ရာသီဥတုပူေႏြးလာမႈေၾကာင့္ အနာဂါတ္မွာေပ်ာက္ကြယ္သြားႏုိင္တဲ့ ဌက္ေပ်ာသီး

သုေတသနပညာရွင္ေတြဟာ ၿပီးခဲ့တဲ့ဆယ္စုႏွစ္ေတြမွာ ကမာၻ႕ရာသီဥတုပူေႏြးလာျခင္းေၾကာင့္ ဌက္ေပ်ာ အဓိကထုတ္လုပ္တဲ့ ႏုိင္ငံေပါင္း ၂၇ ႏုိင္ငံမွာ ဘာေျပာင္းလဲမႈေတြရွိခဲ့လဲလုိ႔ ေလ့လာခဲ့ၾကပါတယ္။ ၁၉၆၁ ခုႏွစ္မွာ ကမာၻ႕အပူခ်ိန္စတင္ျမင့္တက္လာတဲ့အခ်ိန္ကစၿပီး အပူပုိင္းေဒသအသီးအႏွံျဖစ္တဲ့ ဌက္ေပ်ာသီးေတြရဲ႕ ထြက္ရွိမႈႏႈန္းတုိးတက္လာခဲ့တာကို ေတြ႕ရေပမယ့္ ဒီတုိင္းသာ အပူခ်ိန္ဆက္ျမင့္ေနမယ္ဆုိရင္ေတာ့ ၂၀၅၀ ခုႏွစ္မွာ ဌက္ေပ်ာပင္ေတြလည္း အႀကီးအက်ယ္ေပ်ာက္ကြယ္သြားမယ္လို႔ သူတုိ႔က တြက္ခ်က္ႏုိင္ခဲ့ပါတယ္။

ေျပာခ်င္လြန္းလုိ႔တုိ႔ရဲ႕ ႏုိင္ငံမွာ သိပ္မထူးျခားဘဲ ျမင္ရေလ့ရွိတဲ့ ဌက္ေပ်ာဟာ အေနာက္ႏုိင္ငံေတြမွာေတာ့ ပိုၿပီးေတြ႕ရခဲပါတယ္။ ဌက္ေပ်ာကို ဒီႏုိင္ငံမွာ အဓိကအာဟာရအျဖစ္ စားသုံးေလ့သိပ္မရွိေပမယ့္ ႏုိင္ငံတကာမွာေတာ့ သန္းနဲ႔ခ်ီၿပီး စားသုံးၾကသလို အစာအာဟာရအျဖစ္သာမက ပုိ႔ကုန္ဝင္ေငြအျဖစ္ပါ ထုတ္လုပ္ၾကတာပါ။



ၿဗိတိန္ႏုိင္ငံတစ္ခုတည္းမွာတင္ ႏွစ္စဥ္ ဌက္ေပ်ာသီးလုံးေရ သန္းငါးေထာင္ေက်ာ္ တင္ပို႔စားသုံးေနၿပီး ဒါဟာ ကမာၻ႕ဌက္ေပ်ာေစ်းကြက္ရဲ႕ ၇% မွ်သာရွိေသးတဲ့ ပမာဏဆုိရင္ အ့ံၾသသြားမယ္ထင္ပါတယ္။ဇီဝသိပၸံပညာရွင္ႏွစ္ဦးျဖစ္တဲ့ Varun Varm နဲ႔ Dan Bebber တုိ႔ဟာ ကမာၻ႕ဦးေဆာင္ဌက္ေပ်ာတင္ပို႔သူ ႏုိင္ငံေတြကို ၿပီးခဲ့တဲ့ဆယ္စုႏွစ္ေတြအတြင္း ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ဘယ္လိုသက္ေရာက္လဲဆုိတာနဲ႔ ပတ္သက္ၿပီး ေလ့လာခဲ့ပါတယ္။ သူတုိ႔ဟာ ကမာၻ႕ဌက္ေပ်ာေစ်းကြက္ရဲ႕ ၈၆% ကို ပုိင္ဆုိင္တဲ့ ႏုိင္ငံ ၂၇ ႏုိင္ငံကို ေလ့လာသုေတသနျပဳလုပ္ခဲ့တာပါ။




