဓားျပမႈက မပိရိခဲ႔ပါဘူး။ေသနတ္ကုိင္ဓားျပတစ္ေယာက္ဟာ ေသနတ္ကုိင္ထားတဲ႔ပံုတစ္ပံု

နဲ႔ ညအိပ္၀တ္စံု၀တ္ထားတဲ႔ပံုတစ္ပံုကုိအြန္လိုင္းမွာတင္ခဲ႔ပါတယ္။အဲ႔ဒီညအိပ္၀တ္စံုဟာ ဓားျပတုိက္ခံရတဲ႔အိမ္က ညအိပ္၀တ္စံု

ျဖစ္ေနခဲ႔ပါတယ္။အဲ႔ဒီေနာက္ရဲေတြကစံုစမ္းစစ္ေဆးခဲ႔ရာမွ သူတုိ႔အေၾကာင္းကုိသိျပီးေနာက္ဆံုးမွာ ဖမ္းဆီးမိခဲ႔တယ္လုိ႔သိရပါတယ္။

Unicode

ရာဇဝတ်မှု တွေကို ကိုဖြေရှင်းနိုင်ခဲ့တဲ့ ဆဲလ်ဖီးဓါတ်ပုံများ

၁။ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ဟာ လုယက်မှုတစ်ခုနဲ့ပတ်သက်ပြီးသံသယတရားခံတွေအဖြစ်ဖမ်းဆီးခံခဲ့ရပါတယ်။

ဘာလို့အဲ့ဒီလိုသံသယဝင်ခံရလဲဆိုရင် ထိုမိန်းကလေးနှစ်ယောက်ဟာ ဆွီဒင်နိုင်ငံ၊Halmstad မြို့က ဘာဂါဆိုင်တစ်ဆိုင်ကို

လုယက်မှုမလုပ်ခင် ဓားတစ်ချောင်းကိုင်ပြီးသိုးမွှေးခေါင်းစွပ်ဝတ်ဆင်ကာမျက်နှာဖုံးတွေနဲ့ဆဲလ်ဖီတစ်ပုံရိုက်ခဲ့လို့ပါပဲ။ဒေသခံရဲစခန်းက

မိန်းကလေးတွေကိုခြေရာခံကြည့်တဲ့အခါမှာ သူတို့အဘိုးအဘွားတွေရဲ ့တိုက်ခန်းမှာနေထိုင်တာဖြစ်ပြီး ဓားနဲ့သိုးမွှေးခေါင်းစွပ်ကို

ပါ တွေ့ရှိခဲ့ပါတယ်။သူတို့ရဲ ့ဖုန်းတွေကို ရဲအရာရှိတွေစစ်ဆေးတဲ့အခါမှာလည်း ဓားတစ်ချောင်းကိုင်ကာ နှစ်ယောက်အတူရိုက်ခဲ့တဲ့

ပုံကိုတွေ့ခဲ့ပြီးလုယက်မှုဖြစ်ချိန်က ကျူးလွန်ခဲ့တဲ့သူတွေနဲ့တူနေမှန်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။မိန်းကလေးထဲကတစ်ယောက်ဟာ အသက်

၁၇နှစ်သာရှိသေးပြီးနောက်တစ်ယောက်ကတော့ ဒီပြစ်မှုကိုကျူးလွန်ဖို့လုံလောက်တဲ့အသက်အရွယ်ဖြစ်တယ်လို့သိရပါတယ်။

၂။နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ရီဟားနားဟာ ၂၀၁၃ စက်တင်ဘာလတုန်းက ထိုင်းနိုင်ငံ၊ဖူးခက်ကမ်းခြေမှာ

ကမ္ဘာလှည့့်ဖျော်ဖြေမှုတစ်ခုလုပ်ရင်းအနားယူခဲ့ပါတယ်။သူမဟာ Loris လို့ခေါ်တဲ့အကောင်လေးတစ်ကောင်နဲ့ဓာတ်ပုံလည်းအတူတွဲ

ရိုက်ပြီးတွစ်စ်တာမှာတင်ခဲ့ပါတယ်။အဲ့ဒီအကောင်လေးတွေကရှားပါးတာကြောင့်ကာကွယ်ထိန်းသိမ်းထားရတဲ့မျိုးစိတ်လေးတွေပါ။

ဒေသခံရဲတွေက ရီဟားနားရဲ ့ပုံကိုတွေ့ကာ Loris လေးတွေကို ခရီးသွားတွေနဲ့ဓာတ်ပုံရိုက်ဖို့ဘယ်သူယူလာခေါ်ထုတ်လာတာလဲ

