သင်ကိုယ်တိုင်အိမ်မှာ အလွယ်တကူစိုက်ပျိုးလို့ရမဲ့ အသီးပင်၈မျိုး
0
59
၁။လိမ္မော်သီးပင်
၂။သံပရိုပင်
● သံပရိုပင်လေးတွေဟာ ရေကြိုက်တာကြောင့် သူ့ကို စိုက်ဖို့မြေနေရာရွေးချယ်တဲ့အခါ စိုစွတ်တဲ့မြေကြီးကို သာရွေးချယ်သင့်ပြီး ၁ပတ်ကို ၃ကြိမ်၎ကြိမ်ထက်မနည်းရေလောင်းပေးဖို့မမေ့ပါနဲ့။
● သံပရိုပင်တွေဟာ စေ့ဉ် နေရောင်ခြည်ကို ၁၀နာရီကနေ ၁၄နာရီအထိလုံလုံလောက်လောက်ရဖို့လိုအပ်ပါတယ်။
၃။ထောပတ်သီး
၎။သစ်တော်သီး
၅။ပန်းသီးပင်
၆။မက်မန်းသီး
၇။ချယ်ရီသီးပင်
၈။မက်မွန်သီးပင်
Unicode
အမေရိကန်စိုက်ပျိုးရေး ဌာနကနေသတ်မှတ်ထားတာကတော့ အရွယ်ရောက်ပြီးသား လူတစ်ယောက်ဟာ တစ်နေ့ကို အသီးဖျော်ရည် ၂.၅ ကနေ ၁.၅ ခွက်အထိပုံမှန်သောက်သုံးသင့်ပါတယ်လို့ဆိုပါတယ်။အခုအချိန်မှာတော့ အသီးအနှံတွေဟာ အနီးမှာ ရှိတဲ့ Super market တွေကနေအလွယ်တစ်ကူဝယ်ယူနိုင်တယ်ဆိုပေမဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ခြံထွက်သီးနှံတွေစားသုံးရခြင်းဟာ စိတ်ကျေနပ်မှုကို ပိုရရှိသလို ကျန်းမာရေးကိုလည်းပိုအထောက်အကူပြုပါတယ်။ဒီလိုဆိုရင်ကိုယ်တိုင်ကလည်း အပင်လေးတွေစိုက်ပျိုးရတာဝါသနာပါတယ်ဆိုရင်တော့ ကိုယ့်ရဲ့ ခြံထဲမှာ တင်အလွယ်တစ်ကူပေါက်ရောက်နိုင်တဲ့ အသီးပင်လေးတွေကို စိုက်ပျိုးနည်းနဲ့တကွဖော်ပြပေးလိုပါတယ်။
၁။လိမ္မော်သီးပင်
လိမ္မော်ပင်ဟာ ၁ဝပေကနေ ၁၅ ပေအထိကြီးထွားနိုင်တဲ့သီးပင်တစ်မျိုးပါ။။အကယ်လို့သင်ဟာ ဒီလိမ္မော်ပင်ကို ကိုယ်တိုင်စိုက်ပျိုးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့အချက်တွေအတိုင်းလိုက်နာပြီး စိုက်ပျိုးကြည့်နိုင်ပါတယ်။
● စိုက်ပျိုးမဲ့နေရာဟာ နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမဟုတ်ဘဲ နေရောင်ခြည်လုံလုံလောက်ရရမဲ့နေရာမျိုးဖြစ်ရပါမယ်။စိုစွတ်တဲ့မြေနေရာကို ရွေးခြယ်သင့်ပြီး၊ရေကိုအများကြီးမဟုတ်ဘဲနဲ့ ပုံမှန်လောင်းပေးရပါမယ်။
● လတ်ဆတ်တဲ့ အသီးကရတဲ့ အစေ့ကို စိုက်ပျိုးဖို့အတွက်အသုံးပြုတာဟာ အပင်ပေါက်ထို့အတွက်ပိုမိုလွယ်ကူပြီး။နွေဦးရာသီနဲ့ နွေရာသီတွေကတော့ အပင်လေးတွေစတင်စိုက်ပျိုးဖို့အသင့်တော်ဆုံးအချိန်ပါပဲ။
