သက်သက်လွတ်စားတာ ၂၄နှစ်ရှိသွားပြီဆိုတဲ့ စိုးသူ

0
46

တစ်ခေတ်တစ်ခါတုန်းက တေးသီချင်းကောင်းများစွာကို အကောင်းဆုံးပုံစံတွေနဲ့ သီဆိုနိုင်တာကြောင့် ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်တေးသံရှင် စိုးသူကတော့ဘသူ့အနေနဲ့ သက်သက်လွတ်စားတာ ၂၄နှစ်ရှိနေပြီဖြစ်ပြီး ဒီလိုစားတာဟာ ကုသိုလ်ရချင်လို့မဟုတ်ကြောင်း အစွန်းရောက်လို့ မဟုတ်ကြောင်း မီဒီယာတွေရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

စိုးသူက “ကျွန်တော် သက်သက်လွတ်စားဖြစ်နေတာကတော့ ရာသက်ပန်စားဖြစ်တာပါ။ အခု၂၄နှစ်ရှိသွားပါပြီ ဒါပေမဲ့ သက်သက်လွတ်စားတာက ကုသိုလ်ရချင်လို့ စားတာလည်း မဟုတ်ပါဘူး။ ဘုရားလှူထားတာလည်း မဟုတ်ပါဘူး။ ကျွန်တော့် မေမေကလည်း ပြောပါတယ် အစွန်းမရောက်ဖို့လေ အဲ့အတွက်တွေလည်း မဟုတ်ဘူးပေါ့နော် ဒီလိုပဲ စားဖြစ်သွားတာ။ တောင်တန်းဆရာတော်ဘုရားကြီးဦးဥတ္တမသာရရဲ့ နွားမေတ္တာစာ ဆိုတဲ့စာအုပ်လေးဖတ်ပြီးကတည်းက စားဖြစ်တာပါ။

ပြောင်းလဲတယ်ဆိုတာက အသားငါးမစားတော့တဲ့အတွက် နည်းနည်းနေရတာ ပေါ့ပါးသလို စစားခဲ့တုန်းက။ အခုနောက်ပိုင်းကျတော့ ထူးထူးခြားခြားပြောင်းလဲတာကတော့ အသားတွေဆိုရင် တကယ်လို့ မတော်တဆပါလာရင် ကျွန်တော်သိတယ် အနံ့လည်းသိတယ် အရသာလည်းသိတယ် မစားဖြစ်ဘူး။ စားချင်စိတ်လည်း မရှိဘူး အာသိသလည်း မရှိဘူး အဲ့လိုမျိုးပေါ့။”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဝိတ်တွေချဖြစ်နေတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့ ” Exercise ကတစ်သက်လုံး လုပ်လာတာလေ ပြီးခဲ့တဲ့ ၃ ၄ နှစ်မှာ လုံးလုံး မလုပ်ဘဲ နေတဲ့ အခါကျတော့ လူက တော်တော်လေး ဝိတ်တွေဘာတွေ တက်လာတယ်။ အကုန်လုံးကလည်း ဘစိုး ဝိတ်ချပါအုန်းဆိုတော့။ ဟုတ်တယ်ချမှဖြစ်တော့မယ် ကိုယ့်ပုံကိုယ်ကြည့်ရတာ အဆင်မပြေဘူး ဖြစ်နေတယ်။ စဥ့်အိုးကြီးလို ဖြစ်နေတယ်။ မဖြစ်တော့ဘူး ကစားမှပဲဆိုပြီး အခုကစားနေတာ ကစားတာ၂ရက်ေ လာက် ပျက်တာ၃ရက်လောက် ဒါပေမဲ့ အတူတူကစားတဲ့ညီလေးတစ်ယောက်ရှိတယ်။ သူကလည်း အင်မတန် အသင်အပြကောင်းတဲ့ ဆရာ တကယ်တကယ့်ကို Professional သူကမောင်းပေးနေတော့ မဆိုးဘူး အခုပြန်ကစားနေတယ်။ ဒါပေမဲ့ အခုလာတယ်ဆိုရင် ဒီနေ့ဆိုရင် ပျက်သွားပြန်ပြီ။ အဲ့လိုပြန်ပြီးတော့ အစားထိုးကစားမှာ ကစားပြီးမှ မကစားရင် ပိုဆိုးတယ်ပြောတယ်။”လို့ ပြောသွားခဲ့ပါတယ်။

စိုင်းစိုင်းနဲ့ တွဲရိုက်ရမယ့် ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီးတော့လည်း စိုးသူက “တီတီတို့နဲ့ ရိုက်တဲ့ အခါကျတော့ ရုပ်ရှင်ရသပိုများများပေါ့။ ဒီညီလေးတွေက ရုပ်ရှင်ရသ ပိုများများအားထည့်တာ စိုင်းစိုင်းတို့နဲ့ ကျွန်တော်တို့ကျတော့ဂီတရသတွေလည်း ပါတော့ ရုပ်ရှင်ရော ဂီတရော နှစ်ခုလုံးစုံတဲ့ ရသလေးဖြစ်သွားမှာပေါ့။ ကိုဝိုင်းကိုယ်တိုင်ကလည်း နှစ်မျိုးလုံးဝါသနာပါတယ် ကျွန်တော်သိသလောက်တော့။ ဆိုတော့ အဲ့လိုပဲ အစုံလေးတွေဖြစ်သွားမှာပေါ့။