ရုပ္ရွင္အညႊန္း : Hob and Shaw

၉၀ ခုႏွစ္ေတြမွာ လူငယ္တစ္ေယာက္အေနနဲ႔ ႀကီးျပင္းရွင္သန္ခဲ့ရတဲ့ လူငယ္တစ္ေယာက္အေနနဲ႔ေတာ့ ေဖ်ာ္ေျဖမႈေတြ၊ နည္းပညာေတြဟာ အင္မတန္မွနည္းပါးၿပီး သဘာဝႀကီးနဲ႔သာ ေပ်ာ္ရႊင္ခဲ့ရတဲ့သူေတြပါ။ နည္းပညာ ပစၥည္းေတြအရ ေဖ်ာ္ေျဖမႈေတြရိွခဲ့မယ္ဆိုရင္ေတာ့ က်ေနာ္တို႔ဟာ TV နဲ႔ တိတ္ေခြစက္ေတြနဲ႔ ဒါမွမဟုတ္ ကတ္စက္ ၊ VCD စက္ေတြသာ အားလပ္ခ်ိန္ေတြအတြက္ အေကာင္းဆံုးအေဖာ္ေတြျဖစ္ခဲ့ပါတယ္။ အဲ့ဒီလို နည္းပညာနဲ႔ ပတ္သက္တဲ့ ေဖ်ာ္ေျဖမႈေတြမွ က်ေနာ္တုိ႔မရႏိုင္ဘူးဆိုရင္ေတာ့ စာအုပ္ေတြသာ ကိုယ့္အတြက္ အေကာင္းဆံုးအေဖာ္ျဖစ္ၿပီး ။ လမ္းထဲ ၊ ေက်ာင္းခန္းထဲက သူငယ္ခ်င္းေတြသာ က်ေနာ္တို႔ရဲ႕ ပတ္ဝန္းက်င္ျဖစ္ခဲ့ၾကပါတယ္။ ဒီလို လြမ္းစရာအေၾကာင္းေတြျပန္ေျပာျပေနရရင္ေတာ့ ေျပာျပလို႔ကုန္မွာမဟုတ္ပါဘူး။ အခုက်ေနာ္တို႔ အပတ္စဥ္ေဖာ္ျပေပးေနက် က႑ေလးတစ္ခုျဖစ္တဲ့ ရုပ္ရွင္အညႊန္းက႑ေလးကေနျပန္လည္ ႀကိဳဆိုလိုက္ပါတယ္။ အခုက်ေနာ္တို႔ မိတ္ေဆြေတြကုိ ညႊန္းေပးသြားမယ့္ ဇာတ္ကားေလးကေတာ့ Fast and Furious ရဲ႕ Spin Off ေတြထဲက ၿပီးခဲ့တဲ့လပိုင္းအတြင္းက ရံုတင္ျပသသြားတဲ့ Hob and Shaw ဆိုတဲ့ ဇာတ္ကားအေၾကာင္းေလးပဲ ျဖစ္ပါတယ္။

