လူ​ငယ်​​တွေထက်​ ပိုလန်းပြီး​ခေတ်​မီတဲ့ ချစ်စရာ့​​အ​ဂေါ်ဆုံးဖိုးဖိုးများ
Unicode
မြေးတွေကို တုန်နေချစ်တတ်တဲ့သူ ဖိုးဖိုးဖွားဖွားတွေဟာ ချစ်မေတ္တာနဲ့ ပြည့်ဝတဲ့လူကြီးတွေဖြစ်ရုံမက တဖက်မှာလည်း လူငယ်တွေထက် ပိုပြီးလန်းပြီးခေတ်မီတဲ့ အဂေါ်ဆုံးဖိုးဖိုးတွေလည်းရှိနေပါတယ်။ စိတ်ပျိုကိုယ်နုဆိုတဲ့စကားအတိုင်း အသက်ကြီးလာလဲမပျက်စီးဘဲ စိတ်ကိုကိုယ်ပါအပေါ့ပါးဆုံး၊ အလန်းဆန်းဆုံးနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ချစ်စရာဖိုးဖိုးတွေအကြောင်း ကြည့်လိုက်ရအောင်လား။
ဒီဖိုးဖိုးက အမူအရာအိုက်တင်မျိုးနဲ့ ဂေါ်နေတာကိုမြင်တွေ့ရတာဆိုတော့ သူဘာများလုပ်နေတယ် ထင်ပါသလဲ? ချစ်စရာဖိုးဖိုးက ဖေ့စ်ဘွတ်ခ်အကောင့်ပေါ်မှာ တင်ဖို့ ဆဲလ်ဖီဆွဲနေတာပါတဲ့ဗျာ။
တလောကလုံး ကြောက်နေပေမဲ့လည်း မကြောက်တတ်တဲ့ဖိုးဖိုးက နည်းနည်းမှကု်မတုန်လှုပ်ပါဘူး။ သူ့အတွက်တော့ ဒီလောက်သည်းထိတ်ရင်ဖို့ဆိုတာ ကလေးကစားလောက်သာဖြစ်နေပုံပါ။
လင်းနို့လူသားရုပ်ရှင်ဖြစ်တဲ့ Dark Knight Rises ကို ကြည့်ပြီးတဲ့နောက်မှာ အဖိုးဖြစ်သူဟာ သူ့မြေးဖြစ်သူဆီ ပို့ပေးခဲ့တဲ့ ဓာတ်ပုံပါတဲ့။ ခေတ်မီပြီး ဂေါ်လွန်းတဲ့ဖိုးဖိုးဖြစ်ပါတယ်။
အခုမြင်နေရတဲ့ ဖိုးဖိုးကတော့ ဒုတိယကမ္ဘာစစ်က ဗုံးကြဲလေယာဉ်မှာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ အသက် ၉၅ ခုနှစ်အရွယ်အထိ သူက အကြောက်အလန့်မရှိ လေထဲပျံသန်းနေဆဲဖြစ်တာကို အားကျဖွယ်မြင်တွေ့ရမှာပါ။
ဖိုးဖိုးက ပင်စင်အိမ်ရာမှာသွားနေနေတာလေ။ သူရောက်ရောက်ချင်းမှာပဲ မှော်အစွမ်းနဲ့မည်သို့မည်ပုံလုပ်လိုက်သည်မသိ… အနားမှာဝိုင်းဝိုင်းကိုလည်နေတော့တာပဲ။ အဲ… အသက်ကြီးလဲပျက်စီးစရာအကြောင်းမရှိတဲ့ အတော့်ကိုစွံတဲ့ဖိုးဖိုးပါ။
တကယ်တော့ ဒီဖိုးဖိုးကို ခရီးသည်တဦးက ဦးစားပေးထိုင်ခုံကနေထပြီး ထိုင်စရာနေရာပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖိုးဖိုးကတော့ ရလာတဲ့အခွင့်အရေးတိုင်းကို ဂေါ်ဖို့ပဲချောင်းနေတဲ့ပုံပါ။ သူ့ဆန္ဒပြည့်ခဲ့ပါတယ်။