သမိုင္​းတစ္​​ေလ်ွာက္​ကံအဆိုးဆံုးလူသားမ်ား

0
85

ကံမ​ေကာင္​းတဲ့​ေန႔တစ္​​ေန႔ၾကံဳ​ေနရလို႔စိတ္​ညစ္​​ေနၿပီလား။ဒါဆိုသင္​ကံ​ေကာင္​း​ေနပါ​ေသးတယ္​။ သင္​့ထက္​ကံဆိုးတယ္​့သူ​ေတြ႐ွိ​ေနတာသင္​သိ​ေပမဲ့ ဘယ္​​ေလာက္​ဆိုး​ေနၾကလဲ​ေတာ့အတိအက်သိခ်င္​မွသိမယ္​။ဒီ​ေဆာင္​းပါးမွာ​ေတာ့ ကံဆိုးပါတယ္​ဆိုတယ္​့လူ​ေတြအ​ေၾကာင္​းစုစည္​းမႈ​ေတြကိုဖတ္​႐ႈရမွာပါ။

၁။ဗိုင္​အိုလက္​ဂ်က္​စြက္​

အသက္​႐ွင္​တာဟာ ကံ​ေကာင္​းတာျဖစ္​ၿပီး ခဏခဏအသက္​႐ွင္​​ေနရရင္​​ေကာ ကံ​ေကာင္​းတာလား ကံဆိုးတာလားစဥ္​းစားစရာပါပဲ။ဗိုက္​အိုလက္​ကို ၁၈၈၇မွာ​ေမြးဖြားခဲ့ၿပီး အဆုတ္​နာ​ေရာဂါ႐ွိပါတယ္​။၁၉၀၈မွာ​ေတာ့ White Starသယ္​ယူပို႔​ေဆာင္​​ေရးမွာ သ​ေဘၤာမယ္​အျဖစ္​အလုပ္​လုပ္​ခဲ့ပါတယ္​။​ေနာက္​ႏွႏွစ္​အၾကာမွာ RMSအိုလံပစ္​မွာ​ေျပာင္​းအလုပ္​လုပ္​ခဲ့ၿပီး ခရီးစဥ္​တစ္​ခုအတြင္​း​စသ​ေဘၤာခ်င္​းတိုက္​မႈျဖစ္​ပြားခဲ့ရာမွာ ကံ​ေကာင္​း​ေထာက္​မစြာ အသက္​႐ွင္​ခဲ့ပါတယ္​။RMSအိုလံပစ္​က​ေန အဲ့မ​ေတာ္​တဆမႈ​ေၾကာင္​့ အလုပ္​ထြက္​လုိက္​ၿပီး သူအလုပ္​​ေျပာင္​းလိုက္​တဲ့သ​ေဘာၤက တိုက္​တန္​းနစ္​ျဖစ္​ပါတယ္​။တိုက္​တန္​းနစ္​ဘယ္​လိုျဖစ္​ခဲ့လဲ​ေတာ့အားလံုးသိၾကမွာပါ။တိုက္​တန္​းနစ္​မွာလည္​း သူအသက္​႐ွင္​ခဲ့ပါတယ္​။ ကာပါးသီးယားသ​ေဘၤာရဲ႕ကယ္​ဆယ္​မႈနဲ႔အတူ တစ္​ျခား႐ွင္​က်န္​သူအနည္​းငယ္​နဲ႔လြတ္​​ေျမာက္​ခဲ့ျပန္​ပါတယ္​။တိုက္​တန္​းနစ္​အၿပီးမွာ​ေတာ့ ဘရီတန္​းနစ္​သ​ေဘၤာမွာအလုပ္​ဆက္​လုပ္​ခဲ့ၿပီး ဘရီတန္​းနစ္​ဟာလည္​း ပထမကမၻာစစ္​အတြင္​း ဂ်ာမန္​ဗံုး​ေတြထိမွန္​ၿပီး သ​ေဘၤာနစ္​ျမဳပ္​ျပန္​ပါတယ္​။ဒီတစ္​ခါမွာလည္​းအသက္​႐ွင္​ခဲ့ပါတယ္​။ ဒီအက္​ဆီးဒန္​႔အၿပီးမွာ​ေတာ့ သ​ေဘၤာမယ္​အလုပ္​ကိုစြန္​႔လႊတ္​ခဲ့ပါတယ္​။

၂။အန္​​ေဟာ့ဂ်္​

စၾကာဝဠာကိုယ္​တိုင္​က ကို္​ယ္​့ကို​ေသ​ေစခ်င္​​ေနရင္​ ဘယ္​လိုခံစားရမလဲ။ဒီလိုခံစားခဲ့ရသူဟာ အန္​​ေဟာ့ဂ်္​ပါပဲ။သူမဟာ ပံုမွန္​အမ်ိဳးသမီးတစ္​ဦးျဖစ္​ၿပီး အလုပ္​သမားတစ္​ဦးနဲ႔လက္​ထပ္​ခဲ့ပါတယ္​။၁၉၅၄ မွာ​ေတာ့ အလင္​းတန္​းႀကီးတစ္​ခုဆင္​းသြားတာကိုျမင္​လိုက္​ရပါတယ္​။အဲ့ဒါဟာ ဥကၠာခဲျပဳတ္​က်ျခင္​းျဖစ္​ၿပီး သူ႔အိမ္​​ေပၚတည္​့တည္​့ျပဳတ္​က်ခဲ့တာျဖစ္​ပါတယ္​။ ဥကၠာခဲ​ေၾကာင္​့ တင္​ပါးဆံု႐ိုးက်ိဳးခဲ့ပါတယ္​။ဥကၠာခဲထိမွန္​ခံရတဲ့ ပထမဆံုးလူသိထင္​႐ွားလူသားလည္​းျဖစ္​ခဲ့ပါတယ္​။သူမနဲ႔ခင္​ပြန္​းျဖစ္​သူတို႔ဟာ ၿမိဳ႕တြင္​းဆယ္​လီ​ေတြျဖစ္​လာခဲ့ၿပီး သူတို႔ကလည္​း ဥကၠာခဲႀကီးကို ၿမိဳ႕မွာလိုက္​​ေရာင္​းဖို႔ႀကိဳးစားခဲ့ၾကပါတယ္​။​ေနာက္​႐ွစ္​ႏွစ္​အၾကာမွာ​ေတာ့ စိတ္​က်​ေရာဂါနဲ႔ကြယ္​လြန္​ခဲ့ပါတယ္​။

