လူ့ကိုယ်ခန္ဓာနဲ့ပတ်သက်လာရင် လေ့လာတွေ့ရှိထားတဲ့ သိပ္ပံစမ်းသပ်မှုတွေက မနည်းပါဘူး။ သင်ယုံပါ့မလား။ ကင်မရာတစ်လုံးကို လူရဲ့မျက်လုံးတည်ဆောက်ပုံကို အခြေခံပြီး ဖန်တီးခဲ့တယ်ဆိုတာ…..။ အီဖယ်တာဝါကြီးကို လူရဲ့ပေါင်ရိုးကို စံထားပြီး တည်ဆောက်လက်ရာမြောက်ခဲ့ကြတယ်ဆိုတာ…..။ ဒါကြောင့် သင့်ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး သင်ကိုယ်တိုင်မသိထားသေးတဲ့ အံ့သြဖွယ်ရာ အချက် ၁၁ ချက် ကို အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။
လူ ၁၀ ယောက်မှာ ၉ ယောက်က မိုးကြိုးပစ်ခံရတဲ့ ဒဏ်ကနေ အသက်ရှင်ခဲ့ကြပါတယ်။ အရွယ်တွေကတော့ ကလေးသူငယ်ကနေ အသက်၅၀ ကျော် လူကြီးတွေအထိ မျိုးစုံပါဝင်တာကြောင့် အသက်ကြီးကြီးငယ်ငယ်ဖြစ်စေ၊ လူရဲ့ခန္ဓာကိုယ်က မိုးကြိုးဒဏ်ကို ခုခံကာကွယ်ဖို့ ဖွဲ့စည်းထားနှင့်ပြီးသားလို့ ယူဆခဲ့ကြတာဖြစ်ပါတယ်။
ခေါင်းကိုက်တာနဲ့ သွားကိုက်တာက ဆက်စပ်မှုရှိနေတယ်ဆိုတာ သင်သတိထားမိခဲ့ဖူးပါသလား။ မျက်နှာပေါ်က အာရုံခံစားမှု၊ ဝါးခြင်း၊ ကိုက်ခြင်း စတဲ့တာဝန်တွေကိုယူပေးထားပြီး ဦးခေါင်းခွံအာရုံကြောတစ်ခုဖြစ်တဲ့Trigeminal နာ့ဗ်ကြောကြီးက မေးရိုးနဲ့ ဦးခေါင်းကို တစ်ဆက်တည်းဆက်ထားတာကြောင့် ခောင်းကိုက်ပြီဆိုတာနဲ့ သွားပါ ကိုက်တတ်ပါတယ်။
လူရဲ့ အိပ်စက်နေချိန်မှာဆိုရင် ဦးနှောက်ဟာ ပိုပြီးအလုပ်လုပ်နေပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်မှုတာဝန်တွေအရကို ကျွန်တော်တို့နိုးနေတဲ့အချိန်ထက် အိပ်စက်ချိန်အတောအတွင်းမှာ အလုပ် ပိုများနေတာပါ။
ရှက်သွေးဖြန်းတယ်၊ မျက်နှာနီမြန်းသွားတယ်၊ မျက်နှာပူလို့ နားလေး ပါးလေးနီစွေးသွားတယ်ဆိုတာမျိုးက တခြားဘယ်လိုသတ္တဝါမျိုးမှာမှ မဖြစ်ပေါ်ဘဲ လူသားတစ်မျိုးတည်းမှာသာ ဖြစ်ပွားတဲ့ကိစ္စပါ။ ဂုဏ်ယူစရာလို့ဆိုနိုင်ပြီး ချစ်စရာလည်းကောင်းစေပါတာပါ။
ကျွန်တော်တို့ဦးနှောက်မှာ နာကျင်စရာ၊ ထိခိုက်မှု၊ ခံစားရမှုတွေကို အာရုံခံနိုင်စွမ်းမရှိပါဘူး။ ဦးနှောက်တစ်ခုလုံး လည်ပတ်အလုပ်လုပ်နေဖို့အတွက်တော့ ခန္ဓာကိုယ်ကရရှိသမျှ အောက်စီဂျင်ရဲ့ ၄ပုံ ၁ပုံကို ယူဆောင်ရပာတယ်။
မျက်နှာပြင်ပေါ်က ပါးသိုင်းမွှေး၊ မုတ်ဆိတ်မွှေးတွေဟာ သင့်ခန္ဓာကိုယ်မှာ အလျင်မြန်ဆုံး ပြန်ပေါက်နိုင်တဲ့ အမွှေးအမျှင်တွေသာဖြစ်ပါတယ်။ ယောကျာ်းသားတွေဟာ နေ့တိုင်း မုတ်ဆိတ်ရိတ်နေရတာ ကြည့်ရင်သိသာနေတာပဲနော်။
ဒီအချက်ကတော့ မှတ်သားစရာပါ။ သင့်လက်ချောင်းတွေထဲမှာ လက်ခလယ်လက်ချောင်းက လက်သည်းအရှည်အမြန်ဆုံးဖြစ်ပါတယ်။ လက်သည်းဆိုးဆေးကြိုက်တဲ့ ပျိုမေတွေတော့ လက်သည်းဆေးထိန်းသိမ်းရတာ အခက်တွေ့နိုင်စရာပါ။
လူ့ခန္ဓာကိုယ်က ရှိသမျှ သွေးကြောမျှင်အားလုံးကို ဆန့်ထုတ်လိုက်မယ်ဆိုရင် အဖြေကဒီလိုထွက်ပါတယ်။ ကလေးတစ်ယောက်အတွက်ဆိုရင် သွေးကြောမျှင်စုစုပေါင်းအရှည်က မိုင်ပေါင်း ၆သောင်း ရှိပြီး လူကြီးတွေအတွက်ဆို မိုင် ၁သိန်းအထိရှိတာပါ။
သင့်အစာအိမ်ထဲက အစာခြေအက်စစ်ရည်တွေဟာ သတ္တုကိုပါ ပျော်ကျသွားစေနိုင်စွမ်းပါတယ်။ ဒီလောက် အစွမ်းသတ္တိပြင်းတဲ့ အက်စစ်တွေကို သင့်ဗိုက်ထဲမှာ နေ့တိုင်းယူဆောင်သွားနေတာဖြစ်ပါတယ်။
အသက်အရွယ် ကြီးလာတဲ့အခါ အစားအစာအရသာခံနိုင်စွမ်းတွေက တဖြည်းဖြည်း လျော့လာပါတယ်။ အသက် ၆၀ အရွယ်ရောက်တဲ့အခါ သင့်ရဲ့အရသာခံဖုတွေရဲ့ စွမ်းရည်တွေဟာ ၄၀ ရာခိုင်နှုန်း အထိကျဆင်းနေပြီဖြစ်ပါတယ်။
နေလောင်ဒဏ်ခံရတဲ့အခါ ခရမ်းလွန်ရောင်ခြည်ကို ခံစားရပြီး ကျွန်တော်တို့ရဲ့သွေးစီးကြောင်းလှည့်ပတ်မှု နဲ့ သွေးကြောစနစ်ကို ထိခိုက်ခံစားရလေ့ရှိပါတယ်။ ဒါ့ကြောင့် နေလောင်ခံခရင်မ်တွေကို လိမ်းတာက နေပူထဲသွားတဲ့အခါ ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။
Zaw (H2H)