ဆိုတာစုံစမ်းခဲ့ပါတယ်။သက်ဆိုင်ရာက Loris လေးနှစ်ကောင်ကို ခေါ်လာတဲ့အသက် ၂၀အရွယ်ကောင်လေးနဲ့၁၆နှစ်အရွယ်

ကောင်လေးကို ကာကွယ်ထိန်းသိမ်းထားတဲ့တိရစ္ဆာန်လေးတွေလက်ဝယ်တွေ့ရှိမှုနဲ့တရားစွဲဆိုခဲ့ပါတယ်။အဲ့ဒီပြစ်မှုဟာဆိုရင်

ထောင်ဒဏ် ၄နှစ်အထက်ကျခံရနိုင်တယ်လို့လည်းသိရပါတယ်။

၃။၂၀၁၃ခုနှစ်၊စက်တင်ဘာလက အသက် ၂၆နှစ်အရွယ် Cocky Peter Cavanagh ဆိုတဲ့ကောင်လေးကို မူးယစ်ဆေးသုံးစွဲမှု

နဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။သူအဖမ်းခံရတာကလည်း ငွေစက္ကူတွေကိုရှုရှိုက်နေတဲ့ပုံကို ဓာတ်ပုံရိုက်ပြီးတင်ခဲ့လို့ပါပဲ။

သူဟာ လတိုင်းလိုလို ဘိန်းဖြူနဲ့ကိုကင်း ဒေါ်လ ၅၀၀၀၀ ဖိုးကျော်ဝယ်ယူကာလှည့်လည်ရောင်းချနေတဲ့သူတစ်ယောက်လည်း

ဖြစ်ပါတယ်။မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် Michael Adegoke နဲ့သူဟာ မူးယစ်ဆေးတွေကို အနောက်နိုင်ငံကိုသယ်ဆောင်

သွားပြီးလန်ဒန်မြို့ကိုအမြတ်အစွန်းများစွာနဲ့ပြန်လာခဲ့တာပါ။မူးယစ်ဆေးကြောင့်ထုံထိုင်းနေတဲ့Cavanagh ဟာ မြို့ကိုရထားစီး

ပြီးပြန်လာတုန်း ရရှိလာတဲ့ငွေကြေးတွေကို ရှုရှိုက်နေတဲ့ပုံကိုဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲ

မူးယစ်ဆေးဝယ်ယူထားတဲ့အမျိုးသမီးနှစ်ယောက်ဟာ ရှာဖွေစစ်ဆေးခံရပြီးသူတို့ဆီကနေတစ်ဆင့် မူးယစ်ဆေးခေါင်းဆောင်နဲ့

Cavanagh  တို့ကိုခြေရာခံမိခဲ့တာဖြစ်ပါတယ်။ဖုန်းထဲမှာ သက်သေခံဓာတ်ပုံတွေကိုလည်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

၄။ထောင်ထဲမှာမိုဘိုင်းဖုန်းတွေသုံးစွဲခွင့်၊ယူခွင့်မရှိပါဘူး။ဒါပေမဲ့ ထောင်သားနှစ်ယောက်ဟာ သူတို့ထောင်ကျနေတဲ့ပုံစံကို

ဖေ့ဘွတ်ခ်မှာတင်ခဲ့ပြီးနောက် ရဲတွေရဲ ့စစ်ဆေးမှုကိုခံယူခဲ့ရပါတယ်။ပုံထဲမှာက သူတို့ဟာ ထောင်ကျနေပေမဲ့ အခန်းကျဉ်းထဲမှာ

တီဗီ၊ရေခဲသေတ္တာ၊ဆောင်းဘောက်စ်၊သရေစာမုန့်၊အမျိုးသမီးတွေရဲ ့ပိုစတာရုပ်ပုံတွေနဲ့သာယာနေတာကိုတင်ခဲ့တာဖြစ်ပြီး

ရဲတွေသိရှိသွားတဲ့အခါမှာတော့ အကုန်အသိမ်းခံခဲ့ရပြီး အကျဉ်းသားဝတ်စုံကို၀တ်ဆင်ခဲ့ရပါတယ်။အဲ့ဒါအပြင် ပိုပြီးပြင်းထန်တဲ့

ထောင်ဒဏ်ခံရနိုင်ပါတယ်။၂၀၀၉ခုနှစ်ဇူလိုင်ကနေ ၂၀၁၁ ဇွန်လကြားထဲမှာလည်း လူသတ်သမားတွေအပါအဝင်