● ပေါင်းပင်လေးတွေကြီးထွားလာပြီဆိုရင်တော့ မြေစာထည့်ထားတဲ့ အိုးခပ်ကြီးကြီးတစ်လုံးထဲကို နေရာရွှေ့ပြောင်းပြီးစိုက်လို့ရပါပြီ။
လိမ္မော်ပင်တွေဟာ အပွင့်ကနေအသီးသီးဖို့အတွက်၄နှစ်ကနေ ၅နှစ်ခန့်အချိန်ကြာမြင့်ပြီး၊ အပွင့်တွေဟာ နွေဦးမှာစတင်ပွင့်လေ့ရှိပါတယ်။ နွေရာသီအစမှာတော့အသီးစတင်သီးပြီး၊ဆောင်းရာသီရောက်ရင်တော့ ခူးလို့ရတဲ့အခြေအနေကိုရောက်ပါပြီ။
၂။သံပရိုပင်
သံပရိုပင်လေးတွေဟာ စိုက်ပျိုးရလွယ်ကူတာကြောင့်သူ့ရဲ့ စိုက်ပျိုးနည်းတွေကလည်းလွယ်ကူရိုးရှင်းပါတယ်။
● လတ်လတ်ဆတ်ဆတ် သံပရိုသီးကရတဲ့ အစေ့ ၅စေ့၁ဝလောက်ကို တစ်နေရာထဲမှာ စိုက်ပျိုးပါ။တစ်ခါတစ်လေ တစ်ချို့အစေ့တွေဟာ အပင်မအောင်တတ်လို့ပါ။
● သံပရိုပင်လေးတွေဟာ ရေကြိုက်တာကြောင့် သူ့ကို စိုက်ဖို့မြေနေရာရွေးချယ်တဲ့အခါ စိုစွတ်တဲ့မြေကြီးကို သာရွေးချယ်သင့်ပြီး ၁ပတ်ကို ၃ကြိမ်၄ကြိမ်ထက်မနည်းရေလောင်းပေးဖို့မမေ့ပါနဲ့။
● သံပရိုပင်တွေဟာ ေ့စဉ် နေရောင်ခြည်ကို ၁ဝနာရီကနေ ၁၄နာရီအထိလုံလုံလောက်လောက်ရဖို့လိုအပ်ပါတယ်။
● အပင်ပေါက်လေးတွေဟာ အမြစ်လေးတွေစတွယ်လာပြီဆိုရင်တော့ ပိုကြီးတဲ့အိုးထဲကို နေရာရွှေ့ပြောငး်ပြီးစိုက်လို့ရပါပြီ။သံပရိုပင်တွေဟာ အသီးစတင်ဖြစ်လာဖို့ ၅နှစ်ကြာစောင့်ရလေ့ရှိပြီးတစ်ခါတစ်လေမှာတော့ ၁၅နှစ်အထိကြာတတ်ပါတယ်။
၃။ထောပတ်သီး
ထောပတ်သီးပင်မစိုက်ခင်မှာ အပင်လောင်းလေးဖြစ်ဖို့အတွက်အရင်ပြုစုပျိုးထောင်ပေးရပါမယ်။ဒီလိုလုပ်ဖို့ဆိုရင်တော့ ပထဆုံးသွားကြားထိုးတံသုံးလေးချောင်းကို ယူပြီးပုံမှာပြထားတဲ့အတိုင်းထောပတ်သီးအစေ့ကို ရေထည့်ထားတဲ့ဖန်ခွက်မှာ ထည့်ပြီး သွားကြားထိုးတံတွေနဲ့ထိုးစိုက်ထားရပါမယ်။ထောပတ်သီးအစေ့ဟာ ရေတစ်လက်မလောက်အထိမြုပ်နေဖို့လည်းလိုပါတယ်။နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့တာမျိုးမဟုတ်ဘဲနဲ့ နေရောင်ခြည်နွေးနွေးလောက်ရနိုင်မယ့်နေရရာမျိုးမှာ ၂ပတ်၃ပတ်လောက်ကြာကြာ အမြစ်လေးတွေထွက်လာတဲ့အထိထားလိုက်ပါ။