၃။ရြိဳင္​ဆူ​ေလဗန္​

သနားစရာ​ေကာင္​​ေလးရြိဳင္​ဟာ လူဆိုးတစ္​​ေယာက္​လည္​းမဟုတ္​ပါဘူး။ ပန္​းျခံ​ေစာင္​့လုပ္​တယ္​။ ပံုမွန္​ဘဝနဲ႔​ေနတယ္​။ရန္​သူဆိုတာသူ႔အတြက္​ဘာမွန္​း​ေတာင္​မသိပါဘူး။ဒါ​ေပမဲ့ဒါ​ေတြကသူ႔ကိုမိုးႀကိဳးနတ္​ဘုရားရဲ႕အျမင္​မၾကည္​မႈက​ေန​ေတာ့ကာကြယ္​​ေပးႏိုင္​ပံုမရပါဘူး။ရြိဳင္​ဟာ သူ႔ဘဝတစ္​​ေလ်ွာက္​မွာ ခုႏွစ္​ခါမိုးႀကိဳးအပစ္​ခံခဲ့ရပါတယ္​။ ဒီလိုအပစ္​ခံရႏိုင္​​ေခ်ဟာ အႀကိမ္​၁​ေနာက္​က သုည၂၉လံုးမွာ​ ၄.၁၅ပံုပဲ႐ွိပါတယ္​။ဒီ​ေတာ့ရြိဳင္​ဘယ္​​ေလာက္​ကံဆိုးလဲ​ေတြးၾကည္​့ပါ​ေတာ့။မုန္​တိုင္​းတိုက္​​ေနတုန္​း တာဝါတစ္​ခုထဲမွာ အပစ္​ခံရတယ္​၊ကား​ေမာင္​း​ေနတုန္​းအပစ္​ခံခဲ့ရတယ္​၊အိမ္​​ေ႐ွ႕ဥယ်ာဥ္​ထဲမွာအပစ္​ခံရတယ္​၊ငါးမ်ွား​ေနရင္​းအပစ္​ခံရတယ္​။ ဒါမဲ့ရြိဳင္​ဟာ အသက္​​ေတာ့မ​ေသခဲ့ပါဘူး။အသက္​၇၁ႏွစ္​မွာ​ေတာ့ ကိုယ္​့ကိုယ္​ကိုသတ္​​ေသထားတယ္​လုိ႔ယူဆရတဲ့​ေသနတ္​ဒဏ္​ရာနဲ႔ပဲ ကြယ္​လြန္​ခဲ့႐ွာပါတယ္​။

၄။ဆီဂဒ္​

နာမည္​အျပည္​့အစံုက​ေတာ့ ဆီဂဒ္​အိုင္​စတိုင္​ဆန္​ပါ။​ေ႐ွး​ေခတ္​​ေနာ္​​ေဝးျပည္​ရဲ႕ စစ္​သည္​တစ္​ျဖစ္​လဲ မႉးမတ္​တစ္​ဦးပါ။​ေနာ္​​ေဝးဘုရင္​ရဲ႕ စစ္​သ​ေဘၤာပဲ့ကိုင္​လည္​းျဖစ္​ပါတယ္​။ဆီဂဒ္​ဟာ ပညာဥာဏ္​႐ွိသလို ျသဇာလည္​း႐ွိတဲ့အုပ္​ခ်ဳပ္​သူျဖစ္​ပါတယ္​။ဒါ့​ေၾကာင္​့လူသိမ်ားတာ​ေတာ့မဟုတ္​ပါဘူး။သူဟာ သူနဲ႔ကမၻာ့ရန္​လိုျဖစ္​​ေနတဲ့ မားဘ​ေရ႕ခ်္​အမည္​ရ ပုဂၢိဳလ္​နဲ႔ စီးခ်င္​းထိုးခဲ့ပါတယ္​။ စီခ်င္​းထိုးပြဲမွာအႏိုင္​ရတဲ့အတြက္​ မားဘ​ေရ႕ခ်္​နဲ႔​ေနာက္​လိုက္​ရန္​သူ​ေတြရဲ႕​ေခါင္​း​ေတြကိုရ႐ွိခဲ့ပါတယ္​။ဆီဂဒ္​ကိုယ္​တိုင္​ကလည္​း မားဘ​ေရ႕ခ်္​ရဲ႕​ေခါင္​းျပတ္​ႀကီးကို ကိုင္​​ေဆာင္​ခဲ့ပါတယ္​။ ပညာ႐ွိသတိျဖစ္​ခဲ့ဆိုသလိုပါပဲ။ သယ္​လာရင္​း မာ့ဘ​ေရ႕ခ်္​ရဲ႕​ေခါင္​းျပတ္​ႀကီးက သူ႔ကိုသြားနဲ႔ကိုက္​မိသလိုျဖစ္​သြားၿပီး အဲ့ဒဏ္​ရာနဲ႔ပဲ သြားဆိပ္​တက္​၊အနာရင္​းၿပီး ကြယ္​လြန္​ခဲ့႐ွာပါတယ္​။

