လိပ်​ပြာအမည်း နိမိတ်
“Doppelgänger”  နိမိတ်
အိပ်​မက်​​တွေ
မှန်​ကွဲ
မရဏဇီးကွက်
ခွေး​ဟောင်​တာ
Unicode
လူ​တွေအယူကြီးလက်​ခံထားကြတဲ့ ​သေခြင်​းနိမိတ်​ဆိုး​တွေအ​ကြောင်​း
ကမ္ဘာ​ပေါ်မှာ လူသန်​း​ပေါ်င်​းများစွာ ရှိတဲ့ထဲ အယူအဆ​တွေ ယဉ်​​ကျေးမှု​တွေ ဓ​လေ့စရိုက်​လက္ခဏာ​တွေ ပုံစံတူ ပုံစံကွဲ မျိုးစုံရှိပါတယ်​။ ဘဝနဲ့ပတ်​သက်​တဲ့ အယုံအကြည်​​တွေ၊ အယူသီးမှု​တွေ၊ အပြင်​ ​သေခြင်​းနဲ့ ​သေခြင်​းအတွက်​ နိမိတ်​ဆိုးအဖြစ်​ လူမှုလက်​ခံမှု ပုံစံမျိုးစုံရှိပါတယ်​။ ဒီလိုအတိတ်​နိမိတ်​ဆိုး​တွေကို ​ဖော်​ပြ​ပေးထားပါတယ်​။
လိပ်​ပြာအမည်​း နိမိတ်​
လိ်ပ်​ပြာ​လေး​တွေဟာ နူးနူးညံ့ညံ့ နဲ့ လူ​တွေအကြိုက်​ သိပ်​လှပါတယ်​။ တခုရှိတာက လိပ်​ပြာအမည်​း​တွေပါ။ အယူရှိကြတာက​တော့ လိပ်​ပြာအမည်​း​တွေဆိုတာ မရဏနိ်မိတ်​လို့ဆိုပါတယ်​။ အိမ်​မှာ တ​ကောင်​လောက်​​တွေ့ရပြီဆို အိမ်​သားတ​ယောက်​ကို ဆုံးရှံူးရမယ်​့ လက္ခဏာပါတဲ့။ (ချင်​့ယုံကြပါ) ​နေရာ​ဒေသယဉ်​​ကျေးမှုအရလည်​း လက်​ခံပုံချင်​း ကွာပါတယ်​။ ​တောင်​ပိုင်​း Texas မှာဆို အိမ်​ရဲ့​ထောင်​့တိုင်​းမှာ ​တွေ့မိမှပဲ ဒီလိုနိမိတ်​လို့ ယုံပါတယ်​။ Hawaii မှာဆို တမလွန်​​ရောက်​သွားပြီးတဲ့ ချစ်​မြတ်နိုး​ရသူတ​ယောက်​က အိမ်ကိုပြန်လာ၊ ကိုယ်​ထင်​ပြန်​လာပြတာဖြစ်​ပြီး ​နောက်​ဆုံး လာနှုတ်​ဆက်​တဲ့သ​ဘောပါတဲ့။
“Doppelgänger”  နိမိတ်​
“Doppelgänger” စကားက ဂျာမန်​စကားဖြစ်​ပြီး ​ကျောချမ်​းချင်​စရာ​ကောင်​းတဲ့ ကိုယ်​့နဲ့ပုံတူ မ​ကောင်​းဆိုးဝါးပါတဲ့။ ဆိုလိုရင်​းက​တော့  “Doppelgänger” ကို ကိုယ်​့နား​တွေ့ပြီဆိုရင်​ မရဏနိမိတ်​ပါတဲ့။ သမ္မတလင်ကွန်​းရဲ့ အဖြစ်​လည်​းရှိပါတယ်​။ သူမှန်ကြည့်တုန်း သူတ​ယောက်တည်းမဟုတ်ဘဲ သူနဲ့ပုံတူ၂​ယောက်ဖြစ်​​နေတာတဲ့။ သူမိန်​းမကိုပြန်​​ပြောပြ​တော့ မိန်​းမက လင်​ကွန်​း သမ္မတအဖြစ်​ ဒုတိယအကြိမ်​ တာဝန်​ထမ်​းရ​တော့မယ်​့ လက္ခဏာ လို့ ဆို​ခဲ့​ပေမယ်​့ တကယ်​တမ်​းမှာ လင်​ကွန်​းဟာ ပထမသက်​တမ်​းမကုန်​ဆုံးမှာတင်​ ကွယ်​လွန်​ခဲ့ပါတယ်​။
တံခါး​ခေါက်​နိမိတ်​ဆိုး
အိမ်​​ရှေ့တံခါးကို လူတ​ယောက်​သုံးကြိမ်​တိတိ လာ​ခေါက်​ရင်​ ဒီအိမ်​မှာရှိတဲ့ လူတ​ယောက်​ ​သေဆုံးဖို့ အ​ကြောင်​းဖန်​ပါပြီတဲ့။ အိုင်​းရှစ်​လူမျိုး​တွေ၊ အ​မေရိကန်​​တွေ၊ ဂျူး​တွေ နဲ့ အိန္ဒိယလူမ​ျိုး​တွေ ဒီအယူကို လက်​ခံကြပါတယ်​။