● ပထမဆုံး ရလာတဲ့အပင်ပေါက်ကလေးကိုမြေကြီးထဲမှာ စပြီးစိုက်တော့မယ်ဆိုရင် အစေ့တစ်ဝက်လောက်ကို လေနဲ့ထိတွေ့အောင် မြေကြီးပေါ်မှာတစ်ဝက်ဖော်ပြီးစိုက်ပျိုးရပါမယ်
● အပင်စစိုက်မဲ့အချိန်ကတော့ march နဲ့ June လကြားဟာ အသင့်တော်ဆုံး အချိန်ပါပဲ။
● ထောပတ်ပင်ဟာ အတန်အသင့်စိုစွတ်တဲ့ေ့မြကြီးပေါ်အကောင်းဆုံးပေါက်ရောက်နိုင်တဲ့အတွက် တစ်ပတ်ကို ၂ကြိမ်၃ကြိမ်ပုံမှန်ရေလောင်းပေးရပါမယ်။ထောပတ်သီးပင်ကနေ အသီးတွေဖြစ်ထွန်းလာဖို့အတွက်ဆိုရင် ၅နှစ်ကနေ ၁၃နှစ်ကြာစောင့်ဆိုင်းရပါတယ်။ တစ်ကယ်လို့သင့်ထောက်ပတ်ပင်ကနေ အပွင့်တွေကြွေကျကုန်တာာ သဘာဝဖြစ်စဉ်မလို့ စိတ်ပူစရာမလိုကြောင်းထပ်လောင်းပြောပါရစေ။
၄။သစ်တော်သီး
သစ်တော်သီးအစေ့ကိုအညှောက်ပေါက်ဖို့ဆိုရင်တော့ပထမဆုံးလုပ်ရမှာက အစေ့ကို ကာဘွန်ဓာတ်ပါတဲ့ရေညှိတွေထည့်ထားတဲ့ plastic အိတ်ထဲကို ထည့်ုပြီး ရက်၆ဝကနေ ၉ဝကြာရေခဲသေတ္တာထဲမှာထည့်ထားရပါတယ်။ရက်၉ဝကြာပြီးတဲ့နောက်မှာ တော့ ယင်းအစေ့ကို ရေနွေးထည့်ထားတဲ့ဖန်ခွက်ထဲထည့်ကြီး ၂ရက်ကြာထပ်ထားပေးပါ။ပြီးရင်တော့အောက်အဆင့်တွေအတိုင်းလိုက်လို့ရပါပြီ။
● သစ်တော်သီးပင်တွေဟာ ရေကို ကောင်းကောင်းစုပ်ယူနိုင်တဲ့မြေကြီးပေါ်မှာကောင်းစွာရှင်သန်နိုင်ပြီး နေရောင်ခြည်တစ်နေ့ကို ၆နာရီရဖို့လိုအပ်ပါတယ်။အလင်းရောင်ကို ပိုပြီး စုပ်ယူနိုင်လေ ရေဓာတ်များများလိုအပ်လေဆိုတာတော့မမေ့ဖို့လိုပါတယ်။
● ဒါကြောင့်ရေကို တစ်ပတ်မှာတစ်ကြိမ်အနည်းဆုံး ပုံမှန်လောင်းပေးသင့်ပါတယ်။မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာရေလောင်တာကတော့ အကောင်းဆုံးနဲ့အသင့်တော်ဆုံးပါပဲ။သစ်တော်ပင်ကနေအသီးသီးရဖို့အတွက် အနည်းဆုံး ၃နှစ်ကနေ အများဆုံး ၁ဝနှစ်အထိအချိန်ယူလေ့ရှိပါတယ်။ သစ်တော်သီးဟာ အစိမ်းကနေ အရောင်ပြောင်းသွားပြီးဆိုရင်တော့ စတင်ခူးဆွတ်လို့ရပါပြီ။
၅။ပန်းသီးပင်
သင်ဟာ အစေ့ကနေ အပင်စိုက်ပျိုးတော့မယ်ဆိုရင် သင်စိုက်လိုက်တဲ့ အစေ့တိုငး်ဟာ မူလအပင်ပုံစံမျိုးလည်းပေက်ချင်မှပေါက်လာပါလိမ့်မယ်။နောက်တစ်ခုက သင်ဟာအပင်ပု စိုက်တာ မဟုတ်ဘူးဆိုရင် အပင်တွေဟာ သူကြီးထွားနိုင်တဲ့အတိုင်းအတာအထိကို ကြီးထွားမှာဖြစ်ပါတယ်။ကဲ ဒါဆို ပန်းသီးပင်စစိုက်တော့မယ်ဆိုရင်ဘယ်လိုအကြောင်းအရာတွေကိုလိုက်နာရမလဲဆိုတာ အောက်မှာတစ်ချက်လောက်ကြည့်ကြည့်ရအောင်။
