လက္ရွိကမၻာ့အေကာင္းဆုံးလို႔သတ္မွတ္ခံထားရတဲ့ မိန္းကေလးအဆိုေတာ္မ်ား

ကမၻာ့အေကာင္းဆုံးအဆိုုေတာ္ေတြအႏုပညာရွင္ေတြဆိုတဲ့ သတ္မွတ္ခံရမႈေတြဟာ တစ္ေန႔ထက္တစ္ေန႔မတူညီပဲေျပာင္းလဲေနၾကတာပါ။ ဒါေပမယ့္ အခ်ိန္ေတြအၾကာႀကီးထိပ္ဆုံးမွာရပ္တည္္ေနနိုင္တဲ့ တကယ္အရည္အခ်င္းရွိတဲ့အဆိုေတာ္ေတြဟာလည္း ဒုနဲ႔ေဒးပါပဲ။ လက္ရွိမွာကမၻာ့အေကာင္းဆုံးလို႔သတ္မွတ္ခံထားရတဲ့အမ်ိဳးသမီးအဆိုေတာ္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္္။

1. Adele



Adele ဟာ အသက္ဆယ့္ကိုးႏွစ္မွာ ပထမဆုံး Album စထြက္ၿပီး ပရိသတ္ေတြရဲ့တခဲနက္အားေပးျခင္းကိုခံခဲ့ရသူပါ။ လက္ရွိမွာ မေရမတြက္နိုင္တဲ့ဆုေပါင္းမ်ားစြာနဲ႔ သူမႏွစ္သက္တဲ့အဆိုေတာ္ဘဝကို ဆက္လက္ေလၽွာက္လွမ္းေနတဲ့ Adele ဟာ အမ်ိဳးသမီးအဆိုေတာ္ေတြထဲမွာ ဝင္ေငြအေကာင္းဆုံးထဲမွာပါသလို ပရိသတ္္အားေပးမႈအမ်ားဆုံးအဆိုေတာ္တစ္ဦးလည္းျဖစ္ပါတယ္။ Adele ရဲ့လက္ရွိခ်မ္းသာႂကြယ္ဝႏႈန္းက အေမရိကန္ေဒၚလာ သန္း ၁၈၀ ေက်ာ္ရွိပါတယ္။

2. Pink




Just give me a reason ဆိုတဲ့ သီခ်င္းေလးၾကားတိုင္း Pink ကို ေျပးသတိရတဲ့ ပရိသတ္ေတြရွိပါလိမ့္မယ္။ Pink ဟာ 1995 ေလာက္ကတည္းက ပရိသတ္ေတြႀကိဳက္ႏွစ္သက္ျခင္းခံရၿပီးေက်ာ္ၾကားေနတဲ့အဆိုေတာ္တစ္ဦးျဖစ္ၿပီး အခုအခ်ိန္အထိလည္းေအာင္ျမင္မႈကိုထိန္းထားနိုင္ဆဲပါ။အခုထိ လွပႏုရြၿပီး ကမၻာတစ္ဝွမ္းလုံးက ပရိသတ္ေတြရဲ့ႏွလုံးသားကိုဖမ္းစားထားတဲ့ Pink ကေတာ့ ဆုေပါင္းမေရမတြက္နိုင္ေအာင္ရဖူးၿပီး ဝင္ေငြကလည္း ၾကမ္းေပ့ဆိုတဲ့အထဲမွာပါဝင္ပါတယ္။ Pink ရဲ့ လက္ရွိႂကြယ္ဝမႈကေတာ့ အေမရိကန္ေဒၚလာ သန္းေပါင္း (၁၁၀) ေက်ာ္ရွိေနပါတယ္။

3. Taylor Swift



မၾကာေသးမီကပဲ Lover Album ထြက္ထားတဲ့ Tay Tay ကေတာ့ လက္ရွိမွာ ေရပန္းအစားဆုံးအဆိုေတာ္တစ္ဦးျဖစ္ေနၿပီး တစ္ကမၻာလုံးရဲ့တခဲဲနက္အားေပးျခင္းကိုလည္းခံေနရပါတယ္။ အသက္ဆယ့္ေျခာက္ႏွစ္္ကတည္းကTim Mcgraw လိုသီခ်င္းမ်ိဳးကိုေရးနိုင္ခဲ့တဲ့ Taylor ဟာ ကမၻာ့အေကာင္းဆုံးအဆိုေတာ္ေတြထဲမွာ ထိပ္ဆုံးနားက တစ္ဦးလို႔ဆိုရင္ျငင္းစရာမရွိပါဘူး။ အေမရိကန္ျပည္ေထာင္စုရဲ့ ႏွလုံးသည္းပြတ္ေလးလို႔တင္စားခံရတဲ့ Taylor ဟာ အေမရိကန္ျပည္ေထာင္စုရဲ့ေနရာအႏွံ့အျပားမွာ အိမ္နဲ႔ၿခံႀကီးေတြပိုင္တဲ့အျပင္ကိုသူ႔ရဲ့ လက္ရွိခ်မ္းသာႂကြယ္ဝမႈက အေမရိကန္ေဒၚလာ သန္းေပါင္း (၃၆၀) ရွိတယ္လို႔သိရပါတယ္။