ဇာတ္လမ္းအက်ဥ္း
ဇာတ္ကားစခ်င္းမွာပဲ လန္ဒန္က MI 16 ရဲ႕ အထူးတပ္ဖြဲ႔ တစ္ဖြဲ႔ဟာ ကမၻာႀကီးအတြက္ အႏၱရာယ္အလြန္တရာႀကီးမားတဲ့ (ဒါမွမဟုတ္) လူသားေတြမ်ိဳးစိတ္ႀကီး တစ္ခုလံုးအတြက္ ေၾကာက္စရာေကာင္းတဲ့ ဗိုင္းရပ္စ္တစ္မ်ိဳးကို (Snoflake) သြားေရာက္ရယူတာ နဲ႔စထားပါတယ္။ အဲ့ဒီမွာ မထင္မွတ္ထားတဲ့ အေျခအေနေတြစတင္ႀကံုလာရတဲ့အေပၚမွာ မူတည္ၿပီးေတာ့ ဇာတ္လမ္းကိုတည္ေဆာက္ထားပါတယ္။ အဲ့ဒီလိုနဲ႔ သက္ဆိုင္ရာ CIA အဖြဲ႕ ႏွစ္ခုကေန ဒီျပႆနာအတြက္ အသင့္ေတာ္ဆံုး လူႏွစ္ေယာက္ကို ရွာၿပီး အလုပ္အပ္တဲ့အခ်ိန္မွာေတာ့ ကမၻာ့ရန္သူေတြလို႔ေျပာလို႔ရတဲ့ Luke Hobbs( The Rock) နဲ႔ Deckard Shaw (Jason Statham )တို႔အပ္လိုက္ပါတယ္။ အဲ့ဒီလိုအပ္လိုက္တဲ့အခ်ိန္မွာပဲ သူတို႔ႏွစ္ေယာက္ရဲ႕အၿပိုင္အဆိုင္လုပ္ကိုင္မႈေတြၾကားထဲမွာ Virus ကိုလက္ခံသူအျဖစ္ခႏၶာကိုယ္ထဲကို ထိုးသြင္းထားတဲ့ သူကေတာ့ Shaw ရဲ႕ ညီမအရင္းျဖစ္ေနပါတယ္။ အဲ့ဒီလို အေျခေနေတြၾကားထဲမွာ ကမာၻႀကီးကို ေဆးေၾကာသန္႔စင္ ဖို႕Virusကိုလိုက္ရွာေနတဲ့ Eteon အဖြဲ႔အစည္း ဘက္ကေတာ့ Shaw ရဲ႕လက္ခ်က္နဲ႔ ဘဝဆံုးခဲ့ရတဲ့ Brixton Lore ကို Cyborg လို႔သတ္မွတ္လို႔ရတဲ့ လူတစ္ပိုင္း စက္ရုပ္တပိုင္း ေျပာင္းေပးထားၿပီး Virus ကို လိုက္ယူခိုင္းထားအခ်ိန္မွာ ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းေတြကို စိတ္ဝင္စားဖြယ္ျဖစ္ေအာင္ရိုက္ျပထားပါတယ္။



ရုပ္ရွင္အေၾကာင္း
ဒီရုပ္ရွင္ကိုထုတ္လုပ္သူအျဖစ္တာဝန္ယူကေတာ့ FF ရဲ႕ ပင္တိုင္သရုပ္ေဆာင္လို႔ေတာင္ေျပာလို႔ရတဲ့ Vin Diesel ပါ။ ဒါရိုက္တာကေတာ့ Jhon Wick (2014) , Atomic Blonde(2017), Deadpool 2 (2018) ရုပ္ရွင္ေတြကို ရိုက္ကူးခဲ့တဲ့ David Leitch ကရိုက္ကူးပံုေဖာ္ေပးထားတာပါ။ ဒီဇတ္ကားရဲ႕ရံုတင္ဝင္ေငြကလည္း အေမရိကန္ေဒၚလာ ၇၆၁သန္းေက်ာ္ကိုေတာင္ရရိွထားၿပီး ၂၀၁၉ ခုႏွစ္ရံုတင္ရုပ္ရွင္ေတြရဲ႕ ဝင္ေငြအေကာင္းဆံုး ရုပ္ရွင္ေတြထဲမွာ ပါဝင္ေနပါတယ္။ ဒီဇတ္လမ္းကိုၾကည့္ရတဲ့အခ်ိန္မွာ သိသာတာကေတာ့ ေနာက္ခံေတးဂီတကို ေကာင္းေကာင္းႀကီးျပင္ဆင္လာတာကေတာ့ သိသာပါတယ္။ တကယ္ဆိုရင္ FF ရဲ႕ Spin Off လို႔ေျပာေပမယ့္ သီးသန္႔ဇာတ္လမ္းတစ္ခုေတာင္ ျဖစ္ၿပီးၾကည့္လို႔ေကာင္းတဲ့ ဇာတ္ကားတစ္ကားပါ။ ဒီဇာတ္ကားထဲမွာ Ryan Reynold ( Deadpool) တစ္ေယာက္အခန္းအနည္းငယ္ ပါဝင္တာကေတာ့ ၾကည့္ေနရင္းၿပံဳးေစမွာပါ။ Hobbs ရဲ႕ဇာတိအမွန္ကို ေဖာ္သြားတဲ့ အခန္းတစ္ခန္းကလည္း တကယ္ကို ဆြတ္ပ်ံ႕စရာဇတ္ဝင္ခန္းေလးတစ္ခုပါပဲ။




