သင့်အပန်းဖြေမှုနဲ့ ကျန်းမာရေးအတွက် သဘာဝပတ်ဝန်းကျင်က ဘယ်လောက်အရေးပါသလဲ
ဦးနှောက်ထဲ အောက်ဆီဂျင်ရောက်မှ ခေါင်းကြည်ပြီး မှတ်ဥာဏ်စွမ်းရည်ကို ရင့်သန်စေပါတယ်။ ဒါကြောင့် ကျေးလက်က သက်ကြီးပိုင်းတွေက မှတ်ဥာဏ် အင်မတန်ကောင်းကြပြီး သူငယ်ပြန်တာ မေလျော့တာမျိုး ဖြစ်ခဲလှပါတယ်။
Unicode
အကြောင်းအမျိုးမျိုးကြောင့် လူတွေဟာ စိတ်ဖိစီးမှု ဒဏ်ခံရတတ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေရော စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေဖျောက်ပါသလဲ။ ဒါကို ကုစားဖို့အကောင်းဆုံးနည်းလမ်းကတော့ သဘာဝတရားကြီးဖြစ်ပါတယ်။သင်ဟာ ခရီးထွက်ပေးမယ်ဆိုရင် အတိုင်းတာတခုထိ သင့်စိတ်ကို လန်းဆန်းတက်ကြွလာနိုင်ပြီး သဘာဝတရားရဲ့ လှပမှုက သင့်ရဲ့ စိတ်ကို ကုစားပေးနိုင်မှာဖြစ်ပါတယ်။
လူတစ်ယောက် ပင်ပန်းပြီဆိုရင် ဦးနှောက်ကလည်း 20 % လောက် လိုက်ပင်ပန်းပါတယ်။ဒါဟာ ကြောက်မက်ဖွယ် ဦးနှောက်ရဲ့ အလုပ်လုပ်နေမှုပါပဲ။တခြားအရာတေါကို နှိပ်နယ် ကုစားလို့ ရပေမယ့် ဦးနှောက်အားဖြည့်ဖို့အတွက် သင်ဟာ လတ်ဆတ်တဲ့ လေ လှပတဲ့ ရှုခင်းနဲ့ ငြိမ်းချမ်းတိတ်ဆိတ်ရာ နေရာလေးကို ရှာဖွေဖို့ လိုပါတယ်။ဒါဟာ ဦးနှောက်ကို အားပြန်ဖြည့်ခြင်းပါပဲ။
လူတိုင်းဟာ နေရောင်စွမ်းအင်ကို သိပ်မသိကြပါဘူး။ မနက်ခင်း နေရောင်ခြည်ဟာ ဗီတာမင် ဒီပါဝင်ပြီး သွေးကြောလေကြောတွေကို ပွင့်စေပါတယ်။အရိုးကို သန်မာစေပြီး အသက်ရှုစနစ်ကို ကောင်းမွန်စေပါတယ်။ သွားကျန်းမာရေးကိုလည်း အထောက်အကူပြု နိုင်ပါသတဲ့။ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပြီး သွေးလည်ပတ်မှုကို အထောက်အကူပြုနိုင်ပါတယ်။
နေရောင်ခြည် နုနုလေးမှာ အိပ်စက်ခြင်းက သင့်ကို နုပျိုစေပါတယ်။ ဒါကြောင့် အနောက်နိုင်ငံတွေဟာ မနက်ခင်း နေရောင်ခြည်နဲ့ ကမ်းခြေမှာ မှိန်းလေ့ရှိပါတယ်။ ဒါဟာ ဟော်မုန်းကို ထိန်းချုပ်ပြီး သွေးသားကို နုပျိုစေတာဖြစ်ပါတယ်။
မနက်ခင်းမှာ တောတောင် လျှိမြောင်တွေနဲ့ သစ်ပင်ပန်းမန်တွေကြားမှာ အသက်ရှုရခြင်းဟာ သာမာန်အချိန်တွေထက် သင့်ရဲ့ စိတ်ဖိဆီးမှုကို နှစ်ဆလျော့ကျစေသလို အသက်ရှုစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။ မလိုအပ်ပဲ ဆဲလ်တွေ သေဆုံးပြီး အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးနိုင်ပါတယ်။
