လူမုန္းမ်ားတဲ႔ ဇာတ္ေကာင္ေတြနဲ႔ပရိသတ္ခ်စ္တာခံခဲ႔ရတဲ႔ သရုပ္ေဆာင္ဦးေက်ာက္လံုး

0
67

ဦးေက်ာက္လံုးကို ျမန္မာႏိုင္ငံက လူတိုင္း သိၾကမွာပါ။ ဒါမယ္႔ သူ႔ရဲ႕ အေၾကာင္းကိုေတာ႔ သိတဲ႔ သူနည္းပါလိမ္႔မယ္။ ဦးေက်ာက္လံုးရဲ႕ အေၾကာင္းကို ေျပာခ်င္လြန္းလို႔ပရိသတ္ေတြ အတြက္ ရွာေဖြ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

သူ႔ရဲ႕ အမည္ရင္းကေတာ႔ ဦးေအာင္ႀကီး ျဖစ္ၿပီး အဖဦးေသး နဲ႔ ေဒၚတင္တို႔က ၁၉၁၇ခုႏွစ္ ျမင္းၿခံခရိုင္ ႏြားထိုးႀကီးၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ေမြးခ်င္း ခုႏွစ္ဦး အနက္ စတုတၱေျမာက္ သားျဖစ္ျပီး ငယ္စဥ္က ျမင္းၿခံၿမိဳ႕မွာ  ပညာသင္ၾကားကာ ဆယ္တန္း ေအာင္ျမင္ခဲ့သည္။ ဆယ္တန္း ေအာင္ၿပီးေနာက္မွာေတာ႔ ျမင္းၿခံၿမိဳ႕မွာ ခရိုင္႐ုံးစာေရးအျဖစ္ လုပ္ကိုင္ခဲ႔ပါတယ္။ ဦးေအာင္ႀကီး ဟာအလုပ္ကို ႀကိဳးစားလုပ္ကိုင္ခဲ႔ျပီး စည္းစနစ္ က်နသည္သူပါ။  ၁၉၄၁-ခုႏွစ္တြင္ ျမင္းၿခံႏွင့္ မိတၳီလာေထာင္မ်ားမွာ ေထာင္မွူးအလုပ္ကို လုပ္ကိုင္ခဲ႔ပါတယ္။ ေနာက္ပိုင္းမွာေတာ႔ ကန္ထရိုက္ လုပ္ငန္းကို ေျပာင္းလဲ လုပ္ကိုင္ခဲ့ၿပီး ဦးေအာင္ႀကီးကို ေက်ာ္ေအာင္ကုမၸဏီပိုင္ရွင္ အျဖစ္ လည္း သိရွိၾကပါတယ္။ ၁၉၅၂-ခုႏွစ္မွာေတာ႔ `သဂၤဟ´တူရိယာအဖြဲ႔ကို  စုေပါင္းတည္ေထာင္ခဲ့ပါတယ္။

သူ သရုပ္ေဆာင္ျဖစ္လာခဲ႔တာကေတာ႔ ဂ်ပန္ေခတ္ ၁၉၅၄-ခု၊ မႏၲေလးမွာ ေထာင္ပိုင္ဘဝ ျဖင့္ေနထိုင္စဥ္ မိတ္ေဆြ မႏၲေလး႐ုပ္ရွင္မွ ပြဲဦးထြက္ ဇာတ္ကားျဖစ္ေသာ ဒါရိုက္တာ ဦးသုခ ရိုက္ကူးတဲ႔ ‘ဘဝသံသရာ´ဇာတ္ကားမွာ သ႐ုပ္ေဆာင္ေပးဖို႔ အကူအညီ ေတာင္းလို႔ ဝင္ေရာက္ သ႐ုပ္ေဆာင္ ေပးခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ပညာရပ္အား လြယ္ကူစြာ နားလည္ သေဘာေပါက္ျခင္း၊ ဒိုင္ယာေလာခ့္ ပိုင္နိုင္ျခင္း စသည့္ အႏုပညာ ဓာတ္ခံ ေတြေၾကာင္႔  ဇာတ္ကားမ်ား ဆက္လက္ ရိုက္ကူးရန္ အခြင့္အလမ္း ေကာင္းမ်ား ရလာခဲ့ပါတယ္။ အဲ႔ဒီဇာတ္ကားမွာေတာ႔ သူ႔နာမည္ကို မႏၱေလး ေအာင္ၾကီးလို႔ စာတန္းထိုးခဲ႔ပါတယ္။

