လန့်ဖျပ်အော်ဟစ်မိစေမယ့် ရယ်စရာတလွဲအဖြစ်အပျက်တွေ

0
151

လူတိုင်းလူတိုင်းမှာ ကံဆိုးမိုးမှောင်ကျရတဲ့နေ့ရက်တွေအချိန်တွေရှိကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်တွေကျော်လွန်ပြီးသွားရင်တော့ ကံဆိုးခဲ့တာကကိုယ်မဟုတ်သလိုပြန်အဆင်ပြေသွားစမြဲပါ။ ဒီပို့စ်ထဲက ကံဆိုးသူမောင်ရှင်တွေကတော့ တော်တန်ရုံလူတွေဖတ်မိရင် “ဟိုက်”ခနဲ လန့်ဖျပ်အော်ဟစ်သွားမိစေမှာအမှန်ပါပဲ။အချို့ပုံတွေကတော့ ရယ်ရမလိုသနားရမလိုခံစားမှုမျိုးရစေမှာပါ။
ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ငါတစ်ယောက်ထဲကံဆိုးပြီးတလွဲတွေလုပ်နေတာမဟုတ်ပါလားလို့စိတ်သက်သာရာရစေရန် လန့်အော်မိရလောက်အောင်တလွဲဖြစ်နေတဲ့အဖြစ်အပျက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်။

အနားနားဘယ်သူမှမရှိတော့တဲ့အခါ….


မရှိဘူး။မရှိဘူး။ဘယ်သူမှမရှိဘူး။ မရှိဘူးဆိုရင် မွေးနေ့မှာတောင် Bithday Wish လုပ်ပေးတဲ့သူမရှိတာမျိုး။ တစ်ယောက်မှမရှိတာတောင်လာပြောနေရသေးတယ် Facebook ရယ်၊ရင်နာလိုက်တာ။

စေ့စပ်ပွဲမှာမှ ဆံပင်တုကျွတ်ကျသွားတဲ့အခိုက်အတန့်

လှတပတလေးပြင်ပြီး စေ့စပ်ပွဲအတွက်ဓာတ်ပုံတွေရိုက်နေချိန်မှာ ခေါင်းကဆံပင်တုက ရုတ်တရက်ချက်ချင်းဆိုသလို အသံမပေးဘာမပေးနဲ့လွတ်ကျသွားလေတော့ အရှက်တွေကွဲရပြီပေါ့။ ဒါပေမယ့် ပြုတ်ကျသွားတဲ့ဆံပင်တုက သတို့သမီးလောင်းရဲ့အပျော်တွေကိုအနှောက်အယှက်ပေးနိုင်ပုံမပေါ်ပါဘူး။ အားပါးတရရယ်နေတာကိုကြည့်ပါဦး။

Laptop ပေါ်မှာမှ ဇီဝိန်ချုပ်သွားတဲ့ ငှက်

ကိုယ်အလုပ်လုပ်နေတုန်း၊စာကျက်နေတုန်းမှာ ငှက်တစ်ကောင်က ပြတင်းပေါက်က ဝင်လာပြီး လက်ပ်တော့ပေါ်အညစ်အကြေးစွန့်၊အဲဒီလက်ပ်တော့ပေါ်ပဲအသက်ကုန်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ ဘယ်လိုခံစားရမှာပါလိမ့်။ ဒီပုံထဲက လက်ပ်တော့ပိုင်ရှင်ကတော့ရယ်ရမလိုလိုငိုရမလိုလိုနဲ့အီလည်လည်ကြီးဖြစ်နေမှာအသေအချာပါပဲ။

ရေကန်ထဲကအိပ်ခန်း

ကြည့်ရတာတော့ ရေကန်ဘေးကအလွန်သာယာလှပတဲ့ အိမ်လေးတစ်လုံးရဲ့အိပ်ခန်းတစ်ခန်းဖြစ်ပုံပါပဲ။ အိပ်ရာထဲကနေ ရေပြင်ကြီးကို မြင်နေရတဲ့ ဇိမ်ကျကျအခန်းလေးက မုန်တိုင်းတိုက်ပြီးနောက်တစ်နေ့မှာတော့ သိပ်ပြီး ဇိမ်မကျတော့ပါဘူး။ အချိန်မရွေး ရေပြင်ကြီးထဲအသက်ပျောက်သွားနိုင်တဲ့ နေရာတစ်ခုဖြစ်လို့နေပါပြီ။

ကားထဲကိုဦးတည်နေတဲ့ရေလုံးကြီး

သင့်ရဲ့အတွင်းပိုင်းအပြင်အဆင်အလန်းစားနဲ့ကားအသစ်ကျပ်ချွတ်လေးကိုအမိုးအောက်မဟုတ်ပဲ ရပ်ထားမိမယ်ဆိုရင် နောက်တစ်နေ့မှာသင်မြင်တွေ့ရမယ့်ပုံစံပါ။ ဒီဖြစ်ရပ်ကတော့ ထူးဆန်းတဲ့အထဲမှာပါပြီး ရေခဲမိုးတွေရွာလို့ ဒီလိုဖြစ်တာလို့ ယူဆရပါတယ်။ မမေ့နဲ့နော် ကားကိုအမိုးအောက်ထဲမှာသေချာရပ်ပါ။

ဆံပင်ဆိုးဆေးနဲ့ဓာတ်မတည့်တဲ့အခါ

ဆံပင်ဆိုးဆေးတွေက ဆိုးပြီး နာရီအနည်းငယ်ကြာမှထပြီးဓာတ်မတည့်တော့တာတွေလည်းရှိတယ်ဆိုပါတယ်။ ဒီဓာတ်ပုံထဲကလူက အဲဒီလိုဆံပင်ဆိုးဆေးနဲ့တွေ့ခဲ့ပုံပါပဲ။ ဆိုးပြီးခါစတုန်းကတော့ အလန်းလေးပေါ့။ စတိုင်နဲ့ပေါ့။ အဲ..နည်းနည်းလည်းကြာရော. ဓာတ်မတည့်တာက ရုန်းကြွလာပြီး မဟာနဖူးပြင်ကြီးနဲ့ပတ်ပတ်လည်ဟာ လေထိုးလိုက်သလို ဖောင်းကြွလာတော့တာပါပဲ။ နောက်ဆုံးပုံက Justin Bieber နဲ့တောင်ယောင်ယောင်လေးတူနေသေး။

ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော ဒီလိုငိုရအခက်ရယ်ရအခက် ကံဆိုးမှုတွေကြုံဖူးကြတဲ့သူတွေရှိလား။ သူငယ်ချင်းတွေဖြစ်ဖူးတဲ့တလွဲဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်ထားမိသူတွေရှိရင်လည်း Mention ခေါ်ပြီး ဆေးထိုးခဲ့ဦးနော်..။

Can’t Wait To Say

Unicode
















Can’t Wait To Say