လူတွေမသိသေးတဲ့ F4 မင်းသားလီမင်ဟိုရဲ့ အကြောင်းများ

0
111

လွန်ခဲ့တဲ့ ရှစ်နှစ်ကျော်၊ ကိုးနှစ်နီးပါးကာလက ထွက်ရှိခဲ့တဲ့ ကိုရီးယားနာမည်ကျော် Boys over Flowers ဇာတ်ကားကို အားလုံးသိကြမယ်ထင်ပါတယ်။ ပါဝင်ထားတဲ့ မင်းသားလေးယောက်လုံးကလည်း မိုးကျရွေကိုယ်နတ်သားတွေအလားချောမောလှပြီး ဇာတ်အိမ်လေးလည်းလှလို့ အဆိုပါဇာတ်ကားဟာ ပြည်ရွေမြန်မာမှာတော့ နာမည်ကျော်ကြားခဲ့ပါတယ်။

ခေါင်းဆောင်မင်းသားနာမည်ကတော့ လီမင်ဟိုဖြစ်ပါတယ်။ လီမင်ဟိုရဲ့အောင်မြင်မှုတွေကလည်း တစ်နေ့တစ်ခြား မြင့်တတ်လာခဲ့ပါတယ်။ လူတွေမသိသေးတဲ့ လီမင်ဟိုရဲ့ အကြောင်းတွေကိုလည်း ကျနော်တို့ ပြောချင်လွန်းလို့မှ ဖော်ပြပေးလိုက်ရပါတယ်။

(၁) သူဟာ အခြောက်တစ်ယောက်လိုသရုပ်ဆောင်ခဲ့ဖူးပါတယ်။
လီမင်ဟိုဆိုတာနဲ့ ကျနော်တို့အားလုံးက ရုပ်ချောချောဗလတောင့်တောင့်နဲ့ မင်းသားတစ်ယောက်လို့ပဲမြင်မှာပါ။ I am Sam ဇာတ်ကားထဲမှာတော့ သဟာ မိန်းကလေးဝတ်စုံတွေဝတ်ပြီး သရုပ်ဆောင်ခဲ့ရပါတယ်။

(၂) သူဟာ အရက်ဆေးလိပ်ကြိုက်သူတစ်ယောက်ပါ။
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုကိုမင်ဟိုဟာ ရိုးသားလွန်းတဲ့ဖိုးသခွားလေးတော့ မဟုတ်ပါဘူး။ ကျန်မာရေးအရဆိုဂျုကို တစ်ခါတစ်ရံမှီဝဲလေ့ရှိပြီး စီးကရပ်လည်းသောက်တတ်ပါတယ်။ သူဟာ အလွန်အကျွံစွဲလန်းသူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဆိုဂျုလေးခွက်နဲ့ ဘီယာနှစ်ခွက်လောက်ပဲသောက်နိုင်တာပါ။

(၃) အသန့်အပြန့်ကြိုက်တတ်သူတစ်ယောက်ပါ။
သူဟာ အလှအပနဲ့ အသန့်အပြန့်ကို ကြိုက်တတ်သူတစ်ယောက်ဖြစ်ပြီး ဘယ်သွားသွားရေမွေးနဲ့ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်းတွေကို ယူဆောင်သွားလေ့ရှိပါတယ်။

(၄) သူဟာ အမေချစ်တဲ့သားတစ်ယောက်ပါ။
သူဟာ သူ့အမေကို အရမ်း လေးစားပြီးချစ်မြတ်နိုးပါတယ်လို့ အင်တာဗျုးတိုင်းမှာ ဖြေဆိုလေ့ရှိပါတယ်။ အမေက သူဝါသနာကို အကောင်အထည်ဖော်တဲ့လမ်းမှာအကောင်းဆုံးထောက်ပံပေးခဲ့တဲ့ အာဂမိခင်တစ်ယောက်ဆိုပြီး အမြဲဂုဏ်ယူလေ့ရှိပါတယ်။

(၅) သူဟာ ကျောင်းထွက်ခဲ့ရပါတယ်။
သူဟာ ဆယ်ကျော်သက်အရွယ်က Konkuk University မှာ Film making ဘာသာကို တတ်ရောက်ခဲ့ပါတယ်။ နောက်ပိုင်းမင်းသားဖြစ်လာတဲ့အခါမှာတော့ အချိန်မပေးနိုင်တဲ့အတွက် ကျောင်းပညာရေးကို စွန့်လွတ်ခဲ့ရပါတယ်။

(၆) သူဟာ ဂိုးသွင်းကောင်းတဲ့ ကိုကိုတစ်ယောက်ပါ။
လီမင်ဟိုဟာ ဘောလုံးကန်ကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်တွေအလုပ်ခင်အချိန်တုန်းက သူဟာ ဘောလုံးကွင်းတွေဆီမှာ ပြေးလွားရင်ခြေစွမ်းပြခဲ့ဖူးပါတယ်။ သူအားပေးတဲ့ကစားသမားက စီရော်နယ်ဒိုဖြစ်ပြီး အသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပါတယ်။

(၇) သူဟာ လူမှုကွန်ရက်သုံးစွဲရတာကို ကြိုက်နှစ်သက်သူတစ်ယောက်ပါ။
အနုပညာရှင်တွေနဲ့ သူတို့ရဲ့ ပရိသတ်တွေကို ဆက်သွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော စုံဆည်းရာက လူမှုကွန်ရက်တွေပါ။ သူဟာ တွတ်တာ၊ ဖေ့ဘွတ်တွေကို စွဲစွဲလန်းလန်းသုံးစွဲတတ်ပါတယ်။

(၈) သူဟာ အင်္ဂလိပ်စာအားနည်းပါတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ ကိုရီးယားပညာရေးဟာ အင်္ဂလိပ်စာအားနည်းပါတယ်။ သူဟာလည်း အင်္ဂလိပ်စာအားနည်းသူတစ်ယောက်ဖြစ်ပြီး စင်ကာပူ ပရိသတ်တွေ့ဆုံပွဲတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ သူရဲ့ အင်္ဂလိပ်အသံထွက်မှားယွင်းမှုက သူကို အကြီးအကျယ်အရှက်ကွဲစေခဲ့ပါတယ်။ ထို့ကြောင့် သူဟာ အင်္ဂလိပ်စာကို အပတ်တစ်ကုတ်လေ့လာခဲ့ပါတယ်။ ယခုအချိန်မှာတော့ တော်တော်လေးတိုးတတ်လာပြီလည်းဖြစ်ပါတယ်။