ဦးေက်ာက္လုံး (၁၉၁၇-၁၉၈၂)ဟာ အကယ္ဒမီ ႐ုပ္ရွင္ ထူးခၽြန္ဆု သုံးႀကိမ္တိုင္တိုင္ ရရွိခဲ့ေသာ သ႐ုပ္ေဆာင္တစ္ဦးပါ။ လူၾကမ္း၊ လူယုတ္မာ ဇာတ္႐ုပ္မ်ားမွာ အလြန္ပီျပင္စြာ သ႐ုပ္ေဆာင္နိုင္တဲ႔ အျပင္ အခ်စ္၊ ဒရာမာ စတဲ႔ က်ရာ ဇာတ္႐ုပ္ေတြမွာပါ ပိုင္နိုင္လွတဲ႔အတြက္ ယေန႔တိုင္ ပရိသတ္မွ အမွတ္ရေနၾကတဲ႔ အႏုပညာရွင္တစ္ဦးပါ။

၁၉၆၂ခုႏွစ္တြင္ ေရႊမန္း႐ုပ္ရွင္ ဒါရိုက္တာ ေရႊဒုံးဘီးေအာင္ရဲ႕ “အေတြ႕” ဇာတ္ကားနဲ႔ ပထမဆုံး အမ်ိဳးသားဇာတ္ပို႔ ဆုရရွိ ခဲ့ၿပီး ၁၉၆၄ခုႏွစ္မွာေတာ႔ ရွုမဝဦးေက်ာ္ရဲ႕ “ရင္ဝယ္တသိမ့္သိမ့္” နဲ႔ ဒုတိယအႀကိမ္ အမ်ိဳးသားဇာတ္ပို႔ဆု ထပ္မံ ရရွိခဲ့ပါတယ္။ ထို႔ေနာက္ ၁၉၆၅ခုႏွစ္မွာ “ခ်စ္သမီး” ဇာတ္ကားနဲ႔ တတိယအႀကိမ္ ထူးခၽြန္ဆု ရရွိ ခဲ့ပါတယ္။ “ခ်စ္သမီး” ဇာတ္ကားမွာဆိုရင္ေတာ႔ ပရိသတ္ ေတြ႕ျမင္ေနၾက လူၾကမ္း ဇာတ္ေကာင္ အျဖစ္သ႐ုပ္မေဆာင္ပဲ ေမြးစားသမီးျဖစ္သူကို လြန္စြာ ခ်စ္ေသာ ဖခင္အျဖစ္ သ႐ုပ္ေဆာင္ ခဲ့သလို၊ သမီးအျဖစ္ သ႐ုပ္ေဆာင္ ခဲ့သူ ဝါဝါဝင္းေရႊပါ အကယ္ဒမီဆု ရရွိခဲ့ပါတယ္။ ဦးေက်ာက္လုံးဟာ ထိုစဥ္ ကာလေတြက ပရိသတ္၏ အရြံ၊ အမုန္းကိုလြန္စြာ ခံရသူျဖစ္ေပမယ္႔ ဝမ္းသာစြာ ခံယူတတ္ သူလည္း ျဖစ္ပါတယ္။ “ပရိသတ္ အရမ္းမုန္း ခံရေလ အရမ္းေအာင္ျမင္ေလ” ဟုဆို ခဲ့ဖူးသူပါ။

မႏၲေလး ဦးေအာင္ႀကီး အား ဦးေက်ာက္လုံး ျဖစ္လာေစတဲ႔  ႐ုပ္ရွင္ဇာတ္ကားမွာ ဒါရိုက္တာ ေရႊဒုံးဘီေအာင္၏ `ဤလူ႔ေဘာင္တြင္´ဇာတ္ကားျဖစ္ပါတယ္။ အဲ႔ဒီဇာတ္ကားမွာ ဦးေအာင္ႀကီးက လူယုတ္မာ တစ္ဦးအသြင္ သ႐ုပ္ေဆာင္ရတာပါ။ သ႐ုပ္ေဆာင္ ပီျပင္သည့္အတြက္ ဦးေအာင္ႀကီး ကေန ဦးေက်ာက္လုံး အမည္တြင္ သြားခဲ့တာပါပဲ။