၅။အ႐ိႈင္​းလက္​စ္​

အ႐ိႈင္​းလက္​စ္​ဟာ ဂရိျပဇာတ္​​ေတြထဲက အလြမ္​းဇာတ္​​ေတြကိုႏိုင္​ႏိုင္​နင္​းနင္​း​ေရးႏိုင္​သူပါ။ျပဇာတ္​မွာ ဇာတ္​​ေကာင္​​ေတြရဲ႕အခန္​းက႑​ေတြကိုခ်ဲ့ထြင္​​ေရးသားျခင္​းကိုလည္​းတီထြင္​ခဲ့ပါတယ္​။စင္​​ေပၚမွာမဟုတ္​တဲ့တစ္​ျခားဂုဏ္​ပုဒ္​​ေတြလည္​း႐ွိပါ​ေသးတယ္​။မာရသြန္​ဂႏၱဝင္​တိုက္​ပြဲမွာ ပါ႐ွားမင္​းသားနဲ႔တိုက္​ခိုက္​ခဲ့သလို ဆလားမစ္​နဲ႔ ပလာ​ေတးယားတိုက္​ပြဲ​ေတြမွာလည္​း နာမည္​​ေက်ာ္​ဆားဆက္​နဲ႔တိုက္​ခိုက္​ခဲ့ပါတယ္​။ျခံဳ​ေျပာရရင္​လူ​ေတာ္​တစ္​ဦးျဖစ္​ပါတယ္​။ဒါ​ေပမဲ့အ​ေသ​ေတာ့မ​ေကာင္​းခဲ့႐ွာပါဘူး။​ေမွာ္​ဆရာတစ္​​ေယာက္​က အ႐ိႈင္​းလက္​စ္​ကို အိမ္​ပိၿပီး​ေသမယ္​လို႔​ေဟာကိန္​းထုတ္​လိုက္​ပါတယ္​။ဒါ့​ေၾကာင္​့သူဟာ အိမ္​အျပင္​မွာခ်ည္​း​ေနႏိုင္​သမ်ွ​ေနခဲ့ပါတယ္​။ဒါဆို သူဘယ္​လို​ေသခဲ့ပါလိမ္​့။တစ္​ရက္​မွာ​ေတာ့ လိပ္​တစ္​​ေကာင္​ကိုခ်ီလာတဲ့လင္​းယုန္​ငွက္​တစ္​​ေကာင္​ဟာ အ႐ိႈင္​းလက္​စ္​​ေခါင္​း​ေပၚကိုအဲ့လိပ္​ကိုလႊတ္​ခ်ခဲ့ပါတယ္​။လိပ္​ရဲ႕အခြံနဲ႔​ေခါင္​းနဲ႔အ႐ွိန္​ျပင္​းျပင္​း႐ိုက္​တာ​ေၾကာင္​့ အ႐ိႈင္​းလက္​စ္​ဟာ ​ေနရာမွာတင္​ပြဲခ်င္​းပီးခဲ့႐ွာပါတယ္​။စိတ္​မ​ေကာင္​းစရာပါပဲ။

၆။ဆူတိုမူရာမာဂူခ်ီ

ဆူတိုမို ဒုတိယကမၻာစစ္​အတြင္​းက လူငယ္​​ေလးတစ္​​ေယာက္​ျဖစ္​ပါတယ္​။အ​ေမရိကန္​က ဟီ႐ို႐ွီးမားၿမိဳ႕ကိုဗံုး​ေဖာက္​ကြဲခ်ိန္​မွာလည္​း တစ္​ျခား​ေသာ​ေသဆံုးဒဏ္​ရာရသူ​ေတြနဲ႔အတူသူ႐ွိခဲ့ပါတယ္​။ဗံုးၾကဲတဲ့အခ်ိန္​မွာ သူဟာစီးပြား​ေရးကိစၥတစ္​ခုနဲ႔ဟီ႐ို႐ွီးမားကိူ​ေရာက္​​ေနတာျဖစ္​ၿပီး ဟီ႐ို႐ွီးမားက​ေနထြက္​မဲ့ရထား​ေပၚတက္​ကာစပဲ႐ွိပါ​ေသးတယ္​။ဗံုးဒဏ္​​ေၾကာင္​့ အခ်ိန္​တခုၾကာ​ေအာင္​ အျမင္​အာ႐ုံခ်ိဳ႕ယြင္​းသြားပါတယ္​။နားလံုးဝမၾကားရ​ေတာ့ပါဘူး။ကိုယ္​တပိုင္​းဟာ မီး​ေလာင္​ဒဏ္​ရာ​ေတြရသြားပါတယ္​။ဒီလိုနဲ႔ၿမိဳ႕က​ေနသူလြတ္​သြားပါတယ္​။ကံဆိုးတာက သူ႔အိမ္​ကနာဂါဆာကီမွာပါ။​ဟီ႐ို႐ွီးမားဗံုးအၿပီးေနာက္​ႏွစ္​ရက္​အၾကာမွာ အ​ေမရိကန္​​ေတြက နာဂါဆာကီကိုဗံုးၾကဲခဲ့ပါတယ္​။ဆူတိုမိုဟာ သူ​ေဌးျဖစ္​သူကိုဟီ႐ို႐ွီးမားအ​ေၾကာင္​း​ေျပာျပ​ေနရငိး နာဂါဆာကီၿမိဳ႕အ​ေပၚကိုဗံုး​ေတြက်လာပါတယ္​။​ေသ​ေတာ့မ​ေသခဲ့ပါဘူး။ဒါ​ေပမဲ့ ဓာတ္​​ေရာင္​ျခည္​​ေၾကာင္​့ျဖစ္​တဲ့​ေရာဂါ​ေတြနဲ႔ကိုယ္​အဂၤါခ်ိဳ႕ယြင္​းမႈ​ေတြကိုႏွစ္​႐ွည္​ခံစားခဲ့ရၿပီး သ​ေဘၤာက်င္​းအင္​ဂ်င္​နီယာအျဖစ္​နဲ႔​ေနထိုင္​ခဲ့ပါတယ္​။ ​ေနာက္​ပိုု္​င္​းမွာ န်ဴကလီးယားလက္​နက္​ဆန္​႔က်င္​​ေရးတက္​ႂကြလႈပ္​႐ွားသူအ​ေနနဲ႔ အဓိကပါဝင္​ခဲ့ၿပီး ၂၀၁၀မွာ ကြယ္​လြန္​ခဲ့ပါတယ္​။