အကျဉ်းသား ၃၄၂ယောက်ဟာ အကျဉ်းခန်းသော့ပိတ်ထားတုန်းက ဆိုရှယ်မီဒီယာကိုအသုံးပြုတာကိုတွေ့ရှိဖမ်းမိခဲ့သေးတယ်လို့

သိရပါတယ်။

၅။Aaron Hernandez ဆိုသူဟာ ဘော်စတွန်မြို့ကဘောလုံးကစားသမားတစ်ယောက်ဖြစ်တဲ့ Odin Lloyd ကိုသတ်မှုနဲ့သံသယအဝင်ခံရပြီး

အဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။Aaron Hernandez ဟာ လက်ထဲမှာသေနတ်ကိုင်ထားပြီးမှန်ရှေ့မှာဓာတ်ပုံရိုက်ခဲ့ရာမှ

အဲ့ဒီပုံဟာတွစ်စ်တာမှာပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာ ဘောလုံးကစားသမားနဲ့ပြဿနာအနည်းငယ်

ရှိခဲ့တာကိုစုံစမ်းသိခဲ့ပါတယ်။Aaron Hernandez ဟာ ထိုဘောလုံးသမားနဲ့သူငယ်ချင်းတွေဖြစ်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာ

ပြဿနာတွေရှိခဲ့ပြီး Aaron Hernandez အိမ်ရဲ ့တစ်မိုင်အကွာပန်းခြံထဲမှာ Odin Lloyd ရဲ ့အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၂၃နှစ်အရွယ် Hernandezဟာသေနတ်ကိုင်ပြီးဆဲလ်ဖီရိုက်တာကြောင့်လိုင်စင်မပါပဲ သေနတ်ကိုင်ဆောင်မှု၊ထုထည်အားပြင်း

တဲ့သေနတ်ပိုင်ဆိုင်ထားမှုစတဲ့ အမှုနှစ်ခုနဲ့တရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။

၆။ယူအက်စ်ပြည်နယ်တစ်ခုမှာနေထိုင်ပြီးလော့အိန်ဂျလိစ်မှာ Ritz Carlton condominium တစ်ခုကိုလည်းပိုင်ဆိုင်သူဖြစ်တဲ့

Napoles ဆိုသူအမျိုးသမီးဟာ ဖိလစ်ပိုင်မှာရှိတဲ့အိမ်ကိုလည်း ဒေါ်လာ ၃၃၉၀၀၀ ကျပ်နဲ့ရောင်းချဖို့ကြိုးစားနေတဲ့ ချမ်းသာကြွယ်ဝ

သူတစ်ယောက်ဖြစ်ပါတယ်။သူမဟာ သူမရဲ့နေထိုင်မှုပုံစံတွေကိုလည်းမကြာခဏဆိုသလို အွန်လိုင်းမှာဓာတ်ပုံတွေတင်လေ့

ရှိပါတယ်။သူမရဲ ့အဆင့်အတန်းမြင့်စွာနေထိုင်မှုပုံစံတွေက လူကြားထဲမှာပျံ့နှံ့နေခဲ့တဲ့အတွက်သူမရဲ ့အမေဖြစ်သူ  Janet

ဟာ ဒေါ်လာသန်း ၂၃၀နီးပါးအလွဲသုံးစားလုပ်ထားတယ်ဆိုတဲ့မသင်္ကာမှုနဲ့တရားရင်ဆိုင်နေရပါတယ်။သမီးဖြစ်သူဟာ

ရေချိုးကန်ထဲမှာတောင်ပိုက်ဆံတွေထည့်ပြီးချိုးနေတဲ့ဓာတ်ပုံတွေကိုတင်ခဲ့တာကြောင့်ပိုပြီးသံသယဖြစ်စရာဖြစ်သွားပေမဲ့

တစ်ချို့ကတော့ အဲ့ဒီပုံတွေဟာ အွန်လိုင်းမှာနဂိုရှိပြီးသား ပုံတွေဖြစ်တယ်လို့အခိုင်အမာပြောခဲ့ကြပါတယ်။

၇။ Louisiana ပြည်နယ် ၊Palm Beach County Sheriff’s Office မှာရှိတဲ့တာဝန်ရှိသူတွေဟာ iPad ပျောက်ဆုံးသွားလို့

ခိုးသွားတဲ့သူကိုရှာဖွေနေပြီးမကြာခင်မှာပဲ ပုံထဲမှာပြထားတဲ့အမျိုးသမီးဟာ Boca Raton မြို့က ပနး်ခြံတစ်ခုမှာ ကားတစ်စီးထဲ