4. Selena Gomez

မၾကာခင္မွာ ေနာက္ထပ္ Album အသစ္ထြက္ရွိလာေတာ့မယ့္ Selena ဟာ သ႐ုပ္ေဆာင္ေကာင္းတဲ့မင္းသမီးတစ္လက္ျဖစ္္သလို ငယ္ငယ္ကတည္းက တစ္ကမၻာလုံးက ပရိသတ္ေတြအားေပးျခင္းခံရတဲ့အဆိုေတာ္္တစ္ဦးလည္းျဖစ္ပါတယ္။Selena Goemz ရဲ့Revival Tour က ဝင္ေငြ အေမရိကန္ေဒၚလာ သန္းေပါင္း (၃၅) သန္းဝင္ခဲ့သလို Selena ပါဝင္တဲ့ A Rainy Day in New York ႐ုပ္ရွင္ကလည္း လူႀကိဳက္မ်ားတဲ့ ႐ုပ္ရွင္တစ္ကားျဖစ္ခဲ့ပါတယ္။ Selena ရဲ့ ခ်မ္သာႂကြယ္ဝမႈကအေမရိကန္ေဒၚလာ သန္းတစ္ရာနီးပါးရွိတာမို႔ၾကားရသူတိုင္းကို မ်က္ခုံးပင့္သြားေစနိုင္တဲ့ ပမာဏပါပဲ။

5. Ariana Grande

အသည္းကြဲသီခ်င္းေတြနဲ႔ ကမၻာေက်ာ္လာသူ Ariana ကေတာ့ ေၾကာက္စရာေကာင္းတဲ့ ပရိသတ္အင္အားကိုပိုင္ဆိုင္ထားသူျဖစ္သလို ေအာင္ျမင္ေက်ာ္ၾကားတဲ့ Album ေတြကိုလည္းထုတ္ထားၿပီးတဲ့အႏုပညာရွင္တစ္ဦးပါ။အသက္နဲ႔မလိုက္ေအာင္ႏုနယ္ၿပီးခ်စ္ဖို႔ေကာင္းတဲ့Ariana ဟာ ဆုေတြလည္းမ်ားစြာရထားသလို သူမရဲ့ဘဝအေတြ႕အၾကဳံေတြကို လွပတဲ့စာသားေတြအျဖစ္ေျပာင္းလဲဖြဲ႕ဆိုၿပီးပရိသတ္ေတြရဲ့ႏွလုံးသားကိုဖမ္းစားထားနိုင္သူေလးျဖစ္ပါတယ္။ Ariana ရဲ့ ပိုင္ဆိုင္မႈေတြကေတာ့ လက္ရွိမွာ အေမရိကန္ေဒၚလာ သန္း (၈၀)ေက်ာ္လို႔သိိရပါတယ္။

Unicode

ကမ္ဘာ့အကောင်းဆုံးအဆိုုတော်တွေအနုပညာရှင်တွေဆိုတဲ့ သတ်မှတ်ခံရမှုတွေဟာ တစ်နေ့ထက်တစ်နေ့မတူညီပဲပြောင်းလဲနေကြတာပါ။ ဒါပေမယ့် အချိန်တွေအကြာကြီးထိပ်ဆုံးမှာရပ်တည််နေနိုင်တဲ့ တကယ်အရည်အချင်းရှိတဲ့အဆိုတော်တွေဟာလည်း ဒုနဲ့ဒေးပါပဲ။ လက်ရှိမှာကမ္ဘာ့အကောင်းဆုံးလို့သတ်မှတ်ခံထားရတဲ့အမျိုးသမီးအဆိုတော်တွေကို ဖော်ပြပေးလိုက်ပါတယ််။

1. Adele

Adele ဟာ အသက်ဆယ့်ကိုးနှစ်မှာ ပထမဆုံး Album စထွက်ပြီး ပရိသတ်တွေရဲ့တခဲနက်အားပေးခြင်းကိုခံခဲ့ရသူပါ။ လက်ရှိမှာ မရေမတွက်နိုင်တဲ့ဆုပေါင်းများစွာနဲ့ သူမနှစ်သက်တဲ့အဆိုတော်ဘဝကို ဆက်လက်လျှောက်လှမ်းနေတဲ့ Adele ဟာ အမျိုးသမီးအဆိုတော်တွေထဲမှာ ဝင်ငွေအကောင်းဆုံးထဲမှာပါသလို ပရိသတ််အားပေးမှုအများဆုံးအဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ Adele ရဲ့လက်ရှိချမ်းသာကြွယ်ဝနှုန်းက အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကျော်ရှိပါတယ်။

