လူသုံးကုန်တွေမှာပါတဲ့ လူသိနည်းအသုံးဝင်မှုများ
Unicode
တစ်ခါတလေမှာ ပြောချင်လွန်းလို့ တို့ဟာ ပစ္စည်းတစ်ခုကို မှန်တယ်ထင်သလို အသုံးပြုနေပြီး နှစ်ပေါင်းများစွာကြာမှ တကယ့်အသုံးပြုနည်းအမှန်ကို သိရတာမျိုးတွေရှိတတ်ပါတယ်။ ကမ္ဘာအနှံ့က မြင်တွေ့နေကြ ထုတ်ကုန်တွေထဲမှာ လူသိနည်းပေမယ့် အသုံးဝင်တဲ့ အသုံးပြုပုံတွေကို စုစည်းတင်ဆက်ပေးပါရစေ။
၁. ကျောပိုးအိတ်တွေရဲ့ ဇစ်တွေမှာ ကွင်းလေးတွေနဲ့ အလည်မှာ နေရာလွတ်ပါတဲ့ သားရေပတ်တွေ ပါတတ်ပါတယ်။ အဲ့ဒါက မူလမှာ ခရီးသွားကျောပိုးအိတ်တွေမှာပဲ ပါတာဖြစ်ပြီး အိတ်ထဲမဆန့်တဲ့ အရာတချို့ကို ကြိုးနဲ့ချည်ရင် ချည်ပြီးသယ်သွားနိုင်အောင်ဖြစ်ပါတယ်။ ထီး၊ ရေဘူး တို့သာမက ဖိနပ်တွေကိုလည်း ခရီးသွားတွေက ဒီလိုပဲ ချည်ပြီးသယ်ကြလေ့ရှိပါတယ်။
၂. အိုင်ဖုန်းကင်မရာရဲ့ အောက်မှာပါတဲ့ အပေါက်လေးဟာ ဒုတိယ မိုက်ခရိုဖုန်းပါ။ သူက ဘေးပတ်ဝန်းကျင်က အသံတွေကို စူးစမ်းပြီး မိမိပြောဆိုနေတဲ့ လေသံကို ပိုရှင်းလင်းပြတ်သားအောင် ကူညီပေးပါတယ်။
၃. သွားကြားထိုးတံဆိုတာ ပျောက်ဖို့လွယ်ပါတယ်။ ဂျပန်နိုင်ငံလို နေရာတွေမှာ လက်ကိုင်နေရာမှာ အခုလို အဆစ်လေးနဲ့ သွားကြားထိုးတံကို ပေးတာဟာ စားနေရင်းသုံးလို့ မပျောက်သွားအောင် ချိုးပြီး အခုလို တင်ထားနိုင်ဖို့ ဖြစ်ပါတယ်။ ပျောက်လို့ တစ်ခါစားရင် သုံးလေးချောင်းသုံးနေတာက ဖြုန်းတီးရာပိုကျလို့ပါ။
၄. အစောပိုင်း ကွန်ပြူတာ အသုံးပြုသူတွေကတော့ သိကြပါတယ်။ သင့်ရဲ့ ကီးဘုတ်ပေါ်က F နဲ့ J နေရာမှာ ပါတဲ့ လိုင်းလေးနှစ်ခုဟာ မျက်လုံးနဲ့မကြည့်ဘဲ ကီးဘုတ်ရိုက်ရင် ကိုယ့်လက်ဘယ်ကိုရောက်နေလဲ ဆိုတာ မှန်းလို့ ရအောင် ထည့်ထားပေးတာပါ။
၅. တချို့ကတော့ ကြိုးတွေနဲ့ Sneaker ကိုရှုပ်တယ်လို့ ထင်ကြပေမယ့် အားကစားသမားတွေအတွက်တော့ ဖိနပ်ကြိုးငုံ့ချည်ရတာ ရိုးရာတစ်ခုလိုပါ။ အဲ့ဒီအပေါက်လေးတွေဟာ ပြေးလွှားကစားနေရင်း ခြေထောက်အတွက် လေဝင်လေထွက်ကောင်းအောင် ထည့်ထားပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ခြေထောက်နဲ့လည်း ပိုမြဲမြံနိုင်တာပေါ့။
၆. တော်တော်များများက မီးဖိုစင်အောက်မှာ ပါတဲ့ တစ်ဆင့်ကို အလွယ်တကူယူလို့ရတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေပဲ ထည့်ထားလေ့ရှိပါတယ်။ အမှန်က မီးဖိုအောက်တည့်တည့်က နေရာဟာ စားစရာတွေကို နွေးနေအောင် သိမ်းရတဲ့နေရာပါ။