ဒီအခါမွာ ၁၉၆၁ ခုႏွစ္မွာ ကမာၻႀကီးစတင္ပူေႏြးလာတဲ့အခါ ဌက္ေပ်ာပင္ေတြအတြက္ ပိုၿပီးအဆင္ေျပတဲ့ အပူခ်ိန္ကုိေရာက္ရွိလာခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ ရပ္တန္႔မသြားဘဲ ဆက္ၿပီးအပူခ်ိန္တက္ေနဦးမယ္ ဆုိရင္ေတာ့ လက္ရွိခန္႔မွန္းထားတဲ့ႏႈန္းအတုိင္းဆုိရင္ အပူကိုႀကိဳက္တဲ့ ဌက္ေပ်ာေတြေတာင္ ၂၀၅၀ ခုႏွစ္မွာ မ်ဳိးတုန္းလုနီးနီးေပ်ာက္ကြယ္သြားမယ္လို႔ သူတုိ႔တြက္ခ်က္ႏုိင္ခဲ့ပါတယ္။သူတုိ႔ဟာ သစ္ပင္ေတြေပၚက်ေရာက္ႏုိင္တဲ့ အျခားေဘးရန္ေတြကိုပါ ထည့္တြက္ခဲ့ေပမယ့္ ရာသီဥတု ေျပာင္းလဲျခင္းက ေပးႏုိင္တဲ့ ေဘးအႏၱရာယ္ကိုေတာ့ အျခားေလ့လာသူေတြက တစ္ခါမွ သုေတသန မလုပ္ခဲ့ဖူးဘူး ဆုိတာကို ေတြ႕ရွိခဲ့ေၾကာင္း ေဒါက္တာ Bebber ကဆုိပါတယ္။

အခုခါမွာ ကမာၻေျမရဲ႕ပူေႏြးမႈက တေျဖးေျဖး အႏၱရာယ္အဆင့္ကို ဝင္ေရာက္လာတာေၾကာင့္ အရင္ဆုံး ထိခုိက္မႈရွိမယ့္ ႏုိင္ငံေတြဟာ စုိက္ပ်ဳိးေရးနဲ႔ပတ္သက္တဲ့ နည္းပညာပိုင္းမွာ ရင္းႏွီးျမဳပ္ႏွံျပင္ဆင္သင့္ေနၿပီလို႔ သူတုိ႔က ဆုိခဲ့ပါတယ္။

ကမာၻေျမရဲ႕ အပူခ်ိန္ဟာ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမုိျမင့္တက္လာကာ ရာသီဥတုေဖာက္ျပန္မႈေတြ ပိုျဖစ္ေပၚလာေစပါတယ္။ ေနာက္ထပ္ဆယ္စုႏွစ္အနည္းငယ္အတြင္းမွာ လူသားေတြဟာ ျပဳျပင္ေျပာင္းလဲမႈေတြ မလုပ္ႏုိင္ဘူးဆုိရင္ေတာ့ ကပ္ေဘးဒဏ္ေတြကို ရင္ဆုိင္ရေတာ့မွာ မလြဲပါဘူး။



Unicode

သုတေသနပညာရှင်တွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ကမ္ဘာ့ရာသီဥတုပူနွေးလာခြင်းကြောင့် ဌက်ပျော အဓိကထုတ်လုပ်တဲ့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှာ ဘာပြောင်းလဲမှုတွေရှိခဲ့လဲလို့ လေ့လာခဲ့ကြပါတယ်။ ၁၉၆၁ ခုနှစ်မှာ ကမ္ဘာ့အပူချိန်စတင်မြင့်တက်လာတဲ့အချိန်ကစပြီး အပူပိုင်းဒေသအသီးအနှံဖြစ်တဲ့ ဌက်ပျောသီးတွေရဲ့ ထွက်ရှိမှုနှုန်းတိုးတက်လာခဲ့တာကို တွေ့ရပေမယ့် ဒီတိုင်းသာ အပူချိန်ဆက်မြင့်နေမယ်ဆိုရင်တော့ ၂၀၅၀ ခုနှစ်မှာ ဌက်ပျောပင်တွေလည်း အကြီးအကျယ်ပျောက်ကွယ်သွားမယ်လို့ သူတို့က တွက်ချက်နိုင်ခဲ့ပါတယ်။

