ရိန္​းအတြက္​ ဒုတိယ​ေျမာက္​ရင္​​ေသြး​ေလးကို ​ေမြးဖြား​ေပးခဲ့တဲ့ ကင္​ထယ္​ဟီး

ဒီ​ေန႔ စက္​တင္​ဘာလ ၁၉ ရက္​​ေန႔မွာ​ေတာ့ ကိုရီးယားႏိုင္​ငံရဲ႕ နာမည္​​ေက်ာ္​သ႐ုပ္​​ေဆာင္​​ေတြျဖစ္​ၾကတဲ့အျပင္​ ကမၻာအႏွံ႕နဲ႔ ျမန္​မာႏိုင္​ငံမွာ ႀကီးက်ယ္​တဲ့လႊမ္​းမိုးမႈ​ေတြ႐ွိခဲ့ၿပီး ခ်စ္ခင္​​အား​ေပးသူပရိသတ္​​​အ​ေျမာက္​အျမားကို အခိုင္အမာရ႐ွိထားတဲ့ အဆို​ေတာ္​မင္​းသား ရိန္​းနဲ႔ မင္​းသမီး​ေခ်ာ ကင္​ထယ္​ဟီးတို႔ စံုတြ​ဲဟာ ဒုတိယ​ေျမာက္​ ရင္​​ေသြး​ေလးကို​ေအာင္​​ေအာင္​ျမင္​ျမင္​​ေမြးဖြားႏို္​င္​ခဲ့ၿပီျဖစ္​တယ္​လို႔ ကင္​ထယ္​ဟီးရဲ႕​ေအဂ်င္​စီကတရားဝင္​ထုတ္​ျပန္​​ေၾကျငာသြားခဲ့ပါတယ္​​။

ရိန္​းအတြက္​ ဒုတိယ​ေျမာက္​ရင္​​ေသြး​ေလးကို ကင္​ထယ္​ဟီး က​ေမြးဖြား​ေပးခဲ့ၿပီး လက္​​ေဆာင္​​ေပးႏိုင္​ခဲ့တာလို႔ ဝမ္​း​ေျမာက္​ဝမ္​းသာဆိုရမွာျဖစ္​ၿပီး ဒါဟာသူတို႔ႏွစ္​ဦးအမာခံပရိသတ္​​ေတြအတြက္​ ၾကားသိရတာ ပီတိျဖစ္​ဖြယ္​ရာသတင္​းတခုျဖစ္​ခဲ့ပါတယ္​။စက္​တင္​ဘာလ ၁၉ ရက္​​ေန႔ရဲ႕ မနက္​ခင္​းမွာ ​ကင္​ထယ္​ဟီးဟာ ဆိုးလ္​ၿမိဳ႕ရဲ႕​ေဆးရံုတခုမွာပဲ ဒုတိယ​ေျမာက္​ရင္​​ေသြး​ေလးကို​ေမြးဖြား​ေပးခဲ့တာျဖစ္​သလို မိခင္​​ေရာ က​ေလးဟာ​ က်န္​းက်န္​းမာမာ႐ွိ​ေနတယ္​လို႔ သိခဲ့ရပါတယ္​။



အခုခ်ိန္​မွာ​ေတာ့ မင္းသားနဲ႔မင္​းသမီးတို႔စံုတြဲရဲ႕ ႏွစ္​ဖက္​မိဘအသိုင္​းအဝုိင္​းက အ​ေပ်ာ္​ႀကီး​ေပ်ာ္​ရႊင္​​ေနၾကတာျဖစ္​ၿပီး ​ေဆးရံုမွာ မီးဖြားၿပီးစမိခင္​ ကင္​ထယ္​ဟီးကို ဂ႐ုတစိုက္နဲ့ ​ဝိုင္​းဝန္​းျပဳစု​ေစာင္​့​ေ႐ွာက္​​ေနၾကတယ္​လို႔လည္​း သိရပါတယ္​။