2. Pink

Just give me a reason ဆိုတဲ့ သီချင်းလေးကြားတိုင်း Pink ကို ပြေးသတိရတဲ့ ပရိသတ်တွေရှိပါလိမ့်မယ်။ Pink ဟာ 1995 လောက်ကတည်းက ပရိသတ်တွေကြိုက်နှစ်သက်ခြင်းခံရပြီးကျော်ကြားနေတဲ့အဆိုတော်တစ်ဦးဖြစ်ပြီး အခုအချိန်အထိလည်းအောင်မြင်မှုကိုထိန်းထားနိုင်ဆဲပါ။အခုထိ လှပနုရွပြီး ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေရဲ့နှလုံးသားကိုဖမ်းစားထားတဲ့ Pink ကတော့ ဆုပေါင်းမရေမတွက်နိုင်အောင်ရဖူးပြီး ဝင်ငွေကလည်း ကြမ်းပေ့ဆိုတဲ့အထဲမှာပါဝင်ပါတယ်။ Pink ရဲ့ လက်ရှိကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း (၁၁၀) ကျော်ရှိနေပါတယ်။

3. Taylor Swift

မကြာသေးမီကပဲ Lover Album ထွက်ထားတဲ့ Tay Tay ကတော့ လက်ရှိမှာ ရေပန်းအစားဆုံးအဆိုတော်တစ်ဦးဖြစ်နေပြီး တစ်ကမ္ဘာလုံးရဲ့တခဲဲနက်အားပေးခြင်းကိုလည်းခံနေရပါတယ်။ အသက်ဆယ့်ခြောက်နှစ််ကတည်းကTim Mcgraw လိုသီချင်းမျိုးကိုရေးနိုင်ခဲ့တဲ့ Taylor ဟာ ကမ္ဘာ့အကောင်းဆုံးအဆိုတော်တွေထဲမှာ ထိပ်ဆုံးနားက တစ်ဦးလို့ဆိုရင်ငြင်းစရာမရှိပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ နှလုံးသည်းပွတ်လေးလို့တင်စားခံရတဲ့ Taylor ဟာ အမေရိကန်ပြည်ထောင်စုရဲ့နေရာအနှံ့အပြားမှာ အိမ်နဲ့ခြံကြီးတွေပိုင်တဲ့အပြင်ကိုသူ့ရဲ့ လက်ရှိချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၆၀) ရှိတယ်လို့သိရပါတယ်။

4. Selena Gomez

မကြာခင်မှာ နောက်ထပ် Album အသစ်ထွက်ရှိလာတော့မယ့် Selena ဟာ သရုပ်ဆောင်ကောင်းတဲ့မင်းသမီးတစ်လက်ဖြစ််သလို ငယ်ငယ်ကတည်းက တစ်ကမ္ဘာလုံးက ပရိသတ်တွေအားပေးခြင်းခံရတဲ့အဆိုတော််တစ်ဦးလည်းဖြစ်ပါတယ်။Selena Goemz ရဲ့Revival Tour က ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃၅) သန်းဝင်ခဲ့သလို Selena ပါဝင်တဲ့ A Rainy Day in New York ရုပ်ရှင်ကလည်း လူကြိုက်များတဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ Selena ရဲ့ ချမ်သာကြွယ်ဝမှုကအမေရိကန်ဒေါ်လာ သန်းတစ်ရာနီးပါးရှိတာမို့ကြားရသူတိုင်းကို မျက်ခုံးပင့်သွားစေနိုင်တဲ့ ပမာဏပါပဲ။

5. Ariana Grande

အသည်းကွဲသီချင်းတွေနဲ့ ကမ္ဘာကျော်လာသူ Ariana ကတော့ ကြောက်စရာကောင်းတဲ့ ပရိသတ်အင်အားကိုပိုင်ဆိုင်ထားသူဖြစ်သလို အောင်မြင်ကျော်ကြားတဲ့ Album တွေကိုလည်းထုတ်ထားပြီးတဲ့အနုပညာရှင်တစ်ဦးပါ။အသက်နဲ့မလိုက်အောင်နုနယ်ပြီးချစ်ဖို့ကောင်းတဲ့Ariana ဟာ ဆုတွေလည်းများစွာရထားသလို သူမရဲ့ဘဝအတွေ့အကြုံတွေကို လှပတဲ့စာသားတွေအဖြစ်ပြောင်းလဲဖွဲ့ဆိုပြီးပရိသတ်တွေရဲ့နှလုံးသားကိုဖမ်းစားထားနိုင်သူလေးဖြစ်ပါတယ်။ Ariana ရဲ့ ပိုင်ဆိုင်မှုတွေကတော့ လက်ရှိမှာ အမေရိကန်ဒေါ်လာ သန်း (၈၀)ကျော်လို့သိိရပါတယ်။

Tags: