လက္ဗလာနဲ႔ တုိက္ေပၚတက္ၿပီး ကေလးငယ္ကုိ အသက္ကယ္တဲ့ လက္ေတြ႕ဘဝရဲ႕ စပုိက္ဒါမန္း

0
46

ေျပာခ်င္လြန္းလုိ႔ ပရိသတ္ေတြကုိ တင္ဆက္ေပးခ်င္တဲ့ သတင္းကေတာ့ လက္ေတြ႕ဘဝရဲ႕စပုိက္ဒါမန္းလုိ႔ တင္စားၾကတဲ့ အမ်ဳိးသားတစ္ေယာက္ အေၾကာင္းပါ။

ျပင္သစ္ႏုိင္ငံၿမိဳ႕ေတာ္ ပါရီၿမိဳ႕က ေလးလႊာတုိက္ခန္းရဲ႕ ဝရန္တာမွာ ကေလးငယ္တစ္ေယာက္ တြဲေလာင္းျပဳတ္က်လုနီးပါး ျဖစ္ေနတုန္း
ဂက္ဆာမာလုိ႔ အမည္ရတဲ့ အမ်ဳိးသားက တုိက္ေပၚကုိ လက္ဗလာနဲ႔ တြယ္တက္ၿပီး ကေလးငယ္ကုိ ကယ္တင္ေပးခဲ့တာပါ။ ဂက္ဆာမာက ျပင္သစ္ႏုိင္ငံကုိ ေရာက္ရွိေနတဲ့ မာလီႏုိင္ငံသား ေရႊ႕ေျပာငး္ေနထုိင္သူ ျဖစ္ပါတယ္။

ဂက္ဆာမာဟာ တစ္မိနစ္မျပည့္ခင္ အခ်ိန္အတြင္း ဝရန္တာ တစ္ခုကေန တစ္ခုကုိ ေက်ာ္တက္ၿပီး ေလးႏွစ္အရြယ္ ကေလးငယ္ကုိ ေပြ႕ခ်ီခဲ့ပါတယ္။ ဒီျဖစ္ရပ္ကုိ ႐ုပ္သံမွတ္တမ္း ႐ုိက္ကူးထားႏုိင္ခဲ့ၿပီး ေဖ့ဘြတ္ေပၚ တင္ခဲ့ပါတယ္။ အခင္းျဖစ္ပြားခ်ိန္က အဲဒီအိမ္မွာ မိဘေတြ ရွိမေနခဲ့ဘူးလုိ႔ ေဒသခံအာဏာပုိင္ေတြက ေျပာပါတယ္။ ကေလးငယ္ တြဲေလာငး္ျဖစ္ေနခ်ိန္မွာ ေဘးအိမ္မွာရွိတဲ့ အမ်ဳိးသား တစ္ဦးက ကေလးငယ္ ျပဳတ္က်မသြားေအာင္ ကုိင္ထားေပးခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ ဂက္ဆာမာက လုံၿခံဳေရး ကိရိယာတစ္ခုမွ မပါဘဲ လက္ဗလာနဲ႔ တုိက္ေပၚကုိ တက္ၿပီး ကေလးငယ္ကုိ ကယ္တင္ခဲ့တာပါ။ မီးသတ္သမားေတြ ေရာက္ရွိလာခ်ိန္မွာေတာ့ ကေလးငယ္ကုိ ကယ္တင္ႏုိင္ခဲ့ပါၿပီ။

ဒီျဖစ္ရပ္က ပါရီၿမိဳ႕ရဲ႕ ခ႐ုိင္အမွတ္ ၁၈ မွာ ျဖစ္ပြားခဲ့တာပါ။ အဲဒီအတြက္ပါရီၿမိဳ႕ေတာ္ဝန္ ဟုိင္ဒယ္ဂုိက ဂက္ဆာမာကုိ ”ခ႐ုိင္အမွတ္ ၁၈ ရဲ႕ စပုိက္ဒါမန္း”လုိ႔ တင္စားခဲ့ၿပီး သူ႔ရဲ႕ ကုိယ္က်ဳိးစြန္႔မႈကုိ ခ်ီးက်ဴး ဂုဏ္ျပဳခဲ့ပါတယ္။

ဂက္ဆာမာဟာ ျပင္သစ္ႏုိင္ငံမွာ အေျခခ်ၿပီး ဘဝတစ္ခု ထူေထာင္ဖုိ႔ အတြက္ လြန္ခဲ့တဲ့ လအနည္းငယ္ကမွ မာလီကေန ေရႊ႕ေျပာင္းလာခဲ့တာပါ။ ဂက္ဆာမာရဲ႕ သူရဲေကာင္းဆန္တဲ့ လုပ္ရပ္ေၾကာင့္ ပါရီၿမိဳ႕က သူ႔ကုိ ေထာက္ပံ့ကူညီၾကဖုိ႔ စိတ္အားထက္သန္ေနၾကပါတယ္။