ၾကည့္ရႈသူအျမင္

အက္ရွင္ အသားေပးဇာတ္ကား တစ္ကားျဖစ္တဲ့အတြက္ ပစ္ခန္းခတ္ခန္းေတြမွာ တကယ္ေကာင္းမြန္စြာရိုက္ထားတာကိုေတြ႔ရမွာျဖစၿ္ပီး ဒီဘက္ႏွစ္ပိုင္းေတြမွာ ထြက္ခဲ့တဲ့ FF ဇာတ္ကားေတြအထဲမွာေတာ့ ဇာတ္ညႊန္းေကာင္းေကာင္းနဲ႔ ဇတ္လမ္းျပည့္ဝတဲ့ ရုပ္ရွင္တစ္ခုလို႔ ထင္ပါတယ္။ ဒီဇာတ္ကားထဲမွာ ပါဝင္လာတဲ့ ဗီလိန္ျဖစ္တဲ့ Brixton Lore ရဲ႕ ဇာတ္လမ္းကိုေတာ့ Shaw ရဲ႕ ေျပာစကားတစ္ခုတည္းနဲ႔ေဖာ္ေပးသြားတာကိုေတာ့ သိပ္သဘာဝမက်ေလာက္ပါဘူး ။ Why Can’t we be friends ဆိုတဲ့ Regga သီခ်င္းေလးကေတာ့ တကယ္ကိုေကာင္းတယ္လို႔ ခံစားရပါတယ္။ သိပၸံဇာတ္ကားေတြ ဦးစားေပးရိုက္ကူးလာေပမယ့္ ၂၀၀၁ ခုႏွစ္ကတည္းကေန စတင္ရိုက္ကူးလာတဲ့ Fast and Furious ဇာတ္ကားေတြကေတာ့ တစ္ကားဆို တစ္ကားဆိုသေလာက္ေအာင္ျမင္ေနတာကေတာ့ အားလံုးအသိပါပဲ။ ဘယ္သူနဲ႔ခ်ခ် တစ္ခ်က္မွမခံရတဲ့ Transporter မင္းသားႀကီး Jason Stanhan တစ္ေယာက္လည္း ဒီဇာတ္ကားထဲမွာ လူးေနေအာင္ ခံရပါတယ္။ တကယ္ကိုေကာင္းတဲ့ဇာတ္ကားတစ္ကား တခ်ိဳ႕ေနရာေတြမွာ Plot Hole ေလးေတြရိွေပမယ့္ ၾကည့္လို႔ေကာင္းတဲ့ ဇာတ္ကားတစ္ကားပါပဲ လို႔မိတ္ေဆြတို႔ကို ညႊန္းဆိုရင္း ဒီတပတ္က်ေနာ္တို႔ရဲ႕ ရုပ္ရွင္အညႊန္းက႑ကေန ႏႈတ္ဆက္လိုက္ရပါတယ္။

