သင့်မွေးရာသီခွင်အရ သင်ဖြစ်မယ့်သရဲအမျိုးအစားများ

0
73

သတင်းစာထဲမှာပါလာတတ်တဲ့ ၁၂ရာသီခွင်ဟောစာတမ်းတွေကို အပျင်းပြေပဲဖြစ်ဖြစ်ဖတ်ဖူးကြမှာပါ။ယုံယုံကြည်ကြည်ဖတ်ကြသူတွေရှိသလို ယုံယုံမယုံယုံ အပျော်သဘောနဲ့ပဲဖြစ်ဖြစ် ဖတ်လိုက်ကြတာရှိပါတယ်။ ဒီတစ်ခါမှာလည်း မွေးရာသီခွင်အလိုက် သင်ဟာဘယ်လိုတစ္ဆေသရဲမျိုးဖြစ်လာနိုင်လဲဆိုတာကို ဖတ်ရှုလိုက်ကြရအောင်ပါ။

၁။Aries ရာသီဖွား(မတ်၂၁မှဧပြီ၁၉အတွင်းမွေးသူများ)-The Poltergeist

Poltergeistဆိုတာဟာ ဂျာမန်စကားဖြစ်ပြီး ကျီစယ်တတ်သောလို့အဓိပ္ပါယ်ရပါတယ်။ပုဏ္ဏကတိုက်ခြင်းလို့လည်းအဓိပ္ပါယ်ရှိပါတယ်။ဆူဆူပူပူ၊ဆူဆူညံညံ့၊အတိုက်အခိုက်ဖြစ်စေတဲ့သရဲအမျိုးအစားဖြစ်ပါတယ်။အိမ်မှာအညံ့တွေကျရောက်နေတဲ့အချိန်မှာ ခြောက်လှန့်တတ်ပါတယ်။ အပြင်ကနေပြန်ရောက်တဲ့အချိန်မှာ ပရိဘာဂတွေက ကြောက်စရာကောင်းအောင်နေရာရွေ့နေပြီဆိုရင်တော့ Aries သရဲလက်ချက်လို့သာမှတ်လိုက်ပါ။

၂။Taurusရာသီဖွား(ဧပြီ၂၀မှမေ၂၀အတွင်းမွေးသူများ)-Grey Lady

Taurusဟာ နေသင်္ကေတဖြစ်တာကြောင့် လက်တွေ့အကျဆုံး ကိုယ်ရည်ကိုယ်သွေးရှိတတ်ပါတယ်။ကွယ်လွန်သွားပြီးရင်တောင် သူတို့အရင်ပုံစံအတိုင်းပဲရှိနေတတ်ပါတယ်။Taurusရာသီဖွားသရဲတွေဟာဆူဆူညံညံမရှိကြပဲ မိသားစုတွေကိုတိတ်တဆိတ်သာစောင့်ကြည့်နေတတ်ကြပါတယ်။ဥပမာ မီးခိုးရောင်ဝတ်ရုံကြီးနဲ့ လှေကားထောင့်တစ်ခု ၊ မှန်တစ်ခုရှေ့မှာသင့်ကိုစောင့်ကြည့်နေတာမျိုးပေါ့။

၃။Geminiရာသီဖွား(မေ၂၁မှဇွန်၂၀အတွင်းမွေးသူများ)-Trickster Ghost

Geminiတွေဟာ ရှင်သန်စဉ်မှာလည်း အလွန်ပျော်တတ်ကြပါတယ်။လူတွေကို ရီစရာဖြစ်အောင် နောက်ပြောင်တာမျိုးလည်းအရမ်းလုပ်တတ်ကြပါတယ်။ဒါဟာ သူတို့ရဲ့ဘဝကူးချိန်အထိပါပဲ။ Geminiတစ္ဆေတွေဟာ လူတွေရဲ့စိတ်ထဲကလွှမ်းမိုးနေတဲ့ခြောက်လှန့်ပုံတွေကိုသုံးတတ်ကြပါတယ်။တကယ်လို့သင်ယုံထားတဲ့အတိုင်း ဝတ်ရုံဖြူ ကြီးနဲ့ သရဲတွေ၊ အရုပ်ထဲကတစ္ဆေတွေကိုမြင်တွေ့နေရပြီဆိုရင် Gemini လို့သာသိထားလိုက်ပါ။

