သဘာဝလွန်ဖြစ်ရပ်ဆန်းတွေပါလာတဲ့ ရဲလေးနဲ့ နင်ဇီမေရဲ့ MTV

0
61

ရဲလေးနဲ့နင်ဇီမေဟာ သီချင်းတွေအတူတူရေးအတူတူဆိုလေ့ရှိတဲ့အနုပညာမောင်နှမတွေဆိုတာ ပရိသတ်တွေတော်တော်များများသိကြမှာပါ။ သူတို့နှစ်ဦးရဲ့ “ဟိုအရင်ကလို”သီချင်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တော်တော်လေးပေါက်သွားခဲ့သေးတာပါ။ နောက်တစ်ပုဒ်ဖြစ်တဲ့ “နင်မရှိတဲ့နောက်”သီချင်းဟာဆိုရင်လည်း ပရိသတ်တော်တော်များများအကြိုက်တွေ့ခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။ ဒါပေမယ့် အခုတလော Facebook ပေါ်မှာ နင်မရှိတဲ့နောက်သီချင်းရဲ့ MTV ထဲမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေပါနေတယ်ဆိတဲ့ ပြောဆိုချက်တွေထွက်ပေါ်လာပါတယ်။

အဲဒီ ဖြစ်ရပ်ဆန်းတွေပါလာတာကို ရဲလေးနဲ့ နင်ဇီမေတောင်သတိပြုမိဟန်မတူပါဘူး။ သတိပြုမိချင်လည်းပြုမိမှာပေမယ့် ပြင်မရတော့လို့ထားလိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပရိသတ်တွေကတော့ အဲဒီဖြစ်ရပ်ကို ကွက်ပြီးဖြတ်ထားတဲ့ Video Clip ကို Share ပြီး ပြောမဆုံးပေါင်တောသုံးထောင်ဖြစ်နေကြလေရဲ့။ ပြောနေကြတဲ့ပရိသတ်တွေထဲမှာ အဲဒါကို သဘောကျနေသူတွေလည်းပါဝင်သလို ရှုံ့ချပြစ်တင်နေကြသူတွေလည်းပါဝင်ပါတယ်။

အဲဒါကတော့ ရဲလေးက နင်ဇီမေကို ဆေးရုံမှာလာတွေ့တဲ့အချိန်မှာ ဆေးရုံကုတင်ပေါ်မှာ လှဲနေတဲ့ နင်ဇီမေရဲ့ ကိုယ်ပေါ်က စောင်ကြီးဟာ လျိှု့ဝှက်ဆန်းကြယ်စွာပဲ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေခြင်းပါပဲ။ အတော်တော့အံ့သြဖို့ကောင်းပါတယ်။ Camera ရိုက်တဲ့ထောင့်ပြောင်းသွားတာနဲ့ စောင်ကြီးကမရှိတော့ပဲ။ကြည့်နေရင်းနဲ့ကို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာပါ။ နှလုံးသားစကားတွေအလေးအနက်ပြောနေကြပုံပေါ်တဲ့ သရုပ်ဆောင်နှစ်ယောက်ကလည်းအဲဒီဖြစ်ရပ်ကို လုံးဝသတိမထားမိကြပါဘူး။

တကယ်တော့ အဲဒီနေရာမှာ ရိုက်ရမယ့် scenes ကို နှစ်ခါခွဲရိုက်ရင်းနဲ့ တစ်ခါမှာစောင်ပါပြီးနောက်တစ်ခါမှာစောင်မပါတာကို Video ပြန်ဆက်တဲ့အခါ သတိမထားမိပဲ ဆက်လိုက်တဲ့ပုံပေါ်ပါတယ်။ ဒါပေမယ့် ကြည့်တဲ့လူတွေအဖို့မှာတော့ ပြောစရာကြီးဖြစ်လို့သွားတော့တာပါပဲ။ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေပါနေတယ်လို့ စနောက်ပြောဆိုနေကြတဲ့ ရဲလေးနဲ့ နင်ဇီမေတို့ရဲ့ Video Clip ကိုပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။

https://www.facebook.com/shinmin.thet.31/videos/528466347660608/

ပြောချင်လွန်းလို့ပရိသတ်ကြီးရော သဘာဝလွန်ဖြစ်ရပ်ဆန်းတွေပါဝင်ပတ်သက်နေတဲ့ ရဲလေးနဲ့ နင်ဇီမေရဲ့ ဗီဒီယိုကို နှစ်သက်ခဲ့သေးလား။ သူတို့နှစ်ယောက်နောက်ထွက်လာမယ့် သီချင်းတွေကိုရော အားပေးကြမှာလား။

Can’t Wait To Say