လြမ္းရတာ၊ ခ်စ္ရတာ ၾကိဳက္တယ္ဆိုတဲ႔ မေအးေသာင္း

လူမႈကြန္ရက္စာမ်က္ႏွာေတြ ေပၚမွာ ေရပန္းအစားဆံုး အႏုပညာရွင္ကေတာ့ မေအးေသာင္းလို႕ ခ်စ္စႏိုးေခၚေနၾကတဲ့ ေအးဝတ္ရည္ေသာင္းပဲျဖစ္ပါတယ္။ အိမ္ေခၚနာမည္ေလးကေတာ့ ေပါက္စီပါ။

အျမဲတမ္းျမန္မာအက်ၤီလံုခ်ည္ေလးနဲ႕ တည္တည္ျငိမ္ျငိမ္ ပို႕စ္ ေတြေၾကာင့္ ျမင္ရသူအေပါင္းရဲ႕ စိတ္ကို ေအးေစပါတဲ့ မေအးေသာင္းနဲ႕ ပတ္သက္ျပီး အမ်ိဳးသားေတြက ကဗ်ာေလးေတြ ေရးစပ္ၾကသလို အမ်ိဳးသမီးထုၾကီးမွာလည္း မေအးေသာင္း ခ်ည္သား ၊ မေအးေသာင္း ျမန္မာဝတ္စံုဆိုျပီး ဂယက္ထသြားပါတယ္။

မေအးေသာင္းနဲ႕သက္တူရြယ္တူ အႏုပညာရွင္အခ်ိဳ႕က စြံသြားၾကေပမယ့္ အခုထိ မစြံေသးတဲ့ မေအးေသာင္းက သူ႕အခ်စ္ေရးကို Myanmar Celebrity နဲ႕အင္တာဗ်ဴးမွာ အခုလိုေျပာျပသြားပါတယ္။

“ ခံစားခ်က္ status ေတြတင္တယ္ ဆိုေပမဲ့ အခ်စ္ေရးအတြက္ ေနာင္တရတယ္ဆိုတာေတာ့မရွိပါဘူး။ ခ်စ္တယ္ဆိုကတည္းကခ်စ္တာပါပဲ။ လြမ္းတာကေတာ့ သူနဲ႕ အတူတူ မရွိတဲ့ အခ်ိန္မွာလြမ္းတယ္။ သူနဲ႕အတူတူရွိတဲ့ အခ်ိန္မွာ ခ်စ္တဲ့ အေၾကာင္းတင္တယ္။ လြမ္းတဲ့ အေၾကာင္းတင္တယ္ဆိုရင္ေတာ့ သူနဲ႕ အတူတူမရွိတဲ့ အခ်ိန္မွာ တင္ျဖစ္တာပါ။အခ်စ္ေရးမွာ စိတ္ဆိုးစိတ္ေကာက္ရွိေပမယ့္ ပံုမွန္ပါပဲ။ ျပန္ေခ်ာ့တဲ့ အခါ စိတ္ဆိုးစိတ္ေကာက္ေျပတာေပါ့။ သူနဲ႕ ဘယ္လို အေျခအေနရွိတယ္ဆိုတာ ေျပာျပ တာထက္ ေပါက္စီတင္တဲ့ statusေတြကိုျမင္ရင္ ေပါက္စီရဲ႕ ခံစားခ်က္ကိုရိပ္မိမွာပါ။” ဆိုျပီး ခံစားခ်က္ status ေတြ တင္ျဖစ္တဲ့ အေၾကာင္းေလးကိုေျပာသြားပါတယ္။

