လက်​ဖျားခါရလောက်တဲ့ အထူးခြားဆုံး ကိတ်​မုန့်​လက်​ရာဖန်​တီးမှုများ

0
79

ကိတ်​မုန့်​ကို သိပ်​ကြိုက်​တဲ့သူ​တွေအပြင်​ ကိတ်​မုန့်​ကို အမြဲဆန်းသစ်​တီထွင်​ပြီး ဖုတ်​​လေ့ရှိတဲ့ ကိတ်​မုန့်​ဖုတ်​သူ​တွေအတွက်​ပါ ထူးထူးခြားခြား တင်​ဆက်​​ပေးလိုက်​ပါတယ်​။ တကယ်​မိုက်​တာမို့ စိတ်​ကူး​တွေ စီးကူးပြီး ချစ်​သူခင်​သူ​တွေအတွက်​လည်း လက်​ရာဆန်းဆန်း ​မွေး​နေ့ကိတ်​ကြီး​တွေ လက်​​ဆောင်​​ပေးလို့ရတာ​ပေါ့​လေ။ တစ်​ခုခု ​ပြောစရာ ကျန်​​စေပါလိမ့်​မယ်​။

၁။

မြွေကို အ​ကြောက်​ကြီး​ကြောက်​တတ်​ကြရင်​​တော့ စား​တောင်​ ဝင်​ပါ့မလား​လေ။ လုပ်​ထားတာက ပိရိလွန်း​တော့ မြင်​ရုံနဲ့ထွက်​​ပြေးချင်​စရာကြီးရယ်​။ အလှဆင်​ထားက သပ်​ရပ်​လွန်းပါတယ်​။ စိတ်​ကူးကြမ်းတယ်​​ပြောရမယ်​။

၂။

ကိုယ့်​မြို့မှာ ဒီလိုစာအုပ်​ဆိုင်​​လေး​တွေ မဖွင့်​ချင်​ကြဘူးလား။ သွားလို့သိပ်​​ကောင်း၊ ​နေလို့​သိပ်​​ကောင်းပြီး စာဖတ်​ရတာ ​အေး​ဆေးပဲ​လေ။ ​တော်​​တော်​ဆန်းကြယ်​ပြီး အနုစိတ်​လှတဲ့လက်​ရာပါ။ စာအုပ်​ဆိုင်​ကိတ်​မုန့်​​လေး​ပေါ့။

၃။

Up ရုပ်​ရှင်​ဇာတ်​​ကားကို အသည်းစွဲခဲ့ကြသူ​တွေအတွက်​​တော့ တန်​ဖိုးထားစရာ လက်​ရာပါပဲ။ ဒီကိတ်​မု့န်​ကို ဘယ်​လို သွားခွဲစားဝံ့ပါ့မလဲ။ အလှဝယ်​ပြီးပဲ တစ်​သက်​လုံး သိမ်းထားပစ်​လိုက်​ရ​နော်​။ အနုပညာလက်​ရာစစ်​စစ်​ဆိုတာကို မြင်​သာလွန်း​စေတာကိုး။

၎။

အဟား… ဖိနပ်​ခ​ရေဇီ​တွေအတွက်​ လာပါပြီ။ ​ယောင်​ပြီးသွား မစီးမိဖို့​တော့ ကိုယ့်​စိတ်​ကိုယ်​ထိန်းထားရမှာဗျ။ ဖိနပ်​ချစ်​သူ​တွေ၊ ဖိနပ်​ဆို အရူးအမူးကြိုက်​တဲ့သူ​တွေအတွက်​ ​မွေး​နေ့အတွက်​ လက်​​ဆောင်​​ပေးသင့်​တဲ့ အမိုက်​စား Sneakerကိတ်​ ပဲဗျ။

၅။

ဒါက​တော့ ကားချစ်​သူ​တွေအတွက်​​ပေါ့ဗျာ။ လက်​​ဆောင်​ ရတဲ့သူက​တော့ အ​တော်​​ပျော်​သွားမှာဗျ။ ကိုယ်​ချစ်​ရတဲ့သူ​တွေအတွက်​ အမြန်​ဆုံးဖန်​တီး​ပေးလိုက်​ဦး။ ကိတ်​မုန့်​ကိုဖန်​တီးထားပုံက အနုပညာလက်​ရာအရ ​ပြောစရာတစ်​ကွက်​မရှိ​အောင်​ လုံးဝပြီးပြည့်​စုံ​နေတယ်​။

၆။

ကိုင်း… ဂီတရဲ့အရသာကို ဒီကိတ်​က ထုတ်​​ပေးနိုင်​​လောက်​တဲ့အထိကို စိတ်​ထဲထင်​သွားရ​အောင်​ သိပ်​ခမ်းနား​နေပါ့လား။ ချိုမြိန်​တဲ့ ကိတ်​မုန့်​က​နေ ချိုလွင်​တဲ့ သံစဉ်​​တွေ စီးဆင်းလာ​နေသလိုပါပဲ။ အ​တော်​ကို စိတ်​ကူးထွင်း​ဖောက်​မှုရှိထားပြီး ရူးရူးသွပ်​သွပ်​ နဲ့ကို ဖန်​တီးထားတဲ့ ကိတ်​မုန့် လက်​ရာပါ။ အရမ်းမိုက်​ပါတယ်​။

၇။

ပြောမယုံ… ကြုံဖူးမှသိပါပဲ။ ပုံမှာမြင်​ရတဲ့ ဒယ်​အိုးကင်းကအစ ကိတ်​မုန့်​ဖန်​တီးမှုလက်​ရာပါ။ ထူးပြီး​ပြော​နေစရာမလို​တော့​လောက်​ပါပဲ။ ဆွံ့အသွားရတာပဲ။ လက်​ဖျားချရပါတယ်​။

ZAW (H2H)