၇။​ေရမြန္​အာတာ​ေဂး႐ွား

​ေရမြန္​ကိုပင္​လယ္​​ေသြးပါလာသူလို႔ဆိုၾကပါတယ္​။ မ်ိဳး႐ိုးပတ္​သတ္​သမ်ွဟာ ပင္​လယ္​​ေရ​ေၾကာင္​းနဲ႔အသက္​​ေမြးၾကတာျဖစ္​ၿပီး ဥ႐ု​ေဂြးျပည္​ဖြားျဖစ္​ပါတယ္​။သူတို႔မိသားစုရဲ႕အစဥ္​အလာမွာ ပင္​လယ္​ကသူတို႔ကို္​မသတ္​ႏိုင္​လို႔ ​ေျပာရတဲ့အထိပါပဲ။သူ႔အလွည္​့မွာ​ေတာ့ ကံဆိုးခဲ့႐ွာပါတယ္​။၁၈၇၁ အ​ေမရိကသ​ေဘၤာဟာ မီး​ေလာင္​ၿပီးနစ္​ျမဳတ္​ခဲ့ရပါတယ္​။၁၆၄​ေယာက္​မွာ ၆၅​ေယာက္​အသက္​႐ွင္​ခဲ့ၿပီး အဲ့ထဲမွာ ​ေရမြန္​ပါခဲ့ပါတယ္​။ဒါ​ေပမဲ့​ေရမြန္​ဟာ ​ေသြးပ်က္​သြားၿပီး ပင္​လယ္​ခရီးကို​ေၾကာက္​တဲ့ စိတ္​ဒဏ္​ရာရ႐ွိခဲ့ပါတယ္​။ဒါ့​ေၾကာင္​့သူဟာ ဘယ္​​ေရ​ေၾကာင္​းခရီးကိုမွ မသြား​ေတာ့ပါဘူး။၁၉၁၂ မွာ​ေတာ့ သူဟာသူ႔​ေၾကာက္​စိတ္​ကိုျပန္​ႏိုင္​ခဲ့ၿပီး ဥ႐ု​ေဂြးကသူ႔တူဆီကိုသြားလည္​ဖို႔႐ွိလာပါတယ္​။ဒါ့​ေၾကာင္​့ သ​ေဘၤာခရီးစဥ္​တစ္​ခုကို​ေရြးခ်ယ္​ခဲ့ပါတယ္​။အဲ့ဒီသ​ေဘၤာက​ေတာ့တိုက္​တနး္​နစ္​ျဖစ္​ပါတယ္​။​ေရမြန္​ဟာ တိုက္​တန္​းနစ္​သ​ေဘၤာနစ္​ျမဳတ္​မႈမွာ ​ေသဆံုးခဲ့ရပါတယ္​။

၈။​ေဝၚတာဆန္​းမား​ေဖာ့ဒ္​

မိုးႀကိဳးတစ္​ႀကိမ္​အပစ္​ခံရရင္​ အခိုက္​မသင္​့လို႔ပါ။ႏွစ္​ႀကိမ္​ဆိုရင္​​ေတာ့ကံဆိုးတာျဖစ္​လာပါၿပီ။သံုးႀကိမ္​ဆိုရင္​​ေရာ ။ နည္​းနည္​းမ်ားၿပီထင္​ပါတယ္​။ ​ေဝၚတာဆန္​းမားဟာ အ​ေမရိကန္​အားကစားသမားတစ္​ဦးျဖစ္​ပါတယ္​။ဘယ္​လိုကံဆိုးလဲလို႔​ေမးရင္​​ေတာ့ အသက္​႐ွင္​​ေနစဥ္​မွာ ႏွစ္​ႀကိမ္​မိုးႀကိဳးပစ္​ခံခဲ့ရပါတယ္​။ဘဝမွာ မိုးႀကိဳးႏွစ္​ႀကိမ္​အပစ္​ခံရဖို႔ဟာ အပံုကိုးသန္​းမွာ တႀကိမ္​ပဲ႐ွိတာမို႔ ​ေဝၚတာကိုကံဆိုးသူလို႔​ေျပာလို႔ရပါၿပီ။ဒါနဲ႔မၿပီး​ေသးပါဘူး။ သူကြယ္​လြန္​ခ်ိန္​မွာ သူ႔အုတ္​ဂူကို မိုးၾကဳိးထပ္​အပစ္​ခံရလို႔ အုတ္​ဂူလည္​း႐ုပ္​ပ်က္​ခဲ့ရပါတယ္​။

