လာမယ့် Batman ဇာတ်ကားသစ်ထဲမှာ Catwoman အဖြစ်ပါဝင်လာမယ့် Jason Momoa ရဲ့ သမီး









Unicode

စွဲဆောင်မှုရှိရှိနဲ့ လယ်သာ အင်္ကျီအနက်ရောင် ဝမ်းဆက်ကို ဝတ်ဆင်ပြီး Gotham မြို့ရဲ့ ညတွေမှာ Batman နဲ့အပြိုင် Catwoman ဆိုတဲ့ Anti Hero တစ်ယောက်ကိုလည်း Batman အကြောင်းပြောမယ်ဆိုရင် ချန်လှပ်ထားလို့မရပါဘူး ။ Gotham ဆိုတဲ့ဇာတ်ကားထဲမှာတော့ Catwoman ကာရိုက်တာကို Bruce Wyane ရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ပုံ စံအသက်သွင်းခဲ့တာကိုလည်း DC ပရိသတ်တစ်ယောက် ဆိုရင် သိပြီးသားဖြစ်မှာပါ ။ Batman Trilogy ထဲမှာတော့ Catwoman နဲ့ Batman ဟာ သေချာသလောက်ကြီး မရင်းနီးနေခဲ့ပါဘူး ။ ဘာပဲပြောပြ Gotham မြို့ကြီးထဲမှာတော့ Catwoman ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။



Robert Pattinson ကို Batman အဖြစ်ရွေးချယ်ပြီး ရိုက်ကူးမယ်ဆိုတဲ့ သတင်းတွေကတော့ လွန်ခဲ့ လပိုင်းတွေကတည်းက အတည်ပြုခဲ့ပြီးသားပါ။ Ben Affleck ကြီးတစ်ယောက်ကတော့ Batman Solo ရုပ်ရှင်ရိုက်မသွားရပေမယ့်လည်း။ Pattinson ကတော့ အခွင့်ရေးကောင်းတစ်ခုကို လက်ဝယ်ပိုင်ဆိုင်သွားနိုင်ပါတယ်။ အဲ့ဒီကားကို စီစဉ်ရိုက်ကူးမယ့် ဒါရိုက်တာကလည်း Planet Apes နှစ်ကားကိုရိုက်ကူးထားတဲ့ ဒါရိုက်တာ Matt Reeves ပါ။ Matt Reeves ကတော့ The Batman ဆိုတဲ့ DCEU ရဲ့ ဇာတ်ကားကို ရိုက်ကူးဖို့ Pre Production တွေလုပ်နေရုံမကပဲ ဇာတ်ကားထဲမှာပါဝင် သရုပ်ဆောင်မယ့် သရုပ်ဆောင်တွေကိုလည်း တစ်ယောက်ပြီးတစ်ယောက် မိတ်ဆက်ပေးနေပါတယ်။

အခုကျနော် ပထမဆုံး အပိုဒ်မှာဖော်ပြထားတဲ့ Catwoman နေရာမှာ သရုပ်ဆောင်မယ့် အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ကိုလည်း Reeves က ထုတ်ဖော်ပြောပြလိုက်ပါပြီ။ သူကတာ့ တခြားမသူမဟုတ်ပါဘူး ကျနော်တို့ရဲ့ ချစ်လှစွာသော ရေဘုရင်ကြီးနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Jason Momoa ရဲ့ မယားသမီးဖြစ်တဲ့ Zoë Isabella Kravitz ပါပဲ။ Zoë Isabella Kravitz ကတော့ လက်ရှိမှာ အသက် ၃၁ နှစ်အရွယ်ရှိပြီ်း သူကိုယ်တိုင်ကလည်း သရုပ်ဆောင် မော်ဒယ်တစ်ယောက် အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူတစ်ယောက် ဖြစ်ပါတယ်။ စွဲဆောင်မှုရှိတဲ့ သူပုံစံနဲ့ Catwoman ဆိုတဲ့ ကာရိုက်တာကတော့ တကယ်ကို တစ်ထပ်တည်း ကျလိမ့်မယ်လို့လည်း ချီးကျူးပြောဆိုနေသူတွေရှိသလို သူ့က ဘယ်လိုမှ Catwoman ဖြစ်မလာနိုင်ဘူးလို့လည်း ဝေဖန်ပြစ်တင်နေသူတွေလည်း ရှိနေပါတယ်။ ဘာပဲပြောပြော ရေဘျင်ကြီးရဲ့ မယားပါသမီးက ဒီလိုနေရာမှာ သရုပ်ဆောင်မယ်ဆိုတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းနေပါပြီ။ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို Comment မှာ ပြန်လည် ဝေမျှခဲ့ကြပါဦး ခင်ဗျာ ။