အခ်စ္နဲ႔ပတ္သက္တဲ့ လတ္တေလာခံစားခ်က္ကိုလည္း မေအးေသာင္းကအခုလိုေျပာသြားပါတယ္။

“ ေပါက္စီကေတာ့ေလ အခ်စ္နဲ႕ပတ္သက္လာရင္ ခ်စ္တာပဲျဖစ္ျဖစ္ လြမ္းတာပဲျဖစ္ျဖစ္ ေပါ့ေနာ္။ အဲ့ ဒါကပိုက္ဆံေပးျပီးလုပ္လို႔မရဘူး။ ပိုက္ဆံဘယ္ေလာက္ေပးေပးဒီခံစားမႈေလးေတြက မရလို႕ ဒါေလးေတြကပိုတန္ဖိုးရွိတယ္။ အဲ့ဒါေၾကာင့္ လြမ္းတာကိုလည္း ေပါက္စီက သေဘာက်တယ္။ ခ်စ္ရတာကိုလည္း ၾကိဳက္တယ္။” ဆိုျပီး ေျပာသြားပါတယ္။

ဘယ္ေတာ့ေလာက္ ခ်စ္သူနဲ႕ ေရႊလက္တြဲမလဲဆုိတဲ့ ေမးခြန္းအေပၚ မေအးေသာင္းအေျဖက-
“ ေပါက္စီကို ခ်စ္ေနတဲ့သူ ဆိုေတာ့ ကံေကာင္းပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ယံုၾကည္မႈခိုင္မာေနဖို႕က ပိုအေရးၾကီးပါတယ္။
သူ႕ အိမ္မက္ ကိုယ့္အိမ္မက္ေလးေတြ အေကာင္အထည္ေဖာ္ျပီးတဲ့ တစ္ေန႕မွာေတာ့ လက္တြဲျဖစ္မွာပါ။ ေပါက္စီနဲ႕အတူ ထပ္တူခံစားေပးတဲ့ ေပါက္စီ အမ်ိဳးေတြကို ေက်းဇူးတင္ပါတယ္။ ေပါက္စီ စိတ္ညစ္သလို လိုက္စိတ္မညစ္ပါနဲ႕။ ေပ်ာ္တာေတြပဲ ေပးခ်င္ပါတယ္။” လို႕ဆိုပါတယ္။

အျခား ေသာ အႏုပညာရွင္ေတြ စံုတြဲခုတ္ျပီး တက္လာရင္ အားက်မိပါတယ္ဆိုတဲ့ မေအးေသာင္း တစ္ေယာက္ ခ်စ္သူနဲ႕ အျမန္ဆံုး ေရႊလက္တြဲႏိုင္ပါေစလို႔ ေျပာခ်င္လြန္းလို႔ကေန ဆုေတာင္းေပးလိုက္ပါတယ္။

Unicode

လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ ရေပန်းအစားဆုံး အနုပညာရှင်ကတော့ မအေးသောင်းလို့ ချစ်စနိုးခေါ်နေကြတဲ့ အေးဝတ်ရည်သောင်းပဲဖြစ်ပါတယ်။ အိမ်ခေါ်နာမည်လေးကတော့ ပေါက်စီပါ။

အမြဲတမ်းမြန်မာအကျင်္ီလုံချည်လေးနဲ့ တည်တည်ငြိမ်ငြိမ် ပို့စ် တွေကြောင့် မြင်ရသူအပေါင်းရဲ့ စိတ်ကို အေးစေပါတဲ့ မအေးသောင်းနဲ့ ပတ်သက်ပြီး အမျိုးသားတွေက ကဗျာလေးတွေ ရေးစပ်ကြသလို အမျိုးသမီးထုကြီးမှာလည်း မအေးသောင်း ချည်သား ၊ မအေးသောင်း မြန်မာဝတ်စုံဆိုပြီး ဂယက်ထသွားပါတယ်။

မအေးသောင်းနဲ့သက်တူရွယ်တူ အနုပညာရှင်အချို့က စွံသွားကြပေမယ့် အခုထိ မစွံသေးတဲ့ မအေးသောင်းက သူ့အချစ်ရေးကို Myanmar Celebrity နဲ့အင်တာဗျူးမှာ အခုလိုပြောပြသွားပါတယ်။