၉။ရန္​​ေက်ာင္​​ေဂ်ာင္​း

ကိုရီးယားႏြယ္​ဖြားဒီစစ္​သားရဲ႕ဇာတ္​လမ္​းက​ေတာ့ ထူးဆန္​းလွပါတယ္​။ သူဟာ ဒုတိယကမၻာစစ္​အဓိကတိုက္​ပြဲႀကီးတိုင္​းမွာပါဝင္​ခဲ့ပါတယ္​။ဂ်ပန္​အင္​ပါယာစစ္​တပ္​အတြက္​ ဆိုဗီယက္​ကိုတိုက္​တာဟာ သူ႔ရဲ႕စစ္​ပြဲ​ေန႔ရက္​​ေတြအစျဖစ္​ပါတယ္​။ စစ္​ပြဲအတြင္​းမွာသူဟာ ဆိုဗီယက္​​ေတြရဲ႕ဖမ္​းဆီးျခင္​းကိုခံရၿပီး ၁၉၄၂မွာ ဆိုဗီယက္​​ေတြဘက္​က​ေန ဂ်ာမန္​​ေတြကိုတိုက္​ရျပန္​ပါတယ္​။ဂ်ာမန္​​ေတြရဲ႕ဖမ္​းဆီးျခင္​းကိုထပ္​ခံခဲ့ရၿပီး ​ေနာ္​မန္​ဒီကမ္​းတက္​တိုက္​ပြဲမွာ အ​ေမရိကန္​​ေတြကို ဂ်ာမန္​​ေတြဘက္​က​ေနတိုက္​ခိုက္​ရျပန္​ပါတယ္​။​ေနာက္​ဆံုးအႀကိမ္​အျဖစ္​ အ​ေမရိကန္​တပ္​ကဖမ္​းဆီးျခင္​းကိုခံရပါတယ္​။ရန္​ဟာဘဝမွာ ​ေလးႀကိမ္​အဖမ္​းခံခဲ့ရၿပီး ​ေနာက္​ဆံုးမွာ​ေတာ့ အိမ္​နဲ႔မိုင္​​ေထာင္​ခ်ီအ​ေဝးမွာ စစ္​ပြဲနဲ႔ပတ္​သတ္​သမ်ွကိုအဆံုးသတ္​ႏုိင္​ခဲ့ပါတယ္​။

၁၀။အ​ေဒါ့ဖ္​ဆက္​

၁၈၁၄ ဘယ္​ဂ်ီယံႏိုင္​ငံသားဒီလူရဲ႕ က​ေလးဘဝဟာၾကမ္​းတမ္​းခဲ့ပါတယ္​။ဒါ​ေပမဲ့ အရည္​အခ်င္​း႐ွိတဲ့ ဂီတပညာ႐ွင္​တစ္​ဦးျဖစ္​လာခဲ့ပါတယ္​။သူ႔က​ေလးဘဝဟာ ဘယ္​​ေလာက္​ဆိုးပါသလဲ။ သံုးထပ္​ျပတင္​း​ေပၚကျပဳတ္​က်တယ္​၊ ​ေခ်ာ္​လဲပီး ​ေခါင္​းနဲ႔​ေက်ာက္​ခဲနဲ႔႐ိုက္​တယ္​၊ အက္​ဆစ္​​ေသာက္​မိတယ္​၊အပ္​​ေတြမ်ိဳခ်မိတယ္​၊ ခ်က္​ၿပီးကာစ မီးဖို​ေပၚျပဳတ္​က်တယ္​၊ ​ေရနစ္​တယ္​ သူခံႏိုင္​သမ်ွအကုန္​ သူ႔ငယ္​ဘဝမွာျဖစ္​ပ်က္​ခဲ့ပါတယ္​။ အသက္​ႀကီးခ်ိန္​မွာ​ေတာ့ ဂီတအႏုပညာ႐ွင္​ဘဝနဲ႔​ေပ်ာ္​ရႊင္​ခဲ့ၿပီး ဂီတတူရိယာတစ္​ခုျဖစ္​တဲ့Saxophone ကိုတီထြင္​သူဟာ အ​ေဒါ့ဆပ္​ပဲျဖစ္​ပါတယ္​။

Unicode

ကံမ​ကောင်​းတဲ့​နေ့တစ်​​နေ့ကြုံ​နေရလို့စိတ်​ညစ်​​နေပြီလား။ဒါဆိုသင်​ကံ​ကောင်​း​နေပါ​သေးတယ်​။ သင်​့ထက်​ကံဆိုးတယ်​့သူ​တွေရှိ​နေတာသင်​သိ​ပေမဲ့ ဘယ်​​လောက်​ဆိုး​နေကြလဲ​တော့အတိအကျသိချင်​မှသိမယ်​။ဒီ​ဆောင်​းပါးမှာ​တော့ ကံဆိုးပါတယ်​ဆိုတယ်​့လူ​တွေအ​ကြောင်​းစုစည်​းမှု​တွေကိုဖတ်​ရှုရမှာပါ။