ပြောချင်လွန်းလို့တို့ရဲ့ နိုင်ငံမှာ သိပ်မထူးခြားဘဲ မြင်ရလေ့ရှိတဲ့ ဌက်ပျောဟာ အနောက်နိုင်ငံတွေမှာတော့ ပိုပြီးတွေ့ရခဲပါတယ်။ ဌက်ပျောကို ဒီနိုင်ငံမှာ အဓိကအာဟာရအဖြစ် စားသုံးလေ့သိပ်မရှိပေမယ့် နိုင်ငံတကာမှာတော့ သန်းနဲ့ချီပြီး စားသုံးကြသလို အစာအာဟာရအဖြစ်သာမက ပို့ကုန်ဝင်ငွေအဖြစ်ပါ ထုတ်လုပ်ကြတာပါ။

ဗြိတိန်နိုင်ငံတစ်ခုတည်းမှာတင် နှစ်စဉ် ဌက်ပျောသီးလုံးရေ သန်းငါးထောင်ကျော် တင်ပို့စားသုံးနေပြီး ဒါဟာ ကမ္ဘာ့ဌက်ပျောဈေးကွက်ရဲ့ ၇% မျှသာရှိသေးတဲ့ ပမာဏဆိုရင် အံ့သြသွားမယ်ထင်ပါတယ်။ဇီဝသိပ္ပံပညာရှင်နှစ်ဦးဖြစ်တဲ့ Varun Varm နဲ့ Dan Bebber တို့ဟာ ကမ္ဘာ့ဦးဆောင်ဌက်ပျောတင်ပို့သူ နိုင်ငံတွေကို ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် ဘယ်လိုသက်ရောက်လဲဆိုတာနဲ့ ပတ်သက်ပြီး လေ့လာခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာ့ဌက်ပျောဈေးကွက်ရဲ့ ၈၆% ကို ပိုင်ဆိုင်တဲ့ နိုင်ငံ ၂၇ နိုင်ငံကို လေ့လာသုတေသနပြုလုပ်ခဲ့တာပါ။

ဒီအခါမှာ ၁၉၆၁ ခုနှစ်မှာ ကမ္ဘာကြီးစတင်ပူနွေးလာတဲ့အခါ ဌက်ပျောပင်တွေအတွက် ပိုပြီးအဆင်ပြေတဲ့ အပူချိန်ကိုရောက်ရှိလာခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ရပ်တန့်မသွားဘဲ ဆက်ပြီးအပူချိန်တက်နေဦးမယ် ဆိုရင်တော့ လက်ရှိခန့်မှန်းထားတဲ့နှုန်းအတိုင်းဆိုရင် အပူကိုကြိုက်တဲ့ ဌက်ပျောတွေတောင် ၂၀၅၀ ခုနှစ်မှာ မျိုးတုန်းလုနီးနီးပျောက်ကွယ်သွားမယ်လို့ သူတို့တွက်ချက်နိုင်ခဲ့ပါတယ်။

သူတို့ဟာ သစ်ပင်တွေပေါ်ကျရောက်နိုင်တဲ့ အခြားဘေးရန်တွေကိုပါ ထည့်တွက်ခဲ့ပေမယ့် ရာသီဥတု ပြောင်းလဲခြင်းက ပေးနိုင်တဲ့ ဘေးအန္တရာယ်ကိုတော့ အခြားလေ့လာသူတွေက တစ်ခါမှ သုတေသန မလုပ်ခဲ့ဖူးဘူး ဆိုတာကို တွေ့ရှိခဲ့ကြောင်း ဒေါက်တာ Bebber ကဆိုပါတယ်။အခုခါမှာ ကမ္ဘာမြေရဲ့ပူနွေးမှုက တဖြေးဖြေး အန္တရာယ်အဆင့်ကို ဝင်ရောက်လာတာကြောင့် အရင်ဆုံး ထိခိုက်မှုရှိမယ့် နိုင်ငံတွေဟာ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာပိုင်းမှာ ရင်းနှီးမြုပ်နှံပြင်ဆင်သင့်နေပြီလို့ သူတို့က ဆိုခဲ့ပါတယ်။

ကမ္ဘာမြေရဲ့ အပူချိန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာကာ ရာသီဥတုဖောက်ပြန်မှုတွေ ပိုဖြစ်ပေါ်လာစေပါတယ်။ နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ လူသားတွေဟာ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ဘူးဆိုရင်တော့ ကပ်ဘေးဒဏ်တွေကို ရင်ဆိုင်ရတော့မှာ မလွဲပါဘူး။