၎။Cancerရာသီဖွား(ဇွန်၂၁မှ ဇူလိုင်၂၂အတွင်းမွေးသူများ)-Vinishing Hitchhiker

ညအချိန်မတော်ကားလမ်းပေါ်မှာ လူတစ်ယောက်တွေ့လိုက်ရလို့ ကားကိုလမ်းဘေးဆွဲချလိုက်ရတဲ့အကြောင်းတွေကြားဖူးကြမှာပါ။ဒါဟာ Cancerသရဲအမျိုးအစားပါပဲ။Cancerတွေဟာ အသက်ရှင်စဉ်မှာလည်းခံစားချက်ပြင်းထန်ကြပါတယ်။ ဒီလိုခြောက်လှန့်မှုတွေဟာ ကားလမ်းပေါ်သာမက ကားပေါ်ထိလိုက်လာတတ်ပါတယ်။ သင့်ကိုတစ်သက်လုံးလိုက်ခြောက်လှန့်မလှန့်ကတော့ Cancerသရဲက သူ့ဘာသာဆုံးဖြတ်ပါလိမ့်မယ်။

၅။Leoရာသီဖွား(ဇူလိုင်၂၃မှသြဂုတ်၂၂အတွင်းမွေးသူများ)-Military Ghost

စစ်အတွင်းကျဆုံးသူတွေ၊သင်္ဘောပျက်တစ်ခုက သင်္ဘောသားသရဲတွေ၊ စသည့်ဖြင့်ဒါဟာ Leoအမျိုးအစားသရဲတွေပါ။ပုံပန်းပြတတ်ကြပေမဲ့ တကယ်ထိခိုက်အောင်ခြောက်လှန့်ခြင်းမရှိပါဘူး။သူတို့တာဝန်ထမ်းဆောင်ခဲ့ရတဲ့ယူနီဖောင်းကိုဝတ်ပြီး ဘဝကူးပြီးနောက်ပိုင်းထိ တာဝန်ထမ်းဆောင်နေတတ်ပါတယ်။အစွဲအလမ်းကြီးတဲ့Leoတွေပေါ့။

၆။Virgoရာသီဖွား(သြဂုတ်၂၃မှစက်တင်ဘာ၂၂အတွင်းမွေးသူများ)-Ghost with unfinished business)

Virgoတွေဟာအလုပ်ကြိုးစားသူ၊လက်တွေ့ဆန်သူ၊တာဝန်တွေမပြီးမြောက်ရင်မနေတတ်သူတွေဖြစ်ပါတယ်။ဒါဟာ လက်ဆောင်တစ်ခုဖြစ်သလို သေလွန်ပြီးနောက်မှာလည်းကျိန်စာတစ်ခုလိုဖြစ်နေတတ်ပါတယ်။ သူတို့ရဲ့လူ့ဘဝက လုပ်ဆောင်လက်စ အလုပ်တွေကို သရဲဘဝနဲ့ဆက်လက်လုပ်ဆောင်နေတတ်ပါတယ်။စာသင်ခဲ့တဲ့ကျောင်း၊တက္ကသိုလ်၊ရုံးတွေမှာ သူတို့ရှိပါလိမ့်မယ်။

၇။Libraရာသီဖွား(စက်တင်ဘာ၂၂မှအောက်တိုဘာ၂၃အတွင်းမွေးသူများ)-Spirit Orb

Libraတွေဟာ ငြိမ်းချမ်းကြပြီးရန်လိုခြင်းမရှိကြပါဘူး။ဘယ်ကိုရောက်ရောက် ငြင်းခုန်ခြင်းမရှိကြပဲ ပျော်စရာပတ်ဝန်းကျင်ကိုသာလိုကြပါတယ်။ဘယ်သူ့ကိုမှထိခိုက်အောင်ပြုလုပ်ကြမှာမဟုတ်ပဲ ဓာတ်ပုံတစ်ပုံထဲမှာ မသိမသာပါနေတာမျိုးနဲ့ပဲအရိပ်အယောင်ပြတတ်ကြပြီး သူတို့ဘာလိုချင်မှန်းဘယ်သူမှမသိနိုင်ပါဘူး။

