Unicode
လူတစ်ယောက်ရဲ့နုပျိုလှပမှုဟာ မိတ်ကပ်လိမ်းခြယ်ပုံပေါ်မှာလည်း မူတည်တာကြောင့် ဒီတစ်ခါမှာတော့ ရှောင်ရှားသင့်တဲ့ သင့်ကိုရှိရင်းစွဲအရွယ်ထက်အိုသွားစေနိုင်တဲ့ မိတ်ကပ်အပြင်အဆင်တွေကို ဖော်ပြပေးချင်ပါတယ်။ ။
1.Concealerကို အများကြီးသုံးတာ…
ကျွန်မတို့အမြင်မှာ ပိုပြီးရုပ်ထွက်ကောင်းဖို့ ပိုပြီးထူထဲစွာပြင်ဆင်ရတယ်လို့ မှတ်ယူထားပေမယ့် မိတ်ကပ်ပညာရှင်တွေကတော့ foundationကအစ ပါးပါးလေးပဲလိမ်းဖို့ အကြံပြုထားပါတယ်။တကယ်လို့ သင်ဟာမလိုက်ဖက်တဲ့အရောင်ကို ရွေးချယ်မိပြီး ထူလဗျစ်လိမ်းခြယ်ထားမိမယ်ဆိုရင်တော့ ပိုပြီးအိုသယောင်ဖြစ်သွားမှာ အမှန်ပါပဲ။
2.နှုတ်ခမ်းနီအရောင် မှားရွေးမိတာ…
ဒါကတော့ အထူးတလည်မေးခွန်းထုတ်စရာအကြောင်းတော့မရှိပါဘူး။ဘာလို့ဆို နှုတ်ခမ်းနီတွေဟာ သင့်ကိုအမိုက်ဆုံးသွင်ပြင်အဖြစ် ပြောင်းလဲပေးနိုင်တယ်လေ။ဒါပေမယ့် သင့်ရဲ့နှုတ်ခမ်းပုံစံပေါ်မူတည်ပြီး မှန်ကန်တဲ့အရောင် ရွေးချယ်တတ်ဖို့တော့ လိုတာပေါ့။
3.အနက်ရောင်Eyeshadowတွေကို မှားယွင်းစွာခြယ်ထားခြင်း
မျက်ခွံပတ်ပတ်လည် shadowလိမ်းခြယ်တာဟာ ပိုပြီးအိုစာတဲ့အပြင်အဆင်ကို ဖြစ်စေနိုင်လို့ ရှောင်သင့်ပါတယ်။အနားသတ်ထောင့်လေးမှာ ဖွဖွလေးခြယ်လိုက်ရင်ကို အဆင်ပြေပါပြီ။
4.မျက်ခုံးမွှေးကို ထင်းထင်းကြီးခြယ်တာ…
မျက်ခုံးမွှေးအနက်ရောင်ကို ထင်းထင်းကြီးဆွဲတာမျိုးကလည်း သင့်အသက်အရွယ်ကို ကြီးသယောင်မြင်စေမှာဖြစ်ပါတယ်။အကောင်းဆုံးကတော့ သင့်ရဲ့မူလမျက်ခုံးမွှေးအရောင်ပေါ်မူတည်ပြီး အစပ်အဟပ်တည့်တဲ့အရောင်ကို ပါးပါးလေးဆွဲလိုက်ရုံပါပဲ
5.Powderကို သင့်မျက်နှာမှာအများကြီးပုတ်တာ…
Powderကတော့ သင့်မျက်နှာပေါ်ကအနာအဆာတွေကို ဖုံးအုပ်ပေးနိုင်တယ်ဆိုပေမယ့် အများကြီးပုတ်မိရင်တော့ ပြသနာရှိပါတယ်။အထူးသဖြင့် မျက်လုံးနားတဝိုက် Powderပုတ်ခြင်းကို ရှောင်သင့်ပါတယ်။