၁။ဗိုင်​အိုလက်​ဂျက်​စွက်​

အသက်​ရှင်​တာဟာ ကံ​ကောင်​းတာဖြစ်​ပြီး ခဏခဏအသက်​ရှင်​​နေရရင်​​ကော ကံ​ကောင်​းတာလား ကံဆိုးတာလားစဉ်​းစားစရာပါပဲ။ဗိုက်​အိုလက်​ကို ၁၈၈ရမှာ​မွေးဖွားခဲ့ပြီး အဆုတ်​နာ​ရောဂါရှိပါတယ်​။၁၉၀၈မှာ​တော့ White Starသယ်​ယူပို့​ဆောင်​​ရေးမှာ သ​င်္ဘောမယ်​အဖြစ်​အလုပ်​လုပ်​ခဲ့ပါတယ်​။​နောက်​နှနှစ်​အကြာမှာ RMSအိုလံပစ်​မှာ​ပြောင်​းအလုပ်​လုပ်​ခဲ့ပြီး ခရီးစဉ်​တစ်​ခုအတွင်​း​စသ​င်္ဘောချင်​းတိုက်​မှုဖြစ်​ပွားခဲ့ရာမှာ ကံ​ကောင်​း​ထောက်​မစွာ အသက်​ရှင်​ခဲ့ပါတယ်​။RMSအိုလံပစ်​က​နေ အဲ့မ​တော်​တဆမှု​ကြောင်​့ အလုပ်​ထွက်​လိုက်​ပြီး သူအလုပ်​​ပြောင်​းလိုက်​တဲ့သ​ဘောင်္က တိုက်​တန်​းနစ်​ဖြစ်​ပါတယ်​။တိုက်​တန်​းနစ်​ဘယ်​လိုဖြစ်​ခဲ့လဲ​တော့အားလုံးသိကြမှာပါ။တိုက်​တန်​းနစ်​မှာလည်​း သူအသက်​ရှင်​ခဲ့ပါတယ်​။ ကာပါးသီးယားသ​င်္ဘောရဲ့ကယ်​ဆယ်​မှုနဲ့အတူ တစ်​ခြားရှင်​ကျန်​သူအနည်​းငယ်​နဲ့လွတ်​​မြောက်​ခဲ့ပြန်​ပါတယ်​။တိုက်​တန်​းနစ်​အပြီးမှာ​တော့ ဘရီတန်​းနစ်​သ​င်္ဘောမှာအလုပ်​ဆက်​လုပ်​ခဲ့ပြီး ဘရီတန်​းနစ်​ဟာလည်​း ပထမကမ္ဘာစစ်​အတွင်​း ဂျာမန်​ဗုံး​တွေထိမှန်​ပြီး သ​င်္ဘောနစ်​မြုပ်​ပြန်​ပါတယ်​။ဒီတစ်​ခါမှာလည်​းအသက်​ရှင်​ခဲ့ပါတယ်​။ ဒီအက်​ဆီးဒန်​့အပြီးမှာ​တော့ သ​င်္ဘောမယ်​အလုပ်​ကိုစွန်​့လွှတ်​ခဲ့ပါတယ်​။

၂။အန်​​ဟော့ဂျ်​

စကြာဝဠာကိုယ်​တိုင်​က ကို်​ယ်​့ကို​သေ​စေချင်​​နေရင်​ ဘယ်​လိုခံစားရမလဲ။ဒီလိုခံစားခဲ့ရသူဟာ အန်​​ဟော့ဂျ်​ပါပဲ။သူမဟာ ပုံမှန်​အမျိုးသမီးတစ်​ဦးဖြစ်​ပြီး အလုပ်​သမားတစ်​ဦးနဲ့လက်​ထပ်​ခဲ့ပါတယ်​။၁၉၅၄မှာ​တော့ အလင်​းတန်​းကြီးတစ်​ခုဆင်​းသွားတာကိုမြင်​လိုက်​ရပါတယ်​။အဲ့ဒါဟာ ဥက္ကာခဲပြုတ်​ကျခြင်​းဖြစ်​ပြီး သူ့အိမ်​​ပေါ်တည်​့တည်​့ပြုတ်​ကျခဲ့တာဖြစ်​ပါတယ်​။ ဥက္ကာခဲ​ကြောင်​့ တင်​ပါးဆုံရိုးကျိုးခဲ့ပါတယ်​။ဥက္ကာခဲထိမှန်​ခံရတဲ့ ပထမဆုံးလူသိထင်​ရှားလူသားလည်​းဖြစ်​ခဲ့ပါတယ်​။သူမနဲ့ခင်​ပွန်​းဖြစ်​သူတို့ဟာ မြို့တွင်​းဆယ်​လီ​တွေဖြစ်​လာခဲ့ပြီး သူတို့ကလည်​း ဥက္ကာခဲကြီးကို မြို့မှာလိုက်​​ရောင်​းဖို့ကြိုးစားခဲ့ကြပါတယ်​။​နောက်​ရှစ်​နှစ်​အကြာမှာ​တော့ စိတ်​ကျ​ရောဂါနဲ့ကွယ်​လွန်​ခဲ့ပါတယ်​။

၃။ရွိုင်​ဆူ​လေဗန်​

သနားစရာ​ကောင်​​လေးရွိုင်​ဟာ လူဆိုးတစ်​​ယောက်​လည်​းမဟုတ်​ပါဘူး။ ပန်​းခြံ​စောင်​့လုပ်​တယ်​။ ပုံမှန်​ဘဝနဲ့​နေတယ်​။ရန်​သူဆိုတာသူ့အတွက်​ဘာမှန်​း​တောင်​မသိပါဘူး။ဒါ​ပေမဲ့ဒါ​တွေကသူ့ကိုမိုးကြိုးနတ်​ဘုရားရဲ့အမြင်​မကြည်​မှုက​နေ​တော့ကာကွယ်​​ပေးနိုင်​ပုံမရပါဘူး။ရွိုင်​ဟာ သူ့ဘဝတစ်​​လျှောက်​မှာ ခုနှစ်​ခါမိုးကြိုးအပစ်​ခံခဲ့ရပါတယ်​။ ဒီလိုအပစ်​ခံရနိုင်​​ချေဟာ အကြိမ်​၁​နောက်​က သုည၂၉လုံးမှာ​ ၄.၁၅ပုံပဲရှိပါတယ်​။ဒီ​တော့ရွိုင်​ဘယ်​​လောက်​ကံဆိုးလဲ​တွေးကြည်​့ပါ​တော့။မုန်​တိုင်​းတိုက်​​နေတုန်​း တာဝါတစ်​ခုထဲမှာ အပစ်​ခံရတယ်​၊ကား​မောင်​း​နေတုန်​းအပစ်​ခံခဲ့ရတယ်​၊အိမ်​​ရှေ့ဥယျာဉ်​ထဲမှာအပစ်​ခံရတယ်​၊ငါးမျှား​နေရင်​းအပစ်​ခံရတယ်​။ ဒါမဲ့ရွိုင်​ဟာ အသက်​​တော့မ​သေခဲ့ပါဘူး။အသက်​၇၁နှစ်​မှာ​တော့ ကိုယ်​့ကိုယ်​ကိုသတ်​​သေထားတယ်​လို့ယူဆရတဲ့​သေနတ်​ဒဏ်​ရာနဲ့ပဲ ကွယ်​လွန်​ခဲ့ရှာပါတယ်​။

