ရုပ္ရွင္အညႊန္း : If I Stay (2014 )

ႏွင္းေတြအၿမဲက်ေနတတ္တဲ့ ေနရာ ဒါမွမဟုတ္ သီခ်င္းသံေတြ အၿမဲတမ္း ရိွတတ္တဲ့ ေနရာေတြဟာ ဘဝႀကီးအတြက္ ေနေပ်ာ္စရာေကာင္း ပါတယ္။ အဲ့ဒီလိုေနရာမ်ိဳးမွာမွ တကယ့္ခ်စ္ျခင္းေမတၱာ အစစ္မွန္တစ္ခုကိုသာ ပိုင္ဆိုင္ခြင့္ရခဲ့မယ္ဆိုရင္ …။

က်ေနာ္တို႔ ေျပာခ်င္လြန္းကေန အပတ္စဥ္တင္ဆက္ေပး ေနက်ျဖစ္တဲ့ ရုပ္ရွင္ အညႊန္း က႑ကေန ဒီတစ္ပတ္ ေဖာ္ျပေပးသြားမယ့္ ဇာတ္လမ္းေလးကေတာ့ ၂၀၁၄ ခုႏွစ္က ထြက္ရိွခဲ့တဲ့ If I Stay ဆိုတဲ့ Drama ကားေလးပဲ ျဖစ္ပါတယ္ ။ Dear Jhon , The Fault In Our Stars စတဲ့ လူငယ္အခ်စ္ဇာတ္လမ္းေတြကို ႀကိဳက္ႏွစ္သက္ သူတစ္ေယာက္က သင္ လို႔ဆိုၾကပါစို႔ ။ အဲ့ဒါဆိုရင္ေတာ့ ဒီဇာတ္ကား အေၾကာင္းေလးကို ဆက္ဖတ္သင့္ေနပါၿပီ ။



ဇာတ္လမ္းအက်ဥ္း

နယူးေယာက္ၿမိဳ႕ကေန မိုင္ေပါင္း ၃၀၀၀ ေလာက္ေဝးတဲ့ Rock ဂီတကိုႏွစ္သက္ၿပီး ကိုယ္ပိုင္ Rock Band တစ္ခုရိွခဲ့ဖူးတဲ့ ဖခင္တစ္ေယာက္ကို ပိုင္ဆိုင္ထားၿပီး နယ္ၿမိဳ႕ေလးတစ္ၿမိဳ႕က Mia Hill ဆိုတဲ့ Cello တီးရတာကို အင္မတန္ႀကိဳက္တဲ့ ေကာင္မေလး တစ္ေယာက္ရဲ႕ အေၾကာင္းကို ရိုက္ကူးထားတာပါ။ ဇာတ္လမ္း စစခ်င္းမွာပဲ Adam Wilde ဆိုတဲ့ Rock ဂီတကိုခ်စ္တဲ့ေကာင္ေလးတစ္ေယာက္က Mia တစ္ေယာက္ ေက်ာင္းဂီတခန္းမေဆာင္ထဲမွာ Cello တီးက်င့္ေနတာကို ၾကားၿပီး ခိုးၾကည့္တာေလးနဲ႔ စဖြင့္တယ္။ ဒီလိုနဲ႔ တစ္ရက္မွာ မိသားစုလိုက္ အပန္းေျဖ ခရီးတိုေလးတစ္ခုထြက္တဲ့အခ်ိန္မွာ ကားမေတာ္ဆမႈျဖစ္ၿပီး Mia တစ္ေယာက္ Coma ဝင္သြားတဲ့အခ်ိန္မွာ ျဖစ္ပ်က္ေနတဲ့ အျဖစ္ပ်က္ေတြနဲ႔ Adam နဲ႔ Mia ရဲ႕ အခ်စ္ဇာတ္လမ္းေလးကို Flash Back ျပန္ျပတဲ့ ပံုစံမ်ိဳးေတြ ဇာတ္ေၾကာင္းေျပာ ပံုစံေတြနဲ႔ တင္ဆက္ျပထားတာပါ။ Mia ရဲ႕ ဂႏၱဝင္ဂီတကို ခ်စ္ျမတ္ႏိုးမႈေတြ Cello နဲ႔ ပတ္သတ္ၿပီး ရူးသြပ္မႈေတြဟာ Adam နဲ႔ သူ႔ၾကားမွာ အဆင္ေျပႏိုင္ပါ့မလား ။ အၿမဲတမ္းေအးေနတဲ့ ဇာတ္လမ္းထဲကေဒေလးမွာ Adam နဲ႔ Mia ရဲ႕ ခ်စ္ဇာတ္လမ္းေလးကလည္း တကယ္ကို ရင္ခုန္စရာေကာင္းလွပါတယ္။ ဇာတ္လမ္းေၾကာင္း အမ်ားႀကီး မေျပာထားဘူးဆိုတာကေတာ့ Pol Twist ေတြ ဘာေတြ မပါတဲ့ ဇာတ္လမ္းတစ္ခုျဖစ္ၿပီး ခ်စ္ျခင္းေမတၱာကို ျပသထားတဲ့ ရိုးရိုးရွင္းဇာတ္လမ္းေလးမို႔ ဇာတ္ေၾကာင္းသိၿပီးသြားရင္ ၾကည့္တဲ့အခ်ိန္မွာ အရသာ မရိွေတာ့မွာ စိုးလို႔ပါ ။