သူ႔ရဲ႕ ဇနီးကေတာ႔ ေဒၚျမၿမ ျဖစ္ျပီး သားသမီး ၇ေယာက္ ထြန္းကားခဲ့ကာ  ေျမးျဖစ္သူ ဝါဝါေအာင္ တစ္ဦးပဲ သ႐ုပ္ေဆာင္ေလာက သို႔ဝင္ေရာက္ခဲ့ပါတယ္။ ၁၉၈၂ခုႏွစ္ ေမလ(၂၆)ရက္ေန႔ ရန္ကုန္ရွိ တာေမြေနအိမ္မွာ အသက္၆၅ႏွစ္ အရြယ္တြင္ ကြယ္လြန္သြားခဲ႔တာပါ။

အခု တင္ဆက္ေပးလိုက္တဲ႔ အေၾကာင္းအရာေလးကိုၾကိဳက္ႏွစ္သက္တယ္ဆိုရင္ေတာ႔ ေျပာခ်င္လြန္းလို႔ facebook စာမ်က္ႏွာကို see first လုပ္ျပီး ဆက္လက္အားေပးပါဦးေနာ္။ ဦးေက်ာက္လံုးအေၾကာင္း မသိေသးတဲ႔ သူေတြ သိရေအာင္လည္း ျပန္လည္ မွ်ေဝေပးပါဦး။

Ref: ဝီကီပီးဒီးယား

Unicode

ဦးကျောက်လုံးကို မြန်မာနိုင်ငံက လူတိုင်း သိကြမှာပါ။ ဒါမယ့် သူ့ရဲ့ အကြောင်းကိုတော့ သိတဲ့ သူနည်းပါလိမ့်မယ်။ ဦးကျောက်လုံးရဲ့ အကြောင်းကို ပြောချင်လွန်းလို့ပရိသတ်တွေ အတွက် ရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်နော်။

သူ့ရဲ့ အမည်ရင်းကတော့ ဦးအောင်ကြီး ဖြစ်ပြီး အဖဦးသေး နဲ့ ဒေါ်တင်တို့က ၁၉၁၇ခုနှစ် မြင်းခြံခရိုင် နွားထိုးကြီးမြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ခုနှစ်ဦး အနက် စတုတ္တမြောက် သားဖြစ်ပြီး ငယ်စဉ်က မြင်းခြံမြို့မှာ  ပညာသင်ကြားကာ ဆယ်တန်း အောင်မြင်ခဲ့သည်။ ဆယ်တန်း အောင်ပြီးနောက်မှာတော့ မြင်းခြံမြို့မှာ ခရိုင်ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဦးအောင်ကြီး ဟာအလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့ပြီး စည်းစနစ် ကျနသည်သူပါ။  ၁၉၄၁-ခုနှစ်တွင် မြင်းခြံနှင့် မိတ္ထီလာထောင်များမှာ ထောင်မှူးအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကန်ထရိုက် လုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်ခဲ့ပြီး ဦးအောင်ကြီးကို ကျော်အောင်ကုမ္ပဏီပိုင်ရှင် အဖြစ် လည်း သိရှိကြပါတယ်။ ၁၉၅၂-ခုနှစ်မှာတော့ `သင်္ဂဟ´တူရိယာအဖွဲ့ကို  စုပေါင်းတည်ထောင်ခဲ့ပါတယ်။

သူ သရုပ်ဆောင်ဖြစ်လာခဲ့တာကတော့ ဂျပန်ခေတ် ၁၉၅၄-ခု၊ မန္တလေးမှာ ထောင်ပိုင်ဘဝ ဖြင့်နေထိုင်စဉ် မိတ်ဆွေ မန္တလေးရုပ်ရှင်မှ ပွဲဦးထွက် ဇာတ်ကားဖြစ်သော ဒါရိုက်တာ ဦးသုခ ရိုက်ကူးတဲ့ ‘ဘဝသံသရာ´ဇာတ်ကားမှာ သရုပ်ဆောင်ပေးဖို့ အကူအညီ တောင်းလို့ ဝင်ရောက် သရုပ်ဆောင် ပေးခဲ့ပါတယ်။ သရုပ်ဆောင် ပညာရပ်အား လွယ်ကူစွာ နားလည် သဘောပေါက်ခြင်း၊ ဒိုင်ယာလောခ့် ပိုင်နိုင်ခြင်း စသည့် အနုပညာ ဓာတ်ခံ တွေကြောင့်  ဇာတ်ကားများ ဆက်လက် ရိုက်ကူးရန် အခွင့်အလမ်း ကောင်းများ ရလာခဲ့ပါတယ်။ အဲ့ဒီဇာတ်ကားမှာတော့ သူ့နာမည်ကို မန္တလေး အောင်ကြီးလို့ စာတန်းထိုးခဲ့ပါတယ်။