၄။ဆီဂဒ်​

နာမည်​အပြည်​့အစုံက​တော့ ဆီဂဒ်​အိုင်​စတိုင်​ဆန်​ပါ။​ရှေး​ခေတ်​​နော်​​ဝေးပြည်​ရဲ့ စစ်​သည်​တစ်​ဖြစ်​လဲ မှူးမတ်​တစ်​ဦးပါ။​နော်​​ဝေးဘုရင်​ရဲ့ စစ်​သ​င်္ဘောပဲ့ကိုင်​လည်​းဖြစ်​ပါတယ်​။ဆီဂဒ်​ဟာ ပညာဉာဏ်​ရှိသလို သြဇာလည်​းရှိတဲ့အုပ်​ချုပ်​သူဖြစ်​ပါတယ်​။ဒါ့​ကြောင်​့လူသိများတာ​တော့မဟုတ်​ပါဘူး။သူဟာ သူနဲ့ကမ္ဘာ့ရန်​လိုဖြစ်​​နေတဲ့ မားဘ​ရေ့ချ်​အမည်​ရ ပုဂ္ဂိုလ်​နဲ့ စီးချင်​းထိုးခဲ့ပါတယ်​။ စီချင်​းထိုးပွဲမှာအနိုင်​ရတဲ့အတွက်​ မားဘ​ရေ့ချ်​နဲ့​နောက်​လိုက်​ရန်​သူ​တွေရဲ့​ခေါင်​း​တွေကိုရရှိခဲ့ပါတယ်​။ဆီဂဒ်​ကိုယ်​တိုင်​ကလည်​း မားဘ​ရေ့ချ်​ရဲ့​ခေါင်​းပြတ်​ကြီးကို ကိုင်​​ဆောင်​ခဲ့ပါတယ်​။ ပညာရှိသတိဖြစ်​ခဲ့ဆိုသလိုပါပဲ။ သယ်​လာရင်​း မာ့ဘ​ရေ့ချ်​ရဲ့​ခေါင်​းပြတ်​ကြီးက သူ့ကိုသွားနဲ့ကိုက်​မိသလိုဖြစ်​သွားပြီး အဲ့ဒဏ်​ရာနဲ့ပဲ သွားဆိပ်​တက်​၊အနာရင်​းပြီး ကွယ်​လွန်​ခဲ့ရှာပါတယ်​။

၅။အရှိုင်​းလက်​စ်​

အရှိုင်​းလက်​စ်​ဟာ ဂရိပြဇာတ်​​တွေထဲက အလွမ်​းဇာတ်​​တွေကိုနိုင်​နိုင်​နင်​းနင်​း​ရေးနိုင်​သူပါ။ပြဇာတ်​မှာ ဇာတ်​​ကောင်​​တွေရဲ့အခန်​းကဏ္ဍ​တွေကိုချဲ့ထွင်​​ရေးသားခြင်​းကိုလည်​းတီထွင်​ခဲ့ပါတယ်​။စင်​​ပေါ်မှာမဟုတ်​တဲ့တစ်​ခြားဂုဏ်​ပုဒ်​​တွေလည်​းရှိပါ​သေးတယ်​။မာရသွန်​ဂန္တဝင်​တိုက်​ပွဲမှာ ပါရှားမင်​းသားနဲ့တိုက်​ခိုက်​ခဲ့သလို ဆလားမစ်​နဲ့ ပလာ​တေးယားတိုက်​ပွဲ​တွေမှာလည်​း နာမည်​​ကျော်​ဆားဆက်​နဲ့တိုက်​ခိုက်​ခဲ့ပါတယ်​။ခြုံ​ပြောရရင်​လူ​တော်​တစ်​ဦးဖြစ်​ပါတယ်​။ဒါ​ပေမဲ့အ​သေ​တော့မ​ကောင်​းခဲ့ရှာပါဘူး။​မှော်​ဆရာတစ်​​ယောက်​က အရှိုင်​းလက်​စ်​ကို အိမ်​ပိပြီး​သေမယ်​လို့​ဟောကိန်​းထုတ်​လိုက်​ပါတယ်​။ဒါ့​ကြောင်​့သူဟာ အိမ်​အပြင်​မှာချည်​း​နေနိုင်​သမျှ​နေခဲ့ပါတယ်​။ဒါဆို သူဘယ်​လို​သေခဲ့ပါလိမ်​့။တစ်​ရက်​မှာ​တော့ လိပ်​တစ်​​ကောင်​ကိုချီလာတဲ့လင်​းယုန်​ငှက်​တစ်​​ကောင်​ဟာ အရှိုင်​းလက်​စ်​​ခေါင်​း​ပေါ်ကိုအဲ့လိပ်​ကိုလွှတ်​ချခဲ့ပါတယ်​။လိပ်​ရဲ့အခွံနဲ့​ခေါင်​းနဲ့အရှိန်​ပြင်​းပြင်​းရိုက်​တာ​ကြောင်​့ အရှိုင်​းလက်​စ်​ဟာ ​နေရာမှာတင်​ပွဲချင်​းပီးခဲ့ရှာပါတယ်​။စိတ်​မ​ကောင်​းစရာပါပဲ။