ၾကည့္ရႈသူအျမင္

ဒီဇာတ္ကားကေတာ့ လူငယ္ရအခ်စ္ဇာတ္လမ္းေလးတစ္ခုျဖစ္တဲ့အတြက္ ၾကည့္ရတာ ေပါ့ေပါ့ပါးပါးလို႔ထင္ ရေပမယ့္ ထင္သေလာက္ မေပါ့ပါးပါဘူး ။ေနာက္ခံ သီခ်င္းေတြဟာ လည္း စိတ္ခံစားမႈကို စြဲေခၚႏိုင္သြားၿပီး တစ္ခ်က္ တစ္ခ်က္မွာ ၾကည့္သူရင္ထဲကို ဆိုနင့္တက္လာေစတဲ့ အျပေတြ သ႐ုပ္ေဆာင္ေတြရဲ႕ သရုပ္ေဆာင္မႈ ျပည့္စံုမႈေတြေၾကာင့္ ဇာတ္လမ္းဟာ ပိုလို႔ေတာင္ ေတာက္ေျပာင္လာခဲ့ပါေသးတယ္ ။ ဆင္ဖိုနီ တီးလံုးေတြကို မၾကာမၾကာ ၾကားေနရတာကလည္း ဒီဇာတ္လမ္းကိုၾကည့္ေနရတဲ့အခ်ိန္မွာ ရရိွႏိုင္တဲ့ အရသာေကာင္းတစ္ခုပါပဲ။ ဒီဇာတ္လမ္းသာ အာရွကားတစ္ခုျဖစ္ေနမယ္ဆိုရင္ေတာ့ Mia တစ္ေယာက္ Coma ဝင္ေနတဲ့အခ်ိန္မွာ သူ႔ကိုခ်စ္တဲ့သူတစ္ေယာက္ေယာက္ကို ဆက္သြယ္လို႔ရတယ္ဆိုတဲ့ Plot ေတြေတာင္ပါလာမလားပါပဲ။ က်ေနာ္ကေတာ့ ဇာတ္ကားစထြက္ထြက္ခ်င္းမွာ တစ္ေခါက္မကၾကည့္ဖူးသလို အခုအညႊန္းျပန္ေရးဖို႔လည္း ျပန္ၾကည့္ခဲ့ရပါေသးတယ္ ။ IMDB မွာေတာ့ Rating 6/10 ရထားပါတယ္။ က်ေနာ္တို႔ ကိုယ္ပိုင္ Rating ေပးရမယ္ဆိုရင္ေတာ့ 7.5 / 10 ေလာက္ေတာ့ ရိွမွာပါ ။ အခ်စ္ဇာတ္လမ္းေကာင္းႀကိဳက္သူေတြ တကယ္ကို ၾကည့္သင့္တဲ့ Drama ကားေလးတစ္ကားပါပဲ။ ဒီဇာတ္လမ္းထဲက ေနာက္ခံသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Heal ကလည္း ေတာ္ေတာင္ေကာင္းမြန္တဲ့ သီခ်င္းေလးတစ္ပုဒ္ပါပဲ။



Unicode

နှင်းတွေအမြဲကျနေတတ်တဲ့ နေရာ ဒါမှမဟုတ် သီချင်းသံတွေ အမြဲတမ်း ရှိတတ်တဲ့ နေရာတွေဟာ ဘဝကြီးအတွက် နေပျော်စရာကောင်း ပါတယ်။ အဲ့ဒီလိုနေရာမျိုးမှာမှ တကယ့်ချစ်ခြင်းမေတ္တာ အစစ်မှန်တစ်ခုကိုသာ ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင် …။

ကျနော်တို့ ပြောချင်လွန်းကနေ အပတ်စဉ်တင်ဆက်ပေး နေကျဖြစ်တဲ့ ရုပ်ရှင် အညွှန်း ကဏ္ဍကနေ ဒီတစ်ပတ် ဖော်ပြပေးသွားမယ့် ဇာတ်လမ်းလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ If I Stay ဆိုတဲ့ Drama ကားလေးပဲ ဖြစ်ပါတယ် ။ Dear Jhon , The Fault In Our Stars စတဲ့ လူငယ်အချစ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက် သူတစ်ယောက်က သင် လို့ဆိုကြပါစို့ ။ အဲ့ဒါဆိုရင်တော့ ဒီဇာတ်ကား အကြောင်းလေးကို ဆက်ဖတ်သင့်နေပါပြီ ။

ဇာတ်လမ်းအကျဉ်း

နယူးယောက်မြို့ကနေ မိုင်ပေါင်း ၃၀၀၀ လောက်ဝေးတဲ့ Rock ဂီတကိုနှစ်သက်ပြီး ကိုယ်ပိုင် Rock Band တစ်ခုရှိခဲ့ဖူးတဲ့ ဖခင်တစ်ယောက်ကို ပိုင်ဆိုင်ထားပြီး နယ်မြို့လေးတစ်မြို့က Mia Hill ဆိုတဲ့ Cello တီးရတာကို အင်မတန်ကြိုက်တဲ့ ကောင်မလေး တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်း စစချင်းမှာပဲ Adam Wilde ဆိုတဲ့ Rock ဂီတကိုချစ်တဲ့ကောင်လေးတစ်ယောက်က Mia တစ်ယောက် ကျောင်းဂီတခန်းမဆောင်ထဲမှာ Cello တီးကျင့်နေတာကို ကြားပြီး ခိုးကြည့်တာလေးနဲ့ စဖွင့်တယ်။ ဒီလိုနဲ့ တစ်ရက်မှာ မိသားစုလိုက် အပန်းဖြေ ခရီးတိုလေးတစ်ခုထွက်တဲ့အချိန်မှာ ကားမတော်ဆမှုဖြစ်ပြီး Mia တစ်ယောက် Coma ဝင်သွားတဲ့အချိန်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေနဲ့ Adam နဲ့ Mia ရဲ့ အချစ်ဇာတ်လမ်းလေးကို Flash Back ပြန်ပြတဲ့ ပုံစံမျိုးတွေ ဇာတ်ကြောင်းပြော ပုံစံတွေနဲ့ တင်ဆက်ပြထားတာပါ။ Mia ရဲ့ ဂန္တဝင်ဂီတကို ချစ်မြတ်နိုးမှုတွေ Cello နဲ့ ပတ်သတ်ပြီး ရူးသွပ်မှုတွေဟာ Adam နဲ့ သူ့ကြားမှာ အဆင်ပြေနိုင်ပါ့မလား ။ အမြဲတမ်းအေးနေတဲ့ ဇာတ်လမ်းထဲကဒေလေးမှာ Adam နဲ့ Mia ရဲ့ ချစ်ဇာတ်လမ်းလေးကလည်း တကယ်ကို ရင်ခုန်စရာကောင်းလှပါတယ်။ ဇာတ်လမ်းကြောင်း အများကြီး မပြောထားဘူးဆိုတာကတော့ Pol Twist တွေ ဘာတွေ မပါတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ ရိုးရိုးရှင်းဇာတ်လမ်းလေးမို့ ဇာတ်ကြောင်းသိပြီးသွားရင် ကြည့်တဲ့အချိန်မှာ အရသာ မရှိတော့မှာ စိုးလို့ပါ ။

ကြည့်ရှုသူအမြင်

ဒီဇာတ်ကားကတော့ လူငယ်ရအချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်တဲ့အတွက် ကြည့်ရတာ ပေါ့ပေါ့ပါးပါးလို့ထင် ရပေမယ့် ထင်သလောက် မပေါ့ပါးပါဘူး ။နောက်ခံ သီချင်းတွေဟာ လည်း စိတ်ခံစားမှုကို စွဲခေါ်နိုင်သွားပြီး တစ်ချက် တစ်ချက်မှာ ကြည့်သူရင်ထဲကို ဆိုနင့်တက်လာစေတဲ့ အပြတွေ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု ပြည့်စုံမှုတွေကြောင့် ဇာတ်လမ်းဟာ ပိုလို့တောင် တောက်ပြောင်လာခဲ့ပါသေးတယ် ။ ဆင်ဖိုနီ တီးလုံးတွေကို မကြာမကြာ ကြားနေရတာကလည်း ဒီဇာတ်လမ်းကိုကြည့်နေရတဲ့အချိန်မှာ ရရှိနိုင်တဲ့ အရသာကောင်းတစ်ခုပါပဲ။ ဒီဇာတ်လမ်းသာ အာရှကားတစ်ခုဖြစ်နေမယ်ဆိုရင်တော့ Mia တစ်ယောက် Coma ဝင်နေတဲ့အချိန်မှာ သူ့ကိုချစ်တဲ့သူတစ်ယောက်ယောက်ကို ဆက်သွယ်လို့ရတယ်ဆိုတဲ့ Plot တွေတောင်ပါလာမလားပါပဲ။ ကျနော်ကတော့ ဇာတ်ကားစထွက်ထွက်ချင်းမှာ တစ်ခေါက်မကကြည့်ဖူးသလို အခုအညွှန်းပြန်ရေးဖို့လည်း ပြန်ကြည့်ခဲ့ရပါသေးတယ် ။ IMDB မှာတော့ Rating 6/10 ရထားပါတယ်။ ကျနော်တို့ ကိုယ်ပိုင် Rating ပေးရမယ်ဆိုရင်တော့ 7.5 / 10 လောက်တော့ ရှိမှာပါ ။ အချစ်ဇာတ်လမ်းကောင်းကြိုက်သူတွေ တကယ်ကို ကြည့်သင့်တဲ့ Drama ကားလေးတစ်ကားပါပဲ။ ဒီဇာတ်လမ်းထဲက နောက်ခံသီချင်းတစ်ပုဒ်ဖြစ်တဲ့ Heal ကလည်း တော်တောင်ကောင်းမွန်တဲ့ သီချင်းလေးတစ်ပုဒ်ပါပဲ။