၈။Scorpio(အောက်တိုဘာ၂၃မှနိုဝင်ဘာ၂၁အတွင်းမွေးသူများ)-White Lady

အဖြူ ရောင်ဝတ်ရုံကြီးကိုဝတ်ပြီး အမှောင်ထဲမှာ သူ့ရဲ့ရုပ်အလောင်းကိုပြန်ရှာနေတတ်တဲ့တစ္ဆေတွေဟာ Scorpioရာသီဖွားတွေဖြစ်နိုင်ပါတယ်။ဒဏ္ဍာရီအရတော့ white ladyဟာ သူ့ရဲ့ကလေးကိုရှာဖွေနေတာဖြစ်ပြီး ကလေးတွေရဲ့အနီးမှာခြောက်လှန့်တတ်ပါတယ်။မှောင်မိုက်ခြင်း၊ ရန်လိုခြင်း၊အယောင်ပြခြင်း၊ လူစိမ်းတွေကိုသတိပေးခြင်းတွေဟာ Scorpioသရဲမျိုးတွေဖြစ်နိုင်ပါတယ်။

၉။Sagittarius(နိုဝင်ဘာ၂၂-ဒီဇင်ဘာ၂၁အတွင်းမွေးသူများ)-Incubus

ပုံမှန်နဲ့မတူတဲ့ဒီသရဲတွေဟာ သင့်ရဲ့စွမ်းအားတွေကိုအကုန်ဆွဲချပစ်ပါလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ကိုမာဖြစ်စေခြင်းမျိုး၊ စိတ်ပိုင်းဆိုင်ရာယုတ်လျော့စေခြင်းမျိုးတွေထိဖြစ်စေနိုင်ပါတယ်။ အဓိကကတော့ သင့်ရဲ့စွမ်းအားကုန်ဆုံးခြင်းကိုလိုချင်တာဖြစ်ပါတယ်။ဒါ့ကြောင့် ပူးကပ်ခြင်းကိုလုပ်ဆောင်တတ်ကြပြီး လူကိုနွမ်းနယ်စေပါတယ်။

၁၀။Capricornရာသီဖွား(ဒီဇင်ဘာ၂၂မှဇန်နဝါရီ၁၉မွေးသူများ)-Headless Horseman Ghost

Capricornတစ္ဆေလို့ပြောမယ်ဆိုရင် ယှဉ်တွဲပါလာတတ်တဲ့စကားလုံးက ကလဲ့စားဆိုတာပါပဲ။အရမ်းလည်းခြောက်လှန့်တတ်တဲ့အမျိုးအစားဖြစ်ပါတယ်။အိပ်ယာရဲ့အပေါ်ကမိုးပြီးစောင့်ကြည့်နေတာမျိုးလည်းပြုလုပ်တတ်ကြပါတယ်။ကျောချမ်းစရာပုံရိပ်တွေ၊နမိတ်ပုံတွေလည်းပြတတ်ကြပြီး သင့်ကိုခြောက်လှန့်ချင်ပြီဆိုရင် အမြဲကပ်ပါနေတတ်မှာပါ။

၁၁။Aquariusရာသီဖွား(ဇန်နဝါရီ၂၀မှဖေဖော်ဝါရီ၁၈မွေးသူများ)-Disembodied Voice

Aquariusရာသီဖွားတွေဟာ အရှက်အကြောက်ကြီးတတ်ကြပြီး သေလွန်ပြီးချိန်ထိရှိတတ်ပါတယ်။ရုပ်မဖော်ပြပဲ ငိုရှိုက်သံကြားရတာမျိုး၊ ဘယ်ကအသံတွေကြားနေရမှန်းမသိတာမျိုးဟာ Aquariusတွေရဲ့လက်ချက်ပါပဲ။သူတို့ဖြစ်စေချင်တာတွေကို အသံပေးပြီး ၊အိပ်မက်ထဲမှာစကားသံတွေပြောပြီး လုပ်ဆောင်စေတာမျိုးလည်းရှိပါတယ်။

၁၂။Pisces(ဖေဖော်ဝါရီ၁၉မှမတ်၂၀အတွင်းမွေးသူများ)-Friendly Ghost

နောက်ဆုံးတော့ ခင်ဖို့ကောင်းတယ့်သူငယ်ချင်းနဲ့တူတဲ့သရဲမျိုးတော့ပါလာပါပြီ။သနားကူညီတတ်ခြင်း၊တစ်ကိုယ်ကောင်းမဆန်ခြင်း၊ အလေးအနက်ထားခြင်းနဲ့ပြည့်နေတဲ့သူပါ။အမြဲကူညီပေးနေဖို့ကြိုးစားနေတတ်ပြီး အထူးသဖြင့် ဝိညာဉ်လောကမှာ အခက်အခဲဖြစ်နေသူတွေကို ကူညီပေးတတ်ပါတယ်။ဥပမာအားဖြင့် ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ Casperလို ကူညီတတ်တဲ့သရဲမျိုးဖြစ်ပါတယ်။