လူမႈကြန္ရက္အေကာင့္မွာ Friend ျဖစ္ေနတဲ့ မိဘေတြက သားသမီးေတြကို ေဆးထိုးခဲ့ပုံ ဇာတ္လမ္းမ်ား

မိဘေတြကို သိပ္ခ်စ္ၾကတာကိုေတာ့ ျငင္းစရာမရွိပါဘူးေလ။ ဒါေပမဲ့ လူမႈကြန္ရက္မွာေတာ့ သူငယ္ခ်င္းမလုပ္ၾကဖို႔ အႀကံေပးပါရေစဗ်ိဳ႕။ ေတာ္ေတာ္ကိုဆိုးတဲ့ မိဘေတြပဲေနာ္။ သူတို႔က ကေလးေတြကို ျပန္ၿပီး ဘယ္လိုေဆးထိုးလဲဆိုတာကို ရယ္စရာဇာတ္လမ္းေလးေတြ အျဖစ္ ေတြ႕ၾကရမွာပါ။ ကိုယ့္သားသမီးကို လႉမႈကြန္ရက္ ေပၚမွာ ေဆးထိုးတတ္သူေတြထဲ ေဒးဗစ္ဘက္ခမ္းက ထိပ္ဆုံးကပါပါတယ္။ ရႈိးထုတ္ၿပီး အျပင္ထြက္သြားတဲ့ သားကို ငါ့အက်ီႀကီးယူဝတ္သြားဆိုၿပီး လူမႈကြန္ရက္မွာ ပုံတင္ၿပီး ျပန္ဖြတဲ့ ခ်စ္စရာ အေဖမ်ိဳးပါ။ တ​ျခားသူေတြမွာေရာ ဘယ္လိုခ်စ္စရာဇာတ္လမ္းေလးေတြနဲ႔ ေဆးထိုးခံရလဲ ၾကည့္ၾကရေအာင္ေနာ္။

အေဖက သမီးျဖစ္သူကို လူၾကားသူၾကားထဲ ျပန္ၿပီးဖြတဲ့အကြက္ပါ။ သမီးတင္ထားတဲ့ပုံထဲမွာ သူဝတ္ထားတဲ့ ေျခအိတ္မ်ိဳး လိုက္ဝတ္ၿပီး ဘယ္သူပိုလွလဲ တဲ့ေလ။



ဒီတေခါက္ ကေတာ့ အေဖက သားကို ေဆးထိုးၾကမ္းတာပါ။ သူနဲ႔တပုံစံတည္း တူေအာင္ ဝတ္၊ အိုက္တင္ထုတ္ ခြၽတ္စြပ္တူေအာင္ ဓာတ္ပုံျပန္႐ိုက္ၿပီး မင္းထက္ငါပိုမိုက္တယ္လို႔ ႂကြယ္ေနတာဗ်ိဳံ။




သားျဖစ္သူအႏႊာခံလိုက္ရတဲ့ အျဖစ္ပါ။ အေမက သူ႔ရဲ႕ပုံေအာက္မွာ ကြန္မန္႔ဝင္ေပးသြားၿပီး ကလိသြားခဲ့ပုံက အဲ့ဒီ ေမးေစ့ေမႊးေတြကို ရိတ္ခ်ပစ္လိုက္ေတာ့… နင့္ဟာက ထူလြန္းလို႔ ဆီးခုံေမႊးလို ျဖစ္ေနၿပီတဲ့ေလ။



ပိန္ခ်င္လို႔ ေငြဘယ္ေလာက္ေပးရမလဲ လို႔ ပို႔စ္တင္ထားတဲ့ ကေလးကို မိခင္ျဖစ္သူက ဂ်င္မွာ ပိုက္ဆံသြားလိုက္ေလဆိုၿပီး သူ႔ရဲ႕အပ်င္းႀကီးမႈကို ႏွိပ္ကြပ္သြားတာပါ။ ခမ်ာမွာေတာ့ ေဒါသူပုန္ထၿပီးက်န္ခဲ့ေလရဲ႕။

အေဖက သူ႔သားကို ထိထိမိမိေလး ေဆာ္သြားတာက ဒီလိုပါ။ မ်က္ႏွာက်က္ို ေမာ့ေငးၿပီးၾကည့္ေနရတာက အေတာ္ေလးတန္ဖိူးရွိတာပဲ တခါတေလက် ဘာမဟုတ္ဘူးထင္ရတဲ့အရာေတြဆီကေန ျပန္သင္ယူရန္ိင္တာပဲ လို​့ အေတြးဆန္ဆန္ နဲ႔ ေရးတင္ထားတဲ့ပို႔စ္ေအာက္မွာ အေဖက စာအုပ္တအူပ္ဖြင့္ၿပီး ေငးၾကည့္ဖိူ႔ေရာ အစီအစဥ္မရွိဘူးလို႔ စာမလုပ္တဲ့သူ႔သားကို သေရာ္သြားတာပါ။

ဒါကေတာ့ မိဘဆိုတဲ့ Parents စကားလုံးကို အတတ္ထြင္ၿပီး Farents လို​့ စာလုံးေပါင္းေရးတင္ကာ မိဘေတြရဲ႕ အိမ္ေထာင္သက္ 27 ႏွစ္ျပည့္အတြက္ ဂုဏ္ယူေၾကာင္း ေရးတင္ထားတဲ့ ဆယ္ေက်ာ္သက္သမီးကို အေဖက ၁၇ ႏွစ္လုံးလူံး ေမြးရက်ိဳးမနပ္ေၾကာင္း စာလူံးေတာင္မေပါင္းတတ္ေသးေၾကာင္း သာသာနဲ႔နာနာ ႏွက္ခဲ့တာပါ။