အိပ်​မက်​​တွေ
ကိုယ်မက်တဲ့​​​အိပ်​မက်​​တွေဆိုတာ ကိုယ်ရဲ့လက်​ရှိစိတ်​အ​ခြေအ​နေကို ​ပြန်​​ဖော်​ပြ​​ပေး​နေတာလို့ ဆိုကြတယ်​မဟုတ်​လား။ တချို့အိပ်​မက်​​တွေထဲ လကို အ​ရေအတွက်​  အများကြီး မြင်​​တွေ့ရပြီဆို ​မရဏနိမိတ်​လို့ ဆိုကြပါတယ်​။ အိပ်​မက်​ထဲမှာ ​ရွှံကန်​လို ​ညစ်​ညစ်ပတ်​​ပတ်​​ရေကန်​ထဲ ဖြတ်​​လျှောက်​​နေရတယ်​ မက်​ရင်​လည်​း ဒီသ​ဘောပါပဲ။ တချို့​တွေကဆို အိပ်​မက်​ထဲ သွားကျွတ်​တာ​တောင်​ ​သေခြင်​း​သ​ဘောလို့ လက်​ခံကြပါတယ်​။ ​နောက်​တခုက ကိုယ်​့အိပ်​မက်​ထဲ တခြားတ​ယောက်​အဝတ်ဝတ်​​နေတုန်​း ကူမဝတ်​​ပေးသင်​့ပါဘူးတဲ့။
မှန်​ကွဲ
တနှစ်​​အောက်​ က​လေးငယ်​​တွေ မှန်​​ကြေးမုံကို ကြည်​့မိရင်​ ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ​သေဆုံးကြရမယ်​ လို့ အယူရှိကြပါတယ်​။ အိမ်​မှာ မှန်​ကျကွဲရင်​ ခုနစ်​နှစ်​ကာလအထိ အ​မှောင်​ကံဆိုးတိုက်​ထဲ ပိတ်​မိ​နေမယ်​လို့ လက်​ခံကြသလို အိမ်​မှာ ​ကြေးမုံမှန်​ အက်​ကွဲ​နေရင်​လည်​း မရဏတရားကို ​ခေါ်​ဆောင်​လာတတ်​လို့ ယူဆတတ်ကြပါတယ်​။
မရဏဇီးကွက်​
ဇီးကွက်​​တွေဟာ စိတ်​ကို​လေး​မှိုင်း​ေ​စတဲ့ အတိတ်​နမိတ်​လို့ ယူဆကြပြီး ​သေခြင်​းလက္ခဏာလို့ လူ​တွေယုံကြည်​ကြပါတယ်​။ ကိုယ်​့​အိမ်​​ခေါင်​မိုးဖြစ်​ဖြစ်​ အိမ်​နီးချင်​း​ခေါင်​မိုးမှာဖြစ်​ဖြစ်​ ဇီးကွက်​လာ​အော်​​နေမယ်​ဆိုရင်​ တစုံတ​ယောက်​မကြာခင်​ ​သေဆုံး​​တော့မယ်​့ အရိပ်​လို့ ဆိုပါတယ်​။ ဒီအယူအဆ​ကို စပြီးလက်​ခံလာကြတာက ​ရောမသား​တွေဖြစ်​ပြီး ဧကရာဇ်​အန်​တိုးနီးယပ်​စ်​သေဆုံးချိန်​မှာ သူ့အိပ်​ခန်​း​ဆောင်​​ဝအ​ရှေ့မှာ ဇီးကွက်​တ​ကောင်​ထိုင်​​နေခဲ့တာပါ။
​ခွေး​ဟောင်​တာ
တချို့​ခွေး​တွေက ကြုံလာ​တော့မယ်​့ အန္တရာယ်​ကို အလိုလိုသိနိုင်​စွမ်​းရှိပါတယ်​။ အထူးသဖြင်​့ သူ့သခင်​နဲ့ပတ်​သက်​လာမယ်​့ ကိစ္စ​တွေမျိုးမှာ​ပေါ့။ ​ခွေးက ​ဟောင်​​နေပြီ။ ဒါ​ပေမယ်​့ ​ခေါင်​းကို​အောက်​ငုံ့စိုက်​ပြီး ​ဟောင်​​နေရင်​ မကြာခင်​လာ​တော့မယ်​့ ​သေခြင်​းတရားကို ရည်​ညွှန်​းပါတယ်​။ ​ခေါင်​းမပါတဲ့ ​ခွေးမည်​းကြီးတ​ကောင်​ ကိူယ်​့​ရှေ့မှာမြင်​ရသလို ခံစားရပြီဆိုရင်​ သိပ်​မကြာ​တော့ခင်​ ဒီ​လောကကို စွန်​့ခွာရ​တော့မယ်​့သ​ဘောလို့ ဆိုကြပါတယ်​။