သူတို႔စံုတြဲဟာ ၂၀၁၇ ခုႏွစ္​ ဇန္​န၀ါရီ လမွာ လက္​​တြဲ​ေဖာ္​ တရားဝင္​ဇနီး​ေမာင္​ႏွံ​ေတြအျဖစ္​ လက္​ထပ္​​ေပါင္​းသင္​းခဲ့ၾကတာျဖစ္​ၿပီး ၂၀၁၇ ​ေအာက္​တိုဘာလအတြင္​းမွာ သားဦးက​ေလးကို​ေမြးဖြားပိုင္​ဆိုင္​ႏိုင္​ခဲ့ၾကပါတယ္​။ ကင္​ထယ္​ဟီးဟာ က​ေလးအတြက္​စိတ္​ခ်ရၿပီဆိုတာနဲ႔ သ႐ုပ္​​ေဆာင္​​ေလာကထဲျပန္​လည္​အ​ေျခခ်ၿပီး အရင္​ကအတိုင္​းပရိသတ္​​ေတြစြဲလမ္​းတသသျဖစ္​ခဲ့ရတဲ့ မင္​းသမီးတ​ေယာက္​အျဖစ္​ ႀကိဳးႀကိဳးစားစားရပ္​တည္​လုပ္​ကိုင္​သြားဦးမွာ ျဖစ္​​ေၾကာင္​း ​ေအဂ​်င္​စီက​ေၾကျငာသြားခဲ့တာပါ။ ဒီမနက္​သတင္​း​ေကာင္​းအတြက္​ ဂုဏ္​ယူဝမ္​း​ေျမာက္​မိ​ေၾကာင္​းဆိုလိုက္​ပါရ​ေစ။

Unicode

ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့အပြင် ကမ္ဘာအနှံ့နဲ့ မြန်မာနိုင်ငံမှာ ကြီးကျယ်တဲ့လွှမ်းမိုးမှုတွေရှိခဲ့ပြီး ချစ်ခင်အားပေးသူပရိသတ်အမြောက်အမြားကို အခိုင်အမာရရှိထားတဲ့ အဆိုတော်မင်းသား ရိန်းနဲ့ မင်းသမီးချော ကင်ထယ်ဟီးတို့ စုံတွဲဟာ ဒုတိယမြောက် ရင်သွေးလေးကိုအောင်အောင်မြင်မြင်မွေးဖွားနိုင်ခဲ့ပြီဖြစ်တယ်လို့ ကင်ထယ်ဟီးရဲ့အေဂျင်စီကတရားဝင်ထုတ်ပြန်ကြေငြာသွားခဲ့ပါတယ်။



ရိန်းအတွက် ဒုတိယမြောက်ရင်သွေးလေးကို ကင်ထယ်ဟီး ကမွေးဖွားပေးခဲ့ပြီး လက်ဆောင်ပေးနိုင်ခဲ့တာလို့ ဝမ်းမြောက်ဝမ်းသာဆိုရမှာဖြစ်ပြီး ဒါဟာသူတို့နှစ်ဦးအမာခံပရိသတ်တွေအတွက် ကြားသိရတာ ပီတိဖြစ်ဖွယ်ရာသတင်းတခုဖြစ်ခဲ့ပါတယ်။စက်တင်ဘာလ ၁၉ ရက်နေ့ရဲ့ မနက်ခင်းမှာ ကင်ထယ်ဟီးဟာ ဆိုးလ်မြို့ရဲ့ဆေးရုံတခုမှာပဲ ဒုတိယမြောက်ရင်သွေးလေးကိုမွေးဖွားပေးခဲ့တာဖြစ်သလို မိခင်ရော ကလေးဟာ ကျန်းကျန်းမာမာရှိနေတယ်လို့ သိခဲ့ရပါတယ်။

အခုချိန်မှာတော့ မင်းသားနဲ့မင်းသမီးတို့စုံတွဲရဲ့ နှစ်ဖက်မိဘအသိုင်းအဝိုင်းက အပျော်ကြီးပျော်ရွှင်နေကြတာဖြစ်ပြီး ဆေးရုံမှာ မီးဖွားပြီးစမိခင် ကင်ထယ်ဟီးကို ဂရုတစိုက်နဲ့ ဝိုင်းဝန်းပြုစုစောင့်ရှောက်နေကြတယ်လို့လည်း သိရပါတယ်။သူတို့စုံတွဲဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လမှာ လက်တွဲဖော် တရားဝင်ဇနီးမောင်နှံတွေအဖြစ် လက်ထပ်ပေါင်းသင်းခဲ့ကြတာဖြစ်ပြီး ၂၀၁၇ အောက်တိုဘာလအတွင်းမှာ သားဦးကလေးကိုမွေးဖွားပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ကင်ထယ်ဟီးဟာ ကလေးအတွက်စိတ်ချရပြီဆိုတာနဲ့ သရုပ်ဆောင်လောကထဲပြန်လည်အခြေချပြီး အရင်ကအတိုင်းပရိသတ်တွေစွဲလမ်းတသသဖြစ်ခဲ့ရတဲ့ မင်းသမီးတယောက်အဖြစ် ကြိုးကြိုးစားစားရပ်တည်လုပ်ကိုင်သွားဦးမှာ ဖြစ်ကြောင်း အေဂျင်စီကကြေငြာသွားခဲ့တာပါ။ ဒီမနက်သတင်းကောင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းဆိုလိုက်ပါရစေ။

Leave a Reply