ဝတ်မှုန်ရွှေရည်ကို အပီအပြင်ချီးကျူးလိုက်တဲ့ ထိုင်းဒါရိုက်တာကြီး

0
90

ဝတ်မှုန်ရွှေရည်၊နိုင်းနိုင်းနဲ့ ဒေါင်းတို့ပါဝင်တဲ့ လိပ်ပြာစံအိမ်ဇာတ်ကားကြီးဟာ မကြာခင်မှာပဲရုံတင်ပြသတော့မှာဖြစ်ပါတယ်။ လိပ်ပြာစံအိမ်ဟာ ရိုက်နေပါပြီဆိုကတည်းက ပရိသတ်တွေပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ ဇာတ်ကားကြီးဖြစ်ပြီး အခု ရုံတင်တော့မယ်ဆိုတော့လည်း ကြိုတင်လက်မှတ်တွေတော်တော်များများရောင်းနေရတဲ့ ဇာတ်ကားကြီးလည်းဖြစ်ပါတယ်။ ဒါရိုက်တာကတော့ From Bangkok to Mandalay ကိုရိုက်ထားတဲ့ ဒါရိုက်တာကြီး Chartchai Ketnust ပဲဖြစ်ပါတယ်။ ဒါရိုက်တာကြီးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ဇာတ်ကားနဲ့ပတ်သက်တာတွေပြောပြရင်း မြန်မာတွေရဲ့ နှလုံးသည်းပွတ်လေး ဝတ်မှုန်ရွှေရည်ကိုကောင်းကောင်းချီးကျူးသွားခဲ့ပါတယ်။

ဒါရိုက်တာကြီးက လိပ်ပြာစံအိမ်ကားလေးကို ဖန်တီးဖြစ်ပုံကို “လိပ်ပြာစံအိမ်က မြန်မာနိုင်ငံမှာ နတ်ကိုးကွယ်မှုတွေနတ်ရုပ်လေးတွေ နတ်စင်လေးတွေရှိတယ်ပေါ့။ နောက်ပြီးတော့ ဒီကားကို ဖြစ်မြောက်အောင်ကူညီပေးတဲ့ ဦးလှအေးဆိုသူကလည်းနတ်ကတော်ပါ။ သူနဲ့စကားပြောဖြစ်တော့ လိပ်ပြာဆိုတာ သေနေပြီးသားလူရဲ့လိပ်ပြာလည်းရှိသလို မသေသေးပဲနဲ့ လျှောက်သွားနေတဲ့ လိပ်ပြာလည်းရှိတယ်လို့သိရတယ်။အဲဒါကိုအရမ်းစိတ်ဝင်စားသွားတယ်။အဲဒါနဲ့ပဲ လိပ်ပြာစံအိမ်ဇာတ်ကားလေးကို ဖန်တီးဖြစ်တာပါ”လို့ပြောပြထားပါတယ်။

ဒါရိုက်တာကြီးက မြန်မာနိုင်ငံကို လာပြီးတော့ ရုပ်ရှင်ရိုက်ရတာပျော်ကြောင်းကို “ကျွန်တော်မြန်မာနိုင်ငံကိုလာပြီး ဒုတိယကားရိုက်ရတာဝမ်းသာပါတယ်။ ဒီကိုတစ်ခါလာရရင်ကျွန်တော့်မှာ အားအင်တွေတစ်ခါထပ်ရသလိုပါပဲ။ အဲဒါကြောင့် မြန်မာပြည်မှာရိုက်ကူးရတာကို ပျော်ပါတယ်”လို့ ပြောသွားပါတယ်။

ဝတ်မှုန်ရွှေရည်က အရမ်းကိုလိမ္မာပြီး စကားနားထောင်ကြောင်းနဲ့ ဝတ်မှုန်ရွှေရည်နဲ့အလုပ်လုပ်ရတာ အဆင်ပြေကြောင်းကိုလည်းဒါရိုက်တာကြီးက “ကစ်ကစ်ကအရမ်းကိုသရုပ်ဆောင်ကောင်းတယ်။ ကစ်ကစ်က ကျွန်တော့်စကားကိုလည်းတော်တော်များများနားထောင်တယ်။ ဇာတ်ညွှန်းတွေကိုပြောတဲ့အခါလည်း တစ်ခါတည်းနဲ့ နားလည်တယ်။ အရမ်းတော်တဲ့ သရုပ်ဆောင်ပါပဲ”လို့ အပီအပြင်ချီးကျူးထားပါတယ်။

ဒါ့အပြင် လိပ်ပြာစံအိမ်က From Bangkok To Mandalay ထက် ကမ္ဘာ့နိုင်ငံတော်တော်များများကိုပိုရောက်လောက်မယ်ဆိုပြီးတော့လည်း From Bangkok To Mandalay နဲ့စာရင် ဒီကားက နိုင်ငံတော်တော်များများကိုရောက်လိမ့်မယ်။ဘာလို့လဲဆိုတော့ From Bangkok To Mandalay က ဇာတ်ကားပြပြီးမှရောင်းရတာ။ ဒါကတော့ မပြခင်ကတည်းက လက်မှတ်တော်တော်များများရောင်းနေရပြီ”လို့လည်း ဝမ်းသာစရာမှတ်ချက်ချထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော လိပ်ပြာစံအိမ်ကိုကြည့်ဖို့စိတ်လှုပ်ရှားနေကြပြီလား။ ဝတ်မှုန်ရွှေရည်ကိုရော ချစ်ကြလား။ From Bangkok To Mandalay တုန်းကရော ကြည့်ဖြစ်လိုက်ကြလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say