ရှည်လျားလှတဲ့ခြေတံတွေကြောင့် လှောင်ပြောင်ခံရပြီးနောက် နာမည်ကြီးလာတဲ့ ကောင်မလေး

လူတစ်ယောက်မှာ အလှတစ်မျိုးကိုယ်စီရှိကြတယ်ဆိုတဲ့ စကားဟာ တကယ့်အမှန်တရားတစ်ခုဖြစ်တယ်ဆိုတဲ့ သက်သေပြချက်တွေကတော့ ကျနော်တို့ အသက်ရှုလိုက်တိုင်းမှာ မြင်နေ ကြုံတွေ့နေကြရပါတယ် ။ ဒါပေမယ့် လူတချို့ကတော့ ကျနော်တို့ အထက်တန်းကျောင်းသားဘဝ တုန်းက သင်ခဲ့ရတဲ့ အင်္ဂလိပ်သင်ခန်းစာတစ်ခုလို ကိုယ့်စီမှာရှိတဲ့အလှထက် သူများရဲ့ အလှကိုသာ ပိုပြီးတော့စိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့် တချို့လူတွေကတော့ သူများ ရဲ့လှပမှုတွေကို ပြက်ရယ်ပြုစရာတစ်ခုလိုသတ်မှတ်ပြီး လှောင်ပြောင်သရော်ကြတဲ့ သူတွေလည်း ရှိပါတယ် ။ အဲ့ဒီကိစ္စကတော့ ကမ္ဘာကြီးတစ်ခုလုံးမှာ ပြင်းပြင်းထန်ထန်ရှုံချကြပေမယ့်လို့ တကယ်ကို သူများရဲ့ အသွင်သဏ္ဍာန်ကို လှောင်ပြောသရော်မှ စားဝင်အိပ်ပျော်ကြတဲ့သူတွေလည်းရှိနေတော့လည်း လောကကြီးဟာ စိတ်ပျက်စရာကောင်းလောက်အောင် အပြည့်အဝ ဟန်ချက်ညီနေပါတော့တယ် ။

Ia Ostergren ကတော့ နာမည်ကျော်ကြားတဲ့ ဆွစ်လူမျိုး ကိုယ်ဟန်ပြမယ်တစ်ယောက် ဖြစ်ပါတယ် ။ သူကတော့ သူများတွေနဲ့မတူဘဲ ရှည်လျားလှတဲ့သူရဲ့ ခြေတံတွေကြောင့်နာမည်ကြီးလာသူတစ်ယောက် ဖြစ်ပါတယ် ။ ယနေ့ခေတ်ကြီးမှာတော့ သူက လူတွေတော်တော်များများရဲ့ သတိထားစောင့်ကြည့်ခြင်းကို ခံနေရပါပြီ။ သူငယ်စဉ်ကလေးဘဝကတည်းက သူရဲ့ရှည်လျားတဲ့ ခြေတံကြောင့် လှောင်ပြောင်မှုတွေကို အရွယ်နဲ့ မလိုက်အောင် ခံခဲ့ရတဲ့သူဖြစ်ပါ ။ ဘယ်လိုပဲ လူတွေလှောင်ပြောင်ကြပါစေ သူက စိတ်ပျက်အားလျော့မှုမရှိဘဲ ကြံ့ကြံ့ခံတဲ့ စိတ်ဓာတ်နဲ့ ဘဝကို နေထိုင်ဖြတ်သန်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့အချိန်တွေမှာ လှောင်ပြောင်မှုတွေကြောင့် လောကကြီးမှာ ဆက်ပြီးအသက်ရှင်ချင်စိတ်မရှိတော့တဲ့အထိ စိတ်ဓာတ်ကျခဲ့ရပါတယ်။



သူများတွေက အားနည်းချက်လို့ထင်နေတဲ့ သူရဲ့အားသာချက်ဖြစ်တဲ့ ခြေတံရှည်ရှည်တွေကတော့ သူဝါသနာပါတဲ့ မော်ဒယ်ပိုင်းမှာ သူများတဲ့မတူတဲ့ ဆွဲဆောင်မှုတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ရဲ့ Instagram အကောင့်မှာလည်း Follower၂သိန်းကျော်အထိရှိနေပါပြီ။ သူကတော့ သူ့ခန္ဓာကိုယ်မှာလည်း အဆီပိုဆိုပြီးပြောလိြု့ပလို့မရလောက်အောင်ထိကို ခန္ဓာကိုယ်ကိုထိန်းသိမ်းထားသူတစ်ယောက် လည်းဖြစ်ပါတယ်။ Ia Ostergren ရဲ့ ဇာတ်လမ်းလေးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှုဟာ ဘယ်လောက်ထိ အရေးပါကြောင်းကို ပြောပြပေးတဲ့ အကောင်းဆုံးနမူနာ ဇာတ်လမ်းလေး တစ်ခုပါပဲ ။