ဝတ်မှုန်ရွှေရည်နဲ့ မောင်နှမတွေလိုလက်တွဲသွားမှာပါဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

0
71

စိုင်းစိုင်းနဲ့ကစ်နဲ့ကို တွဲမြင်ချင်တဲ့ ပရိသတ်တွေရဲ့ဆန္ဒဟာ နောက်ဆုံးတော့ပြည့်ခဲ့ပြီလို့ဆိုရမှာပါ။ နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းနဲ့ အကယ်ဒမီရထိပ်တန်းမင်းသမီး ဝတ်မှုန်ရွှေရည်တို့ဟာ ငယ်ရွယ်စဉ်က လူငယ်သဘာဝအချစ်ဇာတ်လမ်းလေးတွေရှိခဲ့ကြတယ်ဆိုတာ ပရိသတ်တွေအားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ စိုင်းစိုင်းနဲ့ ကစ်တို့ချစ်သူဖြစ်နေပြီဆိုတာ သိလိုက်ရချိန်မှာ အရမ်းကိုချစ်ဖို့ကောင်းတဲ့စုံတွဲလေးကို တစ်နိုင်ငံလုံးက ပရိသတ်တွေက ဝိုင်းပြီးသဘောတူခဲ့ကြတာပါ။ ဒါပေမယ့် စိတ်မကောင်းစရာပါပဲ စိုင်းစိုင်းနဲ့ကစ်တို့ရဲ့အချစ်ဇာတ်လမ်းလေးက နှစ်အနည်းငယ်သာခံခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့် တစ်ခန်းရပ်ပြတ်စဲသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က အခုအချိန်အထိ ပရိသတ်တွေရဲ့အတွေးထဲမှာ အလွန်လိုက်ဖက်ပြီး ကြည်နူးစရာကောင်းခဲ့တဲ့ ချစ်သူစုံတွဲလေးအဖြစ် စွဲထင်ကျန်နေဆဲပါပဲ။

နောက်ပိုင်းမှာ ကြိုကြားကြိုကြားပွဲတက်ကလေးတွေကလွဲလို့ အတူတူတွဲပြီးမြင်ရခဲတဲ့ စိုင်းစိုင်းနဲ့ ကစ်နဲ့ကို မနေ့က (29.11.2018) မှာ G Shock ရဲ့ (၃၅)နှစ်ပြည့် Anniversary ပွဲမှာ အတူတွဲပြီးတွေ့ခဲ့ရပါတယ်။ စိုင်းစိုင်းကအစကတည်းက G.SHOCK Brand Ambassador အဖြစ်တာဝန်ယူထားခဲ့တာ ၂ နှစ်လောက်ရှိပြီဖြစ်ပြီး ဝတ်မှုန်ရွှေရည်ကိုတော့ (29.11.2018) မှာ Baby-G Brand Ambassador အဖြစ်ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။ G.SHOCK နဲ့ Baby-G ဆိုတာ Brand တစ်ခုတည်းလို့ဆိုရင်လည်းမမှားတာကြောင့် နောက်ကို G.SHOCK ပွဲတွေတိုင်းမှာ စိုင်းစိုင်းနဲ့ကစ်နဲ့ကို အတူတွဲပြီးမြင်ရတော့ဖို့သေချာသလောက်ရှိတဲ့အဖြစ်ဟာ နှစ်ယောက်စလုံးရဲ့ပရိသတ်တွေအတွက်တော့ တကယ့်ကိုဝမ်းသာစရာပါပဲ။

စိုင်းစိုင်းနဲ့ ကစ်နဲ့ဟာ Stage ပေါ်မှာအတူတွဲထိုင်နေခဲ့ကြပြီး မီဒီယာတော်တော်များများက ကစ်က စိုင်းစိုင်းကို ကလေးလေးတစ်ယောက်လိုအပြစ်ကင်းစင်စွာပြုံးပြနေတဲ့ပုံလေးနဲ့ စိုင်းစိုင်းက ကစ်ကိုငဲ့ကြည့်နေတဲ့ဓာတ်ပုံလေးတွေကို အမိအရဖမ်းယူရိုက်လာနိုင်ခဲ့တာတွေ့ရပါတယ်။ စိုင်းစိုင်းက ကစ်နဲ့သူနဲ့အတူလက်တွဲအလုပ်လုပ်သွားမယ့်အကြောင်းကို “Baby-G ကိုရော G.SHOCK ကိုရော မောင်နှမ Brand တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ မောင်နှမတွေလိုမျိုး အတူတူ support လုပ်သွားပါမယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်” လို့ပြောသွားခဲ့ပြီး ကစ်က ဘေးမှာထိုင်နေရင်း ပီတိဖြာတဲ့အပြုံးလေးတွေနဲ့ လက်ခုပ်တီးနေခဲ့ပါတယ်။

စိတ်မပူကျပါနဲ့ မောင်နှမတွေလို support လုပ်ပေးမှာပါတဲ့ 😆အောက်က ပရိတ်သတ်ကလည်း ဘာတွေအတွေးပေါက်နေလည်း မသိဘူး …. ဟေးးး တဲ့ 😂

Dikirim oleh Moe Satt pada Kamis, 29 November 2018

သူတို့နှစ်ယောက်ကိုအရမ်းချစ်ပြီးသဘောတူနေခဲ့ကြတဲ့ ပရိသတ်တွေကတော့ စိုင်းစိုင်းနဲ့ ကစ်နဲ့ နှစ်ယောက် အတူလက်တွဲပြီးအလုပ်လုပ်ရင်းအရင်ကချစ်ခဲ့တဲ့ ချစ်စိတ်တွေများ တစ်ဖန်ပြန်ပေါ်လာမလားလို့လည်း မျှော်လင့်နေကြသလို ပြန်ပေါင်းထုပ်ကြပါတော့ဆိုပြီး Comment တွေမှာ ဝင်ရေးထားသူတွေဟာလည်း ဒုနဲ့ဒေးပါပဲ။ အချစ်ဦးဆိုတာ မမေ့စကောင်းမဟုတ်လား။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော စိုင်းစိုင်းနဲ့ ကစ်နဲု့ကိုသဘောတူနေကြဆဲလား။ ပွဲတက်တွေတင်မဟုတ်ပဲ စိုင်းစိုင်းနဲ့ကစ်နဲ့ အတူရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထွက်လာရင်ရော အားပေးကြဦးမှာလား။ သူတို့ကိုပြန်တွဲစေချင်ကြလား။ပြောခဲ့ကြဦးနော်။

Can’t Wait To Say