ဦးကျောက်လုံး (၁၉၁၇-၁၉၈၂)ဟာ အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု သုံးကြိမ်တိုင်တိုင် ရရှိခဲ့သော သရုပ်ဆောင်တစ်ဦးပါ။ လူကြမ်း၊ လူယုတ်မာ ဇာတ်ရုပ်များမှာ အလွန်ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အပြင် အချစ်၊ ဒရာမာ စတဲ့ ကျရာ ဇာတ်ရုပ်တွေမှာပါ ပိုင်နိုင်လှတဲ့အတွက် ယနေ့တိုင် ပရိသတ်မှ အမှတ်ရနေကြတဲ့ အနုပညာရှင်တစ်ဦးပါ။

၁၉၆၂ခုနှစ်တွင် ရွှေမန်းရုပ်ရှင် ဒါရိုက်တာ ရွှေဒုံးဘီးအောင်ရဲ့ “အတွေ့” ဇာတ်ကားနဲ့ ပထမဆုံး အမျိုးသားဇာတ်ပို့ ဆုရရှိ ခဲ့ပြီး ၁၉၆၄ခုနှစ်မှာတော့ ရှုမဝဦးကျော်ရဲ့ “ရင်ဝယ်တသိမ့်သိမ့်” နဲ့ ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆု ထပ်မံ ရရှိခဲ့ပါတယ်။ ထို့နောက် ၁၉၆၅ခုနှစ်မှာ “ချစ်သမီး” ဇာတ်ကားနဲ့ တတိယအကြိမ် ထူးချွန်ဆု ရရှိ ခဲ့ပါတယ်။ “ချစ်သမီး” ဇာတ်ကားမှာဆိုရင်တော့ ပရိသတ် တွေ့မြင်နေကြ လူကြမ်း ဇာတ်ကောင် အဖြစ်သရုပ်မဆောင်ပဲ မွေးစားသမီးဖြစ်သူကို လွန်စွာ ချစ်သော ဖခင်အဖြစ် သရုပ်ဆောင် ခဲ့သလို၊ သမီးအဖြစ် သရုပ်ဆောင် ခဲ့သူ ဝါဝါဝင်းရွှေပါ အကယ်ဒမီဆု ရရှိခဲ့ပါတယ်။ ဦးကျောက်လုံးဟာ ထိုစဉ် ကာလတွေက ပရိသတ်၏ အရွံ၊ အမုန်းကိုလွန်စွာ ခံရသူဖြစ်ပေမယ့် ဝမ်းသာစွာ ခံယူတတ် သူလည်း ဖြစ်ပါတယ်။ “ပရိသတ် အရမ်းမုန်း ခံရလေ အရမ်းအောင်မြင်လေ” ဟုဆို ခဲ့ဖူးသူပါ။

မန္တလေး ဦးအောင်ကြီး အား ဦးကျောက်လုံး ဖြစ်လာစေတဲ့  ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ `ဤလူ့ဘောင်တွင်´ဇာတ်ကားဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားမှာ ဦးအောင်ကြီးက လူယုတ်မာ တစ်ဦးအသွင် သရုပ်ဆောင်ရတာပါ။ သရုပ်ဆောင် ပီပြင်သည့်အတွက် ဦးအောင်ကြီး ကနေ ဦးကျောက်လုံး အမည်တွင် သွားခဲ့တာပါပဲ။

သူ့ရဲ့ ဇနီးကတော့ ဒေါ်မြမြ ဖြစ်ပြီး သားသမီး ၇ယောက် ထွန်းကားခဲ့ကာ  မြေးဖြစ်သူ ဝါဝါအောင် တစ်ဦးပဲ သရုပ်ဆောင်လောက သို့ဝင်ရောက်ခဲ့ပါတယ်။ ၁၉၈၂ခုနှစ် မေလ(၂၆)ရက်နေ့ ရန်ကုန်ရှိ တာမွေနေအိမ်မှာ အသက်၆၅နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့တာပါ။

အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ ပြောချင်လွန်းလို့ facebook စာမျက်နှာကို see first လုပ်ပြီး ဆက်လက်အားပေးပါဦးနော်။ ဦးကျောက်လုံးအကြောင်း မသိသေးတဲ့ သူတွေ သိရအောင်လည်း ပြန်လည် မျှဝေပေးပါဦး။

Ref: ဝီကီပီးဒီးယား