လျှာကို နဖူးနဲ့ထိတို့နိုင်​တဲ့ သရဲတဘက်​စွမ်းရည်​ပိုင်​ရှင်​ ​​​လူထူးဆန်းကြီး

0
71

နီ​ပေါလ်​က ​ကျောင်းဖယ်​ရီဆွဲ​ပေးတဲ့ ကားဆရာကြီးဟာ အခုလက်​ရှိမြင်​ရတဲ့အတိုင်းပါပဲ။ မျက်​နှာတစ်​ခုလုံး အရိုးမရှိဘူးထင်​ရ​လောက်​​အောင်​ကို ​ပျော့​ပျောင်း​နေပြီး သူ့လျှာကို ထုတ်​လိုက်​တာနဲ့ ကိုယ့်​နဖူးကိုယ်​ လျှာနဲ့ ပြန်​လျက်​နို​င်​တဲ့အထိ ​ပျော့​ပျောင်းနူးညံ့ တဲ့ မျက်​နှာပိုင်​ရှင်​ပါ။

သူ့ကို Yagya Bahadur Katuwal လို့ ​ခေါ်ပြီး အသက်​ ၃၅ နှစ်​အရွယ်​ပါ။ သူဟာ ဒီစွမ်းရည်​​ကြောင့်​ပဲ ဂင်းနစ်​ကမ္ဘာ့စံချိန်​သစ်​တစ်​ခုကို တင်​နို​င်​ဖို့အထိ အလားအလာ​ကောင်း​နေပြီး သူကိုယ်​တိုင်​ကလည်း ​မျှော်​လင့်​​နေပါတယ်​။သူ့ရဲ့ လျှာတံဟာ ကမ္ဘာ​ပေါ်မှာ အရှည်​လျားဆုံး လျှာဖြစ်​ပါတယ်​။ လျှာက မျက်​ခုံးနှစ်​ဖက်​ကြား​ရောက်​တဲ့အခါ ​အောက်​နှုတ်​ခမ်းမှာ နှာ​ခေါင်းကိုပါ ဝါးမျိုလိုက်​သလား ထင်​ရ​အောင်​၊ မျက်​နှာကို ရုပ်​ပျက်​ဆင်းပျက်​ ဖြစ်​​စေတသလား ထင်​ရ​စေတဲ့ အစွမ်းသတ္တိမျိုးပါပဲ။

သူက ဒီလိုမျက်​နှာပုံစံလုပ်​လိုက်​တာနဲ့ လျှာ့နဲ့နဖူး နဲ့ ထိသွားချိန်​မှာ က​လေး​တွေမှာ သရဲတဘက်​တစ်​​ကောင်​မြင်​ရသလို တုန်​လှုပ်​ကြရပြီး ​ကြောက်​​သေး​တွေပါ ထွက်​ကုန်​တဲ့ကြရသလို ကိုယ်​တိုင်​ကြုံရတဲ့ ​ကျောင်းသား မိဘ​တွေဆို သတိလစ်တဲ့​သူ လစ်​ကုန်​တဲ့အထိပါ။ဒီ​နေရမှာ ​ပြောစရာရှိတာက​တော့ သူကျန်းမာ​ရေးချို့ယွင်းမှုများရှိ​နေသလား ဆိုတဲ့ အချက်​ပါ။ သူက​တော့ ​မွေးရာပါ လူ​ရော စိတ်​ပါ ကျန်းမာ​ရေး​ကောင်းမွန်​မှု ရှိသူဖြစ်​ပြီး သူဒီလိုလုပ်​လို့ရ​စေတဲ့အ​ဖြေက​တော့ သူ့မှာ သွားတစ်​​ချောင်းသာ ရှိတာ​ကြောင့်​ပါပဲ။

သွားတစ်​​ချောင်းသာရှိတဲ့ ပါးစပ်​ရဲ့ဖွဲ့စည်းပုံအရ ငယ်​ငယ်​​လေးကတည်းက သူက နဖူးကို လျှာနဲ့ လှမ်းတို့နိုင်​မှန်း သူ့ကိုယ်​သူသိခဲ့ပါတယ်​။ လက်​ရှိမှာ​တော့ နီ​ပေါလ်​ပြည်​မှာ​တော့ သူ့ရဲ့စွမ်းရည်​ကို လူသိများလို့ နာမည်​​ကျော်​ကြီးတစ်​ဦးဖြစ်​လာတဲ့ ကားဆရာကြီး မစ္စတာ Katuwal ကို ​ကျောင်းသူ​ကျောင်းသား နဲ့ က​လေးမိဘ​တွေ ​ရှေ့မှာ ဒါမျိုးထပ်​မလုပ်​ပြဖို့ အထူးတားမြစ်​ထားရပါတယ်​။

အင်း… ခက်​လဲခက်​တဲ့လူ… က​လေး​ငယ်​ငယ်​​လေး​တွေ​က​တော့ အင်​မတန်​ လန့်​ဖျပ်​ကုန်​မှာ အ​သေအချာပဲဗျို့။

Zaw (H2H)