● ပထမဆုံးပန်းသီးပင်စစိုက်တော့မယ်ဆိုရင်အမျိုးအစားမတူတဲ့ အစေ့နှစ်မျိုးကို ရွေးချယ်ရပါမယ်။ပြီးရင်တော့ ပလတ်စတစ်အိတ်ထဲထည့်ပြီး အပေါ်ကနေ ရေစိုဝတ်တစ်ခုနဲ့အုပ်ကာ ရေခဲသေတ္တာထဲမှာရက် ရဝကနေ ၈၀ ကြာကြာ ထည့်ထားပေးရမှာဖြစ်ပါတယ်။
● ဆောင်အကုန်နွေအကူးရာသီဟာအညှောင့်ထွက်လာတဲ့ အစေ့ကလေးတွေစိုက်ပျိုးဖို့အတွက်အသင့်တော်ဆုံးကာလပါ။
● စိုက်ထားတဲ့အိုးကိုတော့ နေရာင်ခြည်လုံလုံလောက်လောက်ရဖို့အတွက်ပြတင်းပေါက်ဘောင်မှာထားပေးရပါတယ်။
● အပင်နုနေစဉ်ကာလမှာတော့ရေလောင်းတာကို ပုံမှန်ပြုလုပ်ပေးဖို့လိုပြီး အပင်နည်နည်းကြီးလာရင်တော့ ရေလောင်းတာကိုလျှော့လိုက်လို့ရပါပြီ။အစေ့နေ သီးပင်စိုက်ပျိးမယ်ဆိုရင်တော့ အသီးတွေဖြစ်ထွန်းဖို့အနည်းဆုံး ၈နှစ်ကနေ ၁ဝနှစ်အထိစောင့်ဆိုင်းရပါတယ်။
၆။မက်မန်းသီး
ဒီအပင်ကို စတင်စိုက်ပျိုးတော့ယ်ဆိုရင်တော့ သင်ကြိုတင်ပြင်ဆင်ထားရမဲ့အရာတွေရှိပါတယ်။ ပထမဦးစွာစိုက်မဲ့ မက်မန်းသီးအစေ့ကို ပြတင်းပေါက်ဘောင်ပေါ်မှာထားပြီးအခြောက်ခံပါ။ပြီးရင်တော့အပေါ်က အခွံမာ ကိုခြွဲပီးအထဲကအစေ့ကို ထုတ်ယူလိုက်ပါ။ယင်းအစေ့ကို ရေထည့်ထားတဲ့ဖန်ခွက်ထဲမှာ တစ်ညစိမ်ထားပါ။ပြီးရင်တော့ မြေဆွေးထည့်ထားထားတဲ့ဘူးတစ်ခုထဲကို ယင်းအစေ့ကို ထည့်ပြီးရေခဲသေတ္တာထဲမှာ ၆ပတ်ကနေ၈ပတ်ကြာထည့်ထားပေးမှာ ။အမြစ်တွေ တွယ်လာပြီဆိုရင်တော့စပြီးစိုက်ပျိုုးလို့ရပါပြီ။
● အညှောင့်ပေါက်လာတဲ့အစေ့လေးတွေကို မြေဆွေးနဲ့ မြေကြီး၂မျိုးထည့်ထားတဲ့အိုးထဲမှာ စတင်စိုက်ပိုးပါ။
● မက်မန်းသီးပင်ပေါက်လေးတွေဟာ တစ်နေ့ကို ၆နာရီနေရောင်ခြည်တိုက်ရိုက်ထိတွေ့ဖို့လိုအပ်ပါတယ်။
● အညှောင့်ကနေအပင်ဖြစ်တဲ့အချိန်မှာ သူရှင်သန်တဲ့မြေကြီးဟာ ရေဓာတ်အသင့်အတင့်ပြည့်ဝနေရင်လုံလောက်ပါပြီ။မက်မွန်ပင်ကတော့စိုက်ပြီး၃နှစ်ကနေ ၅နှစ်အတွင်းမှာ အသီးစတင်သီးပါပြီ။
၇။ချယ်ရီသီးပင်
ချယ်ရီသီးပင်စတင်စိုက်မယ်ဆိုရင်တော့ အညှောင့်ထွက်အောင်အရင်ဆုံးပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ပထမဦးစွာ အစေ့တွေကို လေလုံတဲ့ပလတ်စတစ်အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ၁ဝပတ်ကြာထားပေးရပါမယ်။ အညောှင့်လေးတွေထွက်လာပြီဆိုရင်တော့ အောက်ကအဆင့်လေးတွေအတိုင်းဆက်လုပ်လို့ရပါပြီ။
● အညှောင့်ပေါက်လာတဲ့အစေ့တွေကို နေရောင်ခြည်လုံလုံလောက်ရတဲ့နေရာ၊လေကောင်းလေသန့် ရတဲ့နေရာမျိုးမှာထားရပါမယ်။သူ့တို့ဟာ ခြောက်သွေ့တဲ့နေရာနဲ့ မြေသြဇာကောင်းမွန်တဲ့မြေနေရာတွေမှကောင်းမွန်စွာရှင်သန်တတ်ကြပါတယ်။
● မြေကြီးဟာ ရေဓာတ်အသင့်အတင့်ရှိနေရင်လုံလောက်ပါပြီ။အသီးစတင်သီးဖို့အတွက်ကတော့ ၈နှစ်ကနေ ၉နှစ်အချိ်န်ယူလေ့ရှိပါတယ်။
၈။မက်မွန်သီးပင်
မက်မွန်သီးအပင်ကို စတင်စိုက်ပျိုးတော့မယ်ဆိုရင်တော့ ပထမဦးစွာ အစေ့တွေ့ကို ရေစိုဝတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၈ပတ်ကြာထားရပါမယ်။ဒါဆိုရင်တော့ အောက်ပါအဆင့်တွေအတိုငး်ဆက်လက်စိုက်ပျိုးလို့ရပါပြီ။
● ပထမဦးစွာ အပေါ်ကအခွံမာ ကို ဖယ်ရှားပြီး အတွင်းကအစေ့ကို စတင်စိုက်ပျိုးရပါမယ်။စိုက်ပျိုးတဲ့အခါမှာ ၁စေ့ထက်ပိုပီး ခပ်များများစိုက်ပေးရပါမယ်။အစေ့ထဲကအားလုံးဟာ အပင်အဖြစ်ရှင်သန်ဖို့မလွယ်ကူပါဘူး
● မက်မွန်ပင်တွေဟာ သဲဆန်တဲ့မြေ၊နုန်းမြေတွေမှာကောင်းစွာရှင်သန်နိုင်ပါတယ်။ သူကို စိုက်ဖို့ဆိုရင်တော့ မြေကြီးကို နက်နက်တူးပေးရပါမယ်။ရေစီးရေလာကောငး်မွန်မှသာ အမြစ်တွေကောင်းမွန်စွာရှင်သန်နိုင်ပါလိမ့်မယ်။
● ရေဓာတ်အသင့်အတင့်ရှိတဲ့ မြေကြီး၊ဒါမှမဟုတ် မြေဆွေးမြေသြဇာတွေမှာစိုက်ပျိုးနိုင်ပါတယ်။ဒါ့အပင်မက်မွန်ပင်တွေဟာ နေရောင်ခြည်လုံလုံလောက်လောက်ရဖို့လိုအပ်ပါတယ်။
အသီးဖြစ်ထွန်းဖို့အတွက်ကတော့ ၃နှစ်ကနေ ၅နှစ်ကြာပါတယ်။
ကဲ သင်ဟာ အပင်လေးတွေစိုက်ပျိးရတာဝါသနာပါသူဆိုရင်တော့ဒီနည်းလမ်းလေးတွကို လက်တွေ့စမ်းသပ်စိုက်ပျိုးကြည့်သင့်ပါတယ်။ အကယ်လို့ အစေ့ကနေအပင်ဖြစ်အောင် စိုက်ဖူးတယ်ဆိုရင်လည်း အားလုံးသိအောင် comment မှာမျှဝေပေးဖို့မမေ့နဲ့နော်။ ။