Unicode



၉၀ ခုနှစ်တွေမှာ လူငယ်တစ်ယောက်အနေနဲ့ ကြီးပြင်းရှင်သန်ခဲ့ရတဲ့ လူငယ်တစ်ယောက်အနေနဲ့တော့ ဖျော်ဖြေမှုတွေ၊ နည်းပညာတွေဟာ အင်မတန်မှနည်းပါးပြီး သဘာဝကြီးနဲ့သာ ပျော်ရွှင်ခဲ့ရတဲ့သူတွေပါ။ နည်းပညာ ပစ္စည်းတွေအရ ဖျော်ဖြေမှုတွေရှိခဲ့မယ်ဆိုရင်တော့ ကျနော်တို့ဟာ TV နဲ့ တိတ်ခွေစက်တွေနဲ့ ဒါမှမဟုတ် ကတ်စက် ၊ VCD စက်တွေသာ အားလပ်ချိန်တွေအတွက် အကောင်းဆုံးအဖော်တွေဖြစ်ခဲ့ပါတယ်။ အဲ့ဒီလို နည်းပညာနဲ့ ပတ်သက်တဲ့ ဖျော်ဖြေမှုတွေမှ ကျနော်တို့မရနိုင်ဘူးဆိုရင်တော့ စာအုပ်တွေသာ ကိုယ့်အတွက် အကောင်းဆုံးအဖော်ဖြစ်ပြီး ။ လမ်းထဲ ၊ ကျောင်းခန်းထဲက သူငယ်ချင်းတွေသာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်ဖြစ်ခဲ့ကြပါတယ်။ ဒီလို လွမ်းစရာအကြောင်းတွေပြန်ပြောပြနေရရင်တော့ ပြောပြလို့ကုန်မှာမဟုတ်ပါဘူး။ အခုကျနော်တို့ အပတ်စဉ်ဖော်ပြပေးနေကျ ကဏ္ဍလေးတစ်ခုဖြစ်တဲ့ ရုပ်ရှင်အညွှန်းကဏ္ဍလေးကနေပြန်လည် ကြိုဆိုလိုက်ပါတယ်။ အခုကျနော်တို့ မိတ်ဆွေတွေကို ညွှန်းပေးသွားမယ့် ဇာတ်ကားလေးကတော့ Fast and Furious ရဲ့ Spin Off တွေထဲက ပြီးခဲ့တဲ့လပိုင်းအတွင်းက ရုံတင်ပြသသွားတဲ့ Hob and Shaw ဆိုတဲ့ ဇာတ်ကားအကြောင်းလေးပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
ဇာတ်ကားစချင်းမှာပဲ လန်ဒန်က MI 16 ရဲ့ အထူးတပ်ဖွဲ့ တစ်ဖွဲ့ဟာ ကမ္ဘာကြီးအတွက် အန္တရာယ်အလွန်တရာကြီးမားတဲ့ (ဒါမှမဟုတ်) လူသားတွေမျိုးစိတ်ကြီး တစ်ခုလုံးအတွက် ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို (Snoflake) သွားရောက်ရယူတာ နဲ့စထားပါတယ်။ အဲ့ဒီမှာ မထင်မှတ်ထားတဲ့ အခြေအနေတွေစတင်ကြုံလာရတဲ့အပေါ်မှာ မူတည်ပြီးတော့ ဇာတ်လမ်းကိုတည်ဆောက်ထားပါတယ်။ အဲ့ဒီလိုနဲ့ သက်ဆိုင်ရာ CIA အဖွဲ့ နှစ်ခုကနေ ဒီပြဿနာအတွက် အသင့်တော်ဆုံး လူနှစ်ယောက်ကို ရှာပြီး အလုပ်အပ်တဲ့အချိန်မှာတော့ ကမ္ဘာ့ရန်သူတွေလို့ပြောလို့ရတဲ့ Luke Hobbs( The Rock) နဲ့ Deckard Shaw (Jason Statham )တို့အပ်လိုက်ပါတယ်။ အဲ့ဒီလိုအပ်လိုက်တဲ့အချိန်မှာပဲ သူတို့နှစ်ယောက်ရဲ့အပြိုင်အဆိုင်လုပ်ကိုင်မှုတွေကြားထဲမှာ Virus ကိုလက်ခံသူအဖြစ်ခန္ဓာကိုယ်ထဲကို ထိုးသွင်းထားတဲ့ သူကတော့ Shaw ရဲ့ ညီမအရင်းဖြစ်နေပါတယ်။ အဲ့ဒီလို အခြေနေတွေကြားထဲမှာ ကမ္ဘာကြီးကို ဆေးကြောသန့်စင် ဖို့Virusကိုလိုက်ရှာနေတဲ့ Eteon အဖွဲ့အစည်း ဘက်ကတော့ Shaw ရဲ့လက်ချက်နဲ့ ဘဝဆုံးခဲ့ရတဲ့ Brixton Lore ကို Cyborg လို့သတ်မှတ်လို့ရတဲ့ လူတစ်ပိုင်း စက်ရုပ်တပိုင်း ပြောင်းပေးထားပြီး Virus ကို လိုက်ယူခိုင်းထားအချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို စိတ်ဝင်စားဖွယ်ဖြစ်အောင်ရိုက်ပြထားပါတယ်။