ခိုးဝင်ခဲ့ပြီးသိပ်မကြာခင်ရက်မှာသူမခိုးယူခဲ့တဲ့ iPad နဲ့ဓာတ်ပုံအနည်းငယ်ရိုက်ခဲ့ပါတယ်။ပန်းခြံထဲမှာ iPad ခိုးခံလိုက်ရတဲ့အမျိုးသမီး

ကသူမရဲ ့ကလေးတွေနဲ့ဆော့ကစားနေတုန်း ပုံထဲကအမျိုးသမီးက ခိုးယူခဲ့တာပဲဖြစ်ပါတယ်။သူမရဲ ့ဓာတ်ပုံတွေတက်လာပြီး

နောက်ပိုင်း တခြားမိဘတွေကလည်းသူတို့ရဲ ့ကားတွေဖောက်ထွင်းခံရတဲ့အကြောင်းတိုင်ကြားခဲ့တဲ့အတွက် လိုက်ရှာစုံစမ်းခဲ့ကြပါတယ်။

iPad ပျောက်ဆုံးသူအမျိုးသမီးကလည်း သူမရဲ ့ပစ္စည်းနဲ့ပတ်သက်တဲ့သတင်းမှန်သမျှကိုပြောပြတဲ့လူတိုင်းကို ငွေကြေးနဲ့

ကမ်းလှမ်းအကူအညီတောင်းခဲ့တယ်လို့သိရပါတယ်။

၈။အသက် ၁၉နှစ်အရွယ် Albert Wilson ဆိုတဲ့ကောင်လေးဟာ အသက် ၁၆နှစ်အရွယ်ကောင်လေးရဲ ့ဆမ်ဆောင်းဂလက်စ်ဆီ

စမတ်ဖုန်းကို ခိုးယူခဲ့ပါတယ်။သူနဲ့အတူ တခြားသူငယ်ချင်းတွေကလည်း ကြံရာပါလုယက်ခဲ့တာဖြစ်ပါတယ်။လုယက်ပြီးမကြာခင်

မှာပဲ Albert Wilson ဟာ ဆဲလ်ဖီပုံရိုက်ခဲ့ပါတယ်။ဒါပေမဲ့သူက အဲ့ဒီဖုန်းဟာ ဓာတ်ပုံတွေကိုပိုင်ရှင်ရဲ ့အီးမေးလ်ကိုအလိုအလျောက်

ပို့တယ်ဆိုတာ မသိခဲ့ပါဘူး။ဖုန်းအခိုးခံလိုက်ရတဲ့ကောင်လေးကသူ့အီးမေးလ်ဆီရောက်လာတဲ့လုယက်သူရဲ့ဓာတ်ပုံကိုရဲစခန်းမှာ

ပြသတိုင်ကြားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Albert Wilson ကိုဖမ်းမိခဲ့ပြီးခိုးမှု အပြင် မူးယစ်ဆေးသုံးစွဲထားတယ်လို့သံသယဝင်ခံ

ရပြီး အမှုနှစ်ခုနဲ့တရားစွဲဆိုခံခဲ့ရပါတယ်။

၉။ဓားပြလေးယောက်ဟာ Kent ပြည်နယ်နဲ့ Sussex ပြည်နယ်တို့ကဆိုင်တွေမှာ ပိုက်ဆံတွေ၊စီးကရက်တွေ၊ဖဲထုပ်တွေကို

လုယူအကြမ်းဖက်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ ့ဓားပြမှုက မပိရိခဲ့ပါဘူး။သေနတ်ကိုင်ဓားပြတစ်ယောက်ဟာ သေနတ်ကိုင်ထားတဲ့ပုံတစ်ပုံ

နဲ့ ညအိပ်ဝတ်စုံဝတ်ထားတဲ့ပုံတစ်ပုံကိုအွန်လိုင်းမှာတင်ခဲ့ပါတယ်။အဲ့ဒီညအိပ်ဝတ်စုံဟာ ဓားပြတိုက်ခံရတဲ့အိမ်က ညအိပ်ဝတ်စုံ

ဖြစ်နေခဲ့ပါတယ်။အဲ့ဒီနောက်ရဲတွေကစုံစမ်းစစ်ဆေးခဲ့ရာမှ သူတို့အကြောင်းကိုသိပြီးနောက်ဆုံးမှာ ဖမ်းဆီးမိခဲ့တယ်လို့သိရပါတယ်။