ၿပီးခဲ့တဲ့ တနလၤာေန႔မွာ ျပင္သစ္သမၼတ မက္ခရြန္က ဂက္ဆာမာကုိ အီလုိက္ေဆးနန္းေတာ္ထံ ဖိတ္ေခၚခဲ့ၿပီး လူခ်င္းေတြ႕ခ်ိန္မွာ ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။

Unicode

ပြောချင်လွန်းလို့ ပရိသတ်တွေကို တင်ဆက်ပေးချင်တဲ့ သတင်းကတော့ လက်တွေ့ဘဝရဲ့စပိုက်ဒါမန်းလို့ တင်စားကြတဲ့ အမျိုးသားတစ်ယောက် အကြောင်းပါ။

ပြင်သစ်နိုင်ငံမြို့တော် ပါရီမြို့က လေးလွှာတိုက်ခန်းရဲ့ ဝရန်တာမှာ ကလေးငယ်တစ်ယောက် တွဲလောင်းပြုတ်ကျလုနီးပါး ဖြစ်နေတုန်း
ဂက်ဆာမာလို့ အမည်ရတဲ့ အမျိုးသားက တိုက်ပေါ်ကို လက်ဗလာနဲ့ တွယ်တက်ပြီး ကလေးငယ်ကို ကယ်တင်ပေးခဲ့တာပါ။ ဂက်ဆာမာက ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ မာလီနိုင်ငံသား ရွှေ့ပြောငး်နေထိုင်သူ ဖြစ်ပါတယ်။

ဂက်ဆာမာဟာ တစ်မိနစ်မပြည့်ခင် အချိန်အတွင်း ဝရန်တာ တစ်ခုကနေ တစ်ခုကို ကျော်တက်ပြီး လေးနှစ်အရွယ် ကလေးငယ်ကို ပွေ့ချီခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရုပ်သံမှတ်တမ်း ရိုက်ကူးထားနိုင်ခဲ့ပြီး ဖေ့ဘွတ်ပေါ် တင်ခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန်က အဲဒီအိမ်မှာ မိဘတွေ ရှိမနေခဲ့ဘူးလို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ ကလေးငယ် တွဲလောငး်ဖြစ်နေချိန်မှာ ဘေးအိမ်မှာရှိတဲ့ အမျိုးသား တစ်ဦးက ကလေးငယ် ပြုတ်ကျမသွားအောင် ကိုင်ထားပေးခဲ့ပါတယ်။

အဲဒီအချိန်မှာ ဂက်ဆာမာက လုံခြုံရေး ကိရိယာတစ်ခုမှ မပါဘဲ လက်ဗလာနဲ့ တိုက်ပေါ်ကို တက်ပြီး ကလေးငယ်ကို ကယ်တင်ခဲ့တာပါ။ မီးသတ်သမားတွေ ရောက်ရှိလာချိန်မှာတော့ ကလေးငယ်ကို ကယ်တင်နိုင်ခဲ့ပါပြီ။

ဒီဖြစ်ရပ်က ပါရီမြို့ရဲ့ ခရိုင်အမှတ် ၁၈ မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီအတွက်ပါရီမြို့တော်ဝန် ဟိုင်ဒယ်ဂိုက ဂက်ဆာမာကို ”ခရိုင်အမှတ် ၁၈ ရဲ့ စပိုက်ဒါမန်း”လို့ တင်စားခဲ့ပြီး သူ့ရဲ့ ကိုယ်ကျိုးစွန့်မှုကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

ဂက်ဆာမာဟာ ပြင်သစ်နိုင်ငံမှာ အခြေချပြီး ဘဝတစ်ခု ထူထောင်ဖို့ အတွက် လွန်ခဲ့တဲ့ လအနည်းငယ်ကမှ မာလီကနေ ရွှေ့ပြောင်းလာခဲ့တာပါ။ ဂက်ဆာမာရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကြောင့် ပါရီမြို့က သူ့ကို ထောက်ပံ့ကူညီကြဖို့ စိတ်အားထက်သန်နေကြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြင်သစ်သမ္မတ မက်ခရွန်က ဂက်ဆာမာကို အီလိုက်ဆေးနန်းတော်ထံ ဖိတ်ခေါ်ခဲ့ပြီး လူချင်းတွေ့ချိန်မှာ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here