ရုပ်တူနေတဲ့ ညစ်ညမ်းဗီဒီယိုအကြောင်းဖြေရှင်းတဲ့ ဇေရဲထက်

0
72

အရင်ရက်တွေတုန်းက Facebook ပေါ်မှာ ခေတ်စားထားတဲ့ မကောင်းတဲ့ဗီဒီယိုတစ်ခုကို ပရိသတ်တွေမှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီ video ထဲက ဇာတ်လိုက်ကျော်ကြီးကတော့ ပရိသတ်ချစ်တဲ့ မင်းသားဇေရဲထက်လို့ လူပြောများနေကြပါတယ်။ ရုပ်ကလည်းဇေရဲထက်ကိုမှောင်ထဲမှာ ကြည့်ရမယ်ဆိုရင် အတော်တူပြီး မသဲမကွဲဖြစ်သွားစေနိုင်တဲ့ရုပ်မျိုးကိုး။ ဇေရဲထက်က သူ့ရဲ့ Facebook မှာ အဲဒါဟာ သူမဟုတ်ကြောင်း ဓာတ်ပုံတွေတင်ပြီး ရှင်းထားခဲ့ပါတယ်။ မကြာသေးမီက မီဒီယာတွေနဲ့ အင်တာဗျူးမှာလည်း ဇေရဲထက်က အဲဒီ video အကြောင်းဖြေရှင်းသွားခဲ့ပါတယ်။

ဇေရဲထက်က ဒီဗီဒီယိုတင်မဟုတ်ပဲ ဟိုးလေးတကျော်ဖြစ်သွားတဲ့ အသံဖိုင်တစ်ခုကိုလည်း သူပါလို့စွပ်စွဲကြသေးတဲ့အကြောင်းကို “ပထမတစ်ခါတုန်းကလည်း အသံဖိုင်တစ်ခုကို ကျွန်တော်ဆိုပြီးတော့ ပြောတယ်။ အဲဒီတုန်းကလည်း ကျွန်တော်တကယ် ရင်းနှီးနေတဲ့သူတွေ၊ကျွန်တော့် Fan တွေ ရင်းရင်းနှီးနှီးနေတဲ့လူတွေကတော့ ကျွန်တော်မဟုတ်ဘူးဆိုတာသိတာပေါ့နော်။ အဲဒါကတော့ သိပ်ပြီး ဖြေရှင်းလို့မရဘူးပေါ့။ ကျွန်တော်ကလည်း ကိုယ်မဟုတ်ဘူးဆိုပြီးတာပဲဆိုပြီး ထားလိုက်ပါတယ်” လို့ ပြောပြထားပါတယ်။

ဟိုမကောင်းတဲ့ဗီဒီယိုကြီးဟာလည်း လုပ်ကြံခံရတာဖြစ်ကြောင်းကို “ဟိုဗီဒီယိုမှာလည်း တကယ်လည်းထင်ချင်အောင် ကျွန်တော်ကိုယ်တိုင်တောင်မှ ထင်ယောင်ထင်မှားတွေဖြစ်ကုန်တယ်။ တော်တော်တူတာကိုး ရုပ်က။ တက်တူးကလည်း နည်းနည်း ဒီလိုအမှတ်ကလေး တူအောင်လုပ်ထားတာပေါ့နော်။ ကျွန်တော်လည်း ဘာလားပေါ့။ ဖြတ်ညှပ်ကပ်များလုပ်ထားလား။ Photoshop များလုပ်ထားလားပေါ့”လို့ ပြောပြထားပါတယ်။

ဒါပေမယ့် နောက်ဆုံးတော့ Video ထဲကလူက သူမဟုတ်ဘူးဆိုတာကို ချပြလိုက်နိုင်ကြောင်းကို “ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းတစ်ယောက်က မင်း အောက်မှာ လင့်ပါတယ်တဲ့ အဲဒီ လင့်ကိုရှာပြီးကြည့်လိုက်တဲ့အခါမှာ ကျွန်တော်မဟုတ်ဘူးဆိုတာကို ချပြလိုက်တာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း Link တွေဘာတွေကိုသိပ်ပြီးနားမလည်ဘူး။အချို့ဟာတွေကျတော့ နားမလည်ပဲနဲ့ ယုံနေတဲ့လူတွေလည်းရှိတာပေါ့နော် အဲလိုချပြလိုက်တော့မှသာလျှင်ကျွန်တော်မဟုတ်ဘူးဆိုတာကို ပိုပြီးသိသွားကြတာပေါ့”လို့ ပြောထားပါတယ်။

ဇေရဲထက်ကို နာမည်ကြီးစေချင်လို့များ ဒီလိုကောလဟလလွှင့်လိုက်တာလား ဒါမှမဟုတ် တိုက်ခိုက်ချင်လို့လားဆိုတဲ့ ထင်မြင်ချက်တွေကိုလည်း “အဲ့လိုတွေးမယ်ဆိုရင်တော့ရတာပေါ့နော်။ဒါပေမယ့် လူတစ်ယောက်ကို နာမည်ကြီးစေချင်ရင် ဒီလူတစ်ယောက်ရဲ့ကောင်းကွက်ကိုပဲလွှင့်မယ်။ ကောင်းသတင်းကိုပဲ လွှင့်မယ်ပေါ့။ ဒါပေမယ့်ဒီလိုဟာကြီးကိုလွှင့်တယ်ဆိုကတည်းက မလိုလို့ဆိုတာကိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ရိပ်မိပါတယ်။ ကျွန်တော့်မှာအတိုက်အခိုက်ကလည်း အတော်လည်းများပါတယ်”လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အဲဒီ Video ကိစ္စရော အသံဖိုင်ကိစ္စရောကို ဇေရဲထက်လို့များ မှားယွင်းယုံကြည်မိကြသေးလား။ ဒါမှမဟုတ် ဇေရဲထက်ရုပ်ရှင်တွေကိုအားပေးတဲ့ ပရိသတ်တွေရှိလား။ ဇေရဲထက်ရဲ့အသစ်ထွက်လာမယ့်ရုပ်ရှင်တွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say