“ ခံစားချက် status တွေတင်တယ် ဆိုပေမဲ့ အချစ်ရေးအတွက် နောင်တရတယ်ဆိုတာတော့မရှိပါဘူး။ ချစ်တယ်ဆိုကတည်းကချစ်တာပါပဲ။ လွမ်းတာကတော့ သူနဲ့ အတူတူ မရှိတဲ့ အချိန်မှာလွမ်းတယ်။ သူနဲ့အတူတူရှိတဲ့ အချိန်မှာ ချစ်တဲ့ အကြောင်းတင်တယ်။ လွမ်းတဲ့ အကြောင်းတင်တယ်ဆိုရင်တော့ သူနဲ့ အတူတူမရှိတဲ့ အချိန်မှာ တင်ဖြစ်တာပါ။အချစ်ရေးမှာ စိတ်ဆိုးစိတ်ကောက်ရှိပေမယ့် ပုံမှန်ပါပဲ။ ပြန်ချော့တဲ့ အခါ စိတ်ဆိုးစိတ်ကောက်ပြေတာပေါ့။ သူနဲ့ ဘယ်လို အခြေအနေရှိတယ်ဆိုတာ ပြောပြ တာထက် ပေါက်စီတင်တဲ့ statusတွေကိုမြင်ရင် ပေါက်စီရဲ့ ခံစားချက်ကိုရိပ်မိမှာပါ။” ဆိုပြီး ခံစားချက် status တွေ တင်ဖြစ်တဲ့ အကြောင်းလေးကိုပြောသွားပါတယ်။

အချစ်နဲ့ပတ်သက်တဲ့ လတ်တလောခံစားချက်ကိုလည်း မအေးသောင်းကအခုလိုပြောသွားပါတယ်။

“ ပေါက်စီကတော့လေ အချစ်နဲ့ပတ်သက်လာရင် ချစ်တာပဲဖြစ်ဖြစ် လွမ်းတာပဲဖြစ်ဖြစ် ပေါ့နော်။ အဲ့ ဒါကပိုက်ဆံပေးပြီးလုပ်လို့မရဘူး။ ပိုက်ဆံဘယ်လောက်ပေးပေးဒီခံစားမှုလေးတွေက မရလို့ ဒါလေးတွေကပိုတန်ဖိုးရှိတယ်။ အဲ့ဒါကြောင့် လွမ်းတာကိုလည်း ပေါက်စီက သဘောကျတယ်။ ချစ်ရတာကိုလည်း ကြိုက်တယ်။” ဆိုပြီး ပြောသွားပါတယ်။

ဘယ်တော့လောက် ချစ်သူနဲ့ ရွှေလက်တွဲမလဲဆိုတဲ့ မေးခွန်းအပေါ် မအေးသောင်းအဖြေက-
“ ပေါက်စီကို ချစ်နေတဲ့သူ ဆိုတော့ ကံကောင်းပါတယ်။ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုခိုင်မာနေဖို့က ပိုအရေးကြီးပါတယ်။
သူ့ အိမ်မက် ကိုယ့်အိမ်မက်လေးတွေ အကောင်အထည်ဖော်ပြီးတဲ့ တစ်နေ့မှာတော့ လက်တွဲဖြစ်မှာပါ။ ပေါက်စီနဲ့အတူ ထပ်တူခံစားပေးတဲ့ ပေါက်စီ အမျိုးတွေကို ကျေးဇူးတင်ပါတယ်။ ပေါက်စီ စိတ်ညစ်သလို လိုက်စိတ်မညစ်ပါနဲ့။ ပျော်တာတွေပဲ ပေးချင်ပါတယ်။” လို့ဆိုပါတယ်။

အခြား သော အနုပညာရှင်တွေ စုံတွဲခုတ်ပြီး တက်လာရင် အားကျမိပါတယ်ဆိုတဲ့ မအေးသောင်း တစ်ယောက် ချစ်သူနဲ့ အမြန်ဆုံး ရွှေလက်တွဲနိုင်ပါစေလို့ ပြောချင်လွန်းလို့ကနေ ဆုတောင်းပေးလိုက်ပါတယ်။