Unicode

မိဘတွေကို သိပ်ချစ်ကြတာကိုတော့ ငြင်းစရာမရှိပါဘူးလေ။ ဒါပေမဲ့ လူမှုကွန်ရက်မှာတော့ သူငယ်ချင်းမလုပ်ကြဖို့ အကြံပေးပါရစေဗျို့။ တော်တော်ကိုဆိုးတဲ့ မိဘတွေပဲနော်။ သူတို့က ကလေးတွေကို ပြန်ပြီး ဘယ်လိုဆေးထိုးလဲဆိုတာကို ရယ်စရာဇာတ်လမ်းလေးတွေ အဖြစ် တွေ့ကြရမှာပါ။ ကိုယ့်သားသမီးကို လှူမှုကွန်ရက် ပေါ်မှာ ဆေးထိုးတတ်သူတွေထဲ ဒေးဗစ်ဘက်ခမ်းက ထိပ်ဆုံးကပါပါတယ်။ ရှိုးထုတ်ပြီး အပြင်ထွက်သွားတဲ့ သားကို ငါ့အကျီကြီးယူဝတ်သွားဆိုပြီး လူမှုကွန်ရက်မှာ ပုံတင်ပြီး ပြန်ဖွတဲ့ ချစ်စရာ အဖေမျိုးပါ။ တ​ခြားသူတွေမှာရော ဘယ်လိုချစ်စရာဇာတ်လမ်းလေးတွေနဲ့ ဆေးထိုးခံရလဲ ကြည့်ကြရအောင်နော်။

အဖေက သမီးဖြစ်သူကို လူကြားသူကြားထဲ ပြန်ပြီးဖွတဲ့အကွက်ပါ။ သမီးတင်ထားတဲ့ပုံထဲမှာ သူဝတ်ထားတဲ့ ခြေအိတ်မျိုး လိုက်ဝတ်ပြီး ဘယ်သူပိုလှလဲ တဲ့လေ။

ဒီတခေါက် ကတော့ အဖေက သားကို ဆေးထိုးကြမ်းတာပါ။ သူနဲ့တပုံစံတည်း တူအောင် ဝတ်၊ အိုက်တင်ထုတ် ချွတ်စွပ်တူအောင် ဓာတ်ပုံပြန်ရိုက်ပြီး မင်းထက်ငါပိုမိုက်တယ်လို့ ကြွယ်နေတာဗျိုံ။

သားဖြစ်သူအနွှာခံလိုက်ရတဲ့ အဖြစ်ပါ။ အမေက သူ့ရဲ့ပုံအောက်မှာ ကွန်မန့်ဝင်ပေးသွားပြီး ကလိသွားခဲ့ပုံက အဲ့ဒီ မေးစေ့မွှေးတွေကို ရိတ်ချပစ်လိုက်တော့… နင့်ဟာက ထူလွန်းလို့ ဆီးခုံမွှေးလို ဖြစ်နေပြီတဲ့လေ။

ပိန်ချင်လို့ ငွေဘယ်လောက်ပေးရမလဲ လို့ ပို့စ်တင်ထားတဲ့ ကလေးကို မိခင်ဖြစ်သူက ဂျင်မှာ ပိုက်ဆံသွားလိုက်လေဆိုပြီး သူ့ရဲ့အပျင်းကြီးမှုကို နှိပ်ကွပ်သွားတာပါ။ ခမျာမှာတော့ ဒေါသူပုန်ထပြီးကျန်ခဲ့လေရဲ့။

အဖေက သူ့သားကို ထိထိမိမိလေး ဆော်သွားတာက ဒီလိုပါ။ မျက်နှာကျက်ို မော့ငေးပြီးကြည့်နေရတာက အတော်လေးတန်ဖိူးရှိတာပဲ တခါတလေကျ ဘာမဟုတ်ဘူးထင်ရတဲ့အရာတွေဆီကနေ ပြန်သင်ယူရန်ိင်တာပဲ လို​့ အတွေးဆန်ဆန် နဲ့ ရေးတင်ထားတဲ့ပို့စ်အောက်မှာ အဖေက စာအုပ်တအူပ်ဖွင့်ပြီး ငေးကြည့်ဖိူ့ရော အစီအစဥ်မရှိဘူးလို့ စာမလုပ်တဲ့သူ့သားကို သရော်သွားတာပါ။

ဒါကတော့ မိဘဆိုတဲ့ Parents စကားလုံးကို အတတ်ထွင်ပြီး Farents လို​့ စာလုံးပေါင်းရေးတင်ကာ မိဘတွေရဲ့ အိမ်ထောင်သက် 27 နှစ်ပြည့်အတွက် ဂုဏ်ယူကြောင်း ရေးတင်ထားတဲ့ ဆယ်ကျော်သက်သမီးကို အဖေက ၁၇ နှစ်လုံးလူံး မွေးရကျိုးမနပ်ကြောင်း စာလူံးတောင်မပေါင်းတတ်သေးကြောင်း သာသာနဲ့နာနာ နှက်ခဲ့တာပါ။

Tags: