လက်ရှိကမ္ဘာ့အောင်မြင်ကျော်ကြားဆုံး သရုပ်ဆောင်မမများ
၁။ Scarlett Johansson
၂။ Jennifer Lawrence
၃။ Emma Watson
၎။ Margot Robbie
၅။ Jennifer Aniston
Unicode
နေ့စဉ်ရှင်သန်နေတဲ့ လူ့လောကထဲမှာ ရုပ်ရှင်တွေဟာ တစ်နေရာမဟုတ်တစ်နေရာမှာ စိုးမိုးခြယ်လှယ်မှုတွေဝင်ရောက်နေခဲ့မှာပါ ။ အဲ့ဒီလိုပါပဲ အဲ့ဒီရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေတချို့ကလည်း ကျနော်တို့ရဲ့ စံပြပုဂ္ဂိုလ်တွေဖြစ်လာခဲ့ပါတယ်။ အဲ့ဒီလိုစံပြပုဂ္ဂိုလ်အဖြစ်စံထားသတ်မှတ်ထားရုံတင်မကဘဲ ကျနော်တို့အားလုံရဲ့ နှလုံးသည်းပွတ် (အထူးသဖြင့်ယောကျ်ားလေးတွေ) ကိုပိုင်စိုးထားနိုင်တဲ့ သရုပ်ဆောင်မမ တွေကလည်းဒုနဲ့ဒေးပါပဲ။ အခုကျနော်တို့ဖော်ပြပေးသွားမယ့် အကြောင်းရာလေးကတော့ ကမ္ဘာ့အောင်မြင်အကျော်ကြားဆုံး အမျိုးသမီးသရုပ်ဆောင်မမတွေပဲ ဖြစ်ပါတယ်။
၁။ Scarlett Johansson
Black widow (နာတာရှာ) ဆိုတဲ့ နာမည်နဲ့ဒီဘက်နှစ်တွေက MCU ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေပိုသိလာတယ်လို့ဆိုရပေမယ့် တကယ်တော့ သူဟာ သရုပ်ဆောင်တစ်ယောက်တင်မဟုတ်ဘဲ သီချင်းတွေပါသီဆိုတဲ့ အမေရိကန်ဒိန်းမတ် လူမျိုးသရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူရဲ့ပထမဆုံးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားကတော့ North (1994) ဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ သရုပ်ဆောင်ထူးချွန်ဆုတွေကိုလည်းရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။
၂။ Jennifer Lawrence
Jennifer Lawrence ဆိုတဲ့ အသက် ၂၉ နှစ်အရွယ် မင်းသမီးချောလေးတစ်ယောက် ကိုတော့ Adventure ဇာတ်ကားကောင်းတွေကြိုက်တဲ့ လူငယ်တွေသိကြမယ်ထင်ပါတယ်။ သူကတော့ Hunger Games ဆိုတဲ့ဇာတ်ကားတွေထဲမှာ အဓိကသရုပ်ဆောင်တစ်ယောက်အဖြစ်ပါဝင် သရုပ်ဆောင်ထားသူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က Red Sparrow ဆိုပြီးဇာတ်ကားတစ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ဘူးပါတယ်။ သူကတော့ကမ္ဘာ့အောင်မြင်အကျော်ကြားဆုံး အမျိုးသမီးသရုပ်ဆောင်တွေစာရင်းမှာ နံပါတ်၂ နေရာကနေပါဝင်နေတာပဲ ဖြစ်ပါတယ်။
၃။ Emma Watson
ဟယ်ရီပေါ်တာဇာတ်လမ်းတွဲတွေထဲက ထက်မြတ်ပြီးချစ်စရာကောင်းတဲ့ ကောင်မလေး ဟာမိုနီ အဖြစ်ကျနော်တို့ ရင်ထဲမှာ ကျနော်တိုနဲ့အတူ အသက်ရွယ်တစ်ခုရလာခဲ့တဲ့ Emma Watson ကလည်း ဒီစာရင်းမှာ တတိယနေရာကနေ ပါဝင်နေပါတယ်။ အခုဆိုရင်တော့ သူဟာ အခုဆိုရင် Disney ရဲ့ တချို့ဇာတ်ကားလေးတွေမှာပါ ပါဝင်သရုပ်ဆောင်နေပါပြီ။ ချစ်ရတဲ့ Emma လေး ဒီစာရင်းရဲ့ ထိပ်ဆုံးတချိန်မှာ ရောက်လာနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။
၄။ Margot Robbie
Daddy’s Monster(ဟာလေကွင်း) လေးအဖြစ်နဲ့ ကျနော်တို့ရင်ထဲကို တိုးဝင်ရောက်လာခဲ့တဲ့ Margot Robbie ကလည်း ဒီစာရင်းမှာပါဝင်နေပါတယ်။ သူကတော့ သြစတေးလျလူမျိုး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ Tarzan ဇာတ်လမ်းကို Reboot ပြန်လုပ်ထားတဲ့ Legend Of Tarzan မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ လာမယ့်နှစ်အတွင်းမှာလည်း Harley Queen Solo Movie လည်းထွက်လာဖို့ရှိပါတယ်။
၅။ Jennifer Aniston
အသက် ၅၀ အရွယ်ရှိနေပြီ ဖြစ်တဲ့ အမေရိကန် လူမျိုးသရုပ်ဆောင်မင်းသမီး Jennifer Aniston ကလည်း ဒီစာရင်းရဲ့ နံပါတ် ၅နေရာမှာ ပါဝင်နေပါတယ်။ သူကတော့ အခုဆိုရင် သရုပ်ဆောင်အလုပ်တင်မဟုတ်ဘဲ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရိုမန့် အမျိုးစားဇာတ်ကားတွေကို ပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့ Jennifer တစ်ယောက် ဒီစာရင်းမှာပါဝင်လာတာကလည်း အဆန်းတကြယ်ကိစ္စတော့မဟုတ်ပါဘူး ။