မြေဆီလွှာပေါ်မှာ ဖိနပ်မပါပဲ လမ်းလျှောက်သူတွေဟာ ဖိနပ်နဲ့လျှောက်သူတွေထက် ပိုကျန်းမာတတ်ပါတယ်။ သဘာဝ ဘက်တီးရီးယားတွေဟာ ကောင်းမွန်တဲ့အပိုင်းက လူသားအကျိုးပြုမှုတွေရှိပြီး ခြေဖဝါးခြေဆီတွေ ထွက်ပြီး ကျန်းမာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။
လှပကြည်နူးဖွယ်ရာလို့ သင်ထင်မှတ်မိတဲ့ နေရာလေးတွေကို ခရီးသွားရင်းမှတ်တမ်းတင်ပါ။တချိန်မှာ သင် ပင်ပန်းတဲ့အခါ စိတ်ဖိဆီးတဲ့အခါ မွန်းကြပ်တဲ့အခါ အဲ့ဒီနေရာလေးတွေကို ပြန်လည် ကြည့်ရှုခြင်းက သင့်ရဲ့ စိတ်ကို အပန်းပြေစေနိုင်တာဖြစ်ပါတယ်။
သဘာဝတရားဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာပါ ပြုပြင်ပြောင်းလဲပေးနိုင်ပါတယ်။ ဒတ်ချ်တွေရဲ့ လေ့လာတွေ့ရှိမှုအရ ပန်းခြံထဲ တရက် နာရီဝက်လောက် နေသူက သာမာန်လူထက် အသက်ပိုရှည်ပြီး ခရီးသွားသူတေါက ပိုလို့တောင် အသက်ရှည်ကြတယ်လို့ ဆိုပါတယ်။ဒါဟာ ဟော်မုန်းပမာဏ အဆမတန်မြင့်မားမှုကိုလည်း ထိန်းချုပ်နိုင်ပါသေးတယ်။
လေကောင်းလေသန့် ရှိခြင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အထူးအရေးပါ ပါတယ်။ လေကောင်းလေသန့်ကို ရှုရှိုက်ရင် သွေးဖိအားကို လျော့ကျစေပြီး သွေးတိုးရောဂါကို သက်သာစေပါတယ်။
ဦးနှောက်ထဲ အောက်ဆီဂျင်ရောက်မှ ခေါင်းကြည်ပြီး မှတ်ဉာဏ်စွမ်းရည်ကို ရင့်သန်စေပါတယ်။ ဒါကြောင့် ကျေးလက်က သက်ကြီးပိုင်းတွေက မှတ်ဉာဏ် အင်မတန်ကောင်းကြပြီး သူငယ်ပြန်တာ မေလျော့တာမျိုး ဖြစ်ခဲလှပါတယ်။
လေ့ကျင့်ခန်းကို အိမ်ထဲလုပ်တာထက် အိမ်ပြင်မှာ လုပ်တာ ပိုမိုထိရောက်နိုင်ပါတယ်။ ဒါကြောင့် ရှေးလူတို့ဟာ တောတောင်တွေထဲသွားကာ သိုင်းကစားတာ တရားထိုင်တာတို့ကို လုပ်တတ်ပြီး သာမာန်ထက် တိုးတက်မှု မြန်ဆန်တာဖြစ်ပါတယ်။
ဒီအကြောင်းအရာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် ပြောချင်လွန်းလို့ စာမျက်နှာကို See First လုပ်ထားပြီး ဆက်လက်အားပေးပါဦးနော်။
အခု တင်ဆက်ပေးလိုက်တဲ့ အကြောင်းအရာလေးကတော့ ကျန်းမာရေးအတွက် သဘာဝပတ်ဝန်းကျင်က ဘယ်လောက်အရေးပါသလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။