ရုပ်ရှင်အကြောင်း
ဒီရုပ်ရှင်ကိုထုတ်လုပ်သူအဖြစ်တာဝန်ယူကတော့ FF ရဲ့ ပင်တိုင်သရုပ်ဆောင်လို့တောင်ပြောလို့ရတဲ့ Vin Diesel ပါ။ ဒါရိုက်တာကတော့ Jhon Wick (2014) , Atomic Blonde(2017), Deadpool 2 (2018) ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ David Leitch ကရိုက်ကူးပုံဖော်ပေးထားတာပါ။ ဒီဇတ်ကားရဲ့ရုံတင်ဝင်ငွေကလည်း အမေရိကန်ဒေါ်လာ ၇၆၁သန်းကျော်ကိုတောင်ရရှိထားပြီး ၂၀၁၉ ခုနှစ်ရုံတင်ရုပ်ရှင်တွေရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေထဲမှာ ပါဝင်နေပါတယ်။ ဒီဇတ်လမ်းကိုကြည့်ရတဲ့အချိန်မှာ သိသာတာကတော့ နောက်ခံတေးဂီတကို ကောင်းကောင်းကြီးပြင်ဆင်လာတာကတော့ သိသာပါတယ်။ တကယ်ဆိုရင် FF ရဲ့ Spin Off လို့ပြောပေမယ့် သီးသန့်ဇာတ်လမ်းတစ်ခုတောင် ဖြစ်ပြီးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ Ryan Reynold ( Deadpool) တစ်ယောက်အခန်းအနည်းငယ် ပါဝင်တာကတော့ ကြည့်နေရင်းပြုံးစေမှာပါ။ Hobbs ရဲ့ဇာတိအမှန်ကို ဖော်သွားတဲ့ အခန်းတစ်ခန်းကလည်း တကယ်ကို ဆွတ်ပျံ့စရာဇတ်ဝင်ခန်းလေးတစ်ခုပါပဲ။

ကြည့်ရှုသူအမြင်

အက်ရှင် အသားပေးဇာတ်ကား တစ်ကားဖြစ်တဲ့အတွက် ပစ်ခန်းခတ်ခန်းတွေမှာ တကယ်ကောင်းမွန်စွာရိုက်ထားတာကိုတွေ့ရမှာဖြြစ်ပီး ဒီဘက်နှစ်ပိုင်းတွေမှာ ထွက်ခဲ့တဲ့ FF ဇာတ်ကားတွေအထဲမှာတော့ ဇာတ်ညွှန်းကောင်းကောင်းနဲ့ ဇတ်လမ်းပြည့်ဝတဲ့ ရုပ်ရှင်တစ်ခုလို့ ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်လာတဲ့ ဗီလိန်ဖြစ်တဲ့ Brixton Lore ရဲ့ ဇာတ်လမ်းကိုတော့ Shaw ရဲ့ ပြောစကားတစ်ခုတည်းနဲ့ဖော်ပေးသွားတာကိုတော့ သိပ်သဘာဝမကျလောက်ပါဘူး ။ Why Can’t we be friends ဆိုတဲ့ Regga သီချင်းလေးကတော့ တကယ်ကိုကောင်းတယ်လို့ ခံစားရပါတယ်။ သိပ္ပံဇာတ်ကားတွေ ဦးစားပေးရိုက်ကူးလာပေမယ့် ၂၀၀၁ ခုနှစ်ကတည်းကနေ စတင်ရိုက်ကူးလာတဲ့ Fast and Furious ဇာတ်ကားတွေကတော့ တစ်ကားဆို တစ်ကားဆိုသလောက်အောင်မြင်နေတာကတော့ အားလုံးအသိပါပဲ။ ဘယ်သူနဲ့ချချ တစ်ချက်မှမခံရတဲ့ Transporter မင်းသားကြီး Jason Stanhan တစ်ယောက်လည်း ဒီဇာတ်ကားထဲမှာ လူးနေအောင် ခံရပါတယ်။ တကယ်ကိုကောင်းတဲ့ဇာတ်ကားတစ်ကား တချို့နေရာတွေမှာ Plot Hole လေးတွေရှိပေမယ့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ လို့မိတ်ဆွေတို့ကို ညွှန်းဆိုရင်း ဒီတပတ်ကျနော်တို့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍကနေ နှုတ်ဆက်လိုက်ရပါတယ်။