၆။ဆူတိုမူရာမာဂူချီ

ဆူတိုမို ဒုတိယကမ္ဘာစစ်​အတွင်​းက လူငယ်​​လေးတစ်​​ယောက်​ဖြစ်​ပါတယ်​။အ​မေရိကန်​က ဟီရိုရှီးမားမြို့ကိုဗုံး​ဖောက်​ကွဲချိန်​မှာလည်​း တစ်​ခြား​သော​သေဆုံးဒဏ်​ရာရသူ​တွေနဲ့အတူသူရှိခဲ့ပါတယ်​။ဗုံးကြဲတဲ့အချိန်​မှာ သူဟာစီးပွား​ရေးကိစ္စတစ်​ခုနဲ့ဟီရိုရှီးမားကိူ​ရောက်​​နေတာဖြစ်​ပြီး ဟီရိုရှီးမားက​နေထွက်​မဲ့ရထား​ပေါ်တက်​ကာစပဲရှိပါ​သေးတယ်​။ဗုံးဒဏ်​​ကြောင်​့ အချိန်​တခုကြာ​အောင်​ အမြင်​အာရုံချို့ယွင်​းသွားပါတယ်​။နားလုံးဝမကြားရ​တော့ပါဘူး။ကိုယ်​တပိုင်​းဟာ မီး​လောင်​ဒဏ်​ရာ​တွေရသွားပါတယ်​။ဒီလိုနဲ့မြို့က​နေသူလွတ်​သွားပါတယ်​။ကံဆိုးတာက သူ့အိမ်​ကနာဂါဆာကီမှာပါ။​ဟီရိုရှီးမားဗုံးအပြီးနောက်​နှစ်​ရက်​အကြာမှာ အ​မေရိကန်​​တွေက နာဂါဆာကီကိုဗုံးကြဲခဲ့ပါတယ်​။ဆူတိုမိုဟာ သူ​ဌေးဖြစ်​သူကိုဟီရိုရှီးမားအ​ကြောင်​း​ပြောပြ​နေရငိး နာဂါဆာကီမြို့အ​ပေါ်ကိုဗုံး​တွေကျလာပါတယ်​။​သေ​တော့မ​သေခဲ့ပါဘူး။ဒါ​ပေမဲ့ ဓာတ်​​ရောင်​ခြည်​​ကြောင်​့ဖြစ်​တဲ့​ရောဂါ​တွေနဲ့ကိုယ်​အင်္ဂါချို့ယွင်​းမှု​တွေကိုနှစ်​ရှည်​ခံစားခဲ့ရပြီး သ​င်္ဘောကျင်​းအင်​ဂျင်​နီယာအဖြစ်​နဲ့​နေထိုင်​ခဲ့ပါတယ်​။ ​နောက်​ပိုု်​င်​းမှာ နျူကလီးယားလက်​နက်​ဆန်​့ကျင်​​ရေးတက်​ကြွလှုပ်​ရှားသူအ​နေနဲ့ အဓိကပါဝင်​ခဲ့ပြီး ၂၀၁ဝမှာ ကွယ်​လွန်​ခဲ့ပါတယ်​။

၇။​ရေမွန်​အာတာ​ဂေးရှား

​ရေမွန်​ကိုပင်​လယ်​​သွေးပါလာသူလို့ဆိုကြပါတယ်​။ မျိုးရိုးပတ်​သတ်​သမျှဟာ ပင်​လယ်​​ရေ​ကြောင်​းနဲ့အသက်​​မွေးကြတာဖြစ်​ပြီး ဥရု​ဂွေးပြည်​ဖွားဖြစ်​ပါတယ်​။သူတို့မိသားစုရဲ့အစဉ်​အလာမှာ ပင်​လယ်​ကသူတို့ကို်​မသတ်​နိုင်​လို့ ​ပြောရတဲ့အထိပါပဲ။သူ့အလှည်​့မှာ​တော့ ကံဆိုးခဲ့ရှာပါတယ်​။၁၈၇၁ အ​မေရိကသ​င်္ဘောဟာ မီး​လောင်​ပြီးနစ်​မြုတ်​ခဲ့ရပါတယ်​။၁၆၄​ယောက်​မှာ ၆၅​ယောက်​အသက်​ရှင်​ခဲ့ပြီး အဲ့ထဲမှာ ​ရေမွန်​ပါခဲ့ပါတယ်​။ဒါ​ပေမဲ့​ရေမွန်​ဟာ ​သွေးပျက်​သွားပြီး ပင်​လယ်​ခရီးကို​ကြောက်​တဲ့ စိတ်​ဒဏ်​ရာရရှိခဲ့ပါတယ်​။ဒါ့​ကြောင်​့သူဟာ ဘယ်​​ရေ​ကြောင်​းခရီးကိုမှ မသွား​တော့ပါဘူး။၁၉၁၂ မှာ​တော့ သူဟာသူ့​ကြောက်​စိတ်​ကိုပြန်​နိုင်​ခဲ့ပြီး ဥရု​ဂွေးကသူ့တူဆီကိုသွားလည်​ဖို့ရှိလာပါတယ်​။ဒါ့​ကြောင်​့ သ​င်္ဘောခရီးစဉ်​တစ်​ခုကို​ရွေးချယ်​ခဲ့ပါတယ်​။အဲ့ဒီသ​င်္ဘောက​တော့တိုက်​တနး်​နစ်​ဖြစ်​ပါတယ်​။​ရေမွန်​ဟာ တိုက်​တန်​းနစ်​သ​င်္ဘောနစ်​မြုတ်​မှုမှာ ​သေဆုံးခဲ့ရပါတယ်​။

၈။​ဝေါ်တာဆန်​းမား​ဖော့ဒ်​

မိုးကြိုးတစ်​ကြိမ်​အပစ်​ခံရရင်​ အခိုက်​မသင်​့လို့ပါ။နှစ်​ကြိမ်​ဆိုရင်​​တော့ကံဆိုးတာဖြစ်​လာပါပြီ။သုံးကြိမ်​ဆိုရင်​​ရော ။ နည်​းနည်​းများပြီထင်​ပါတယ်​။ ​ဝေါ်တာဆန်​းမားဟာ အ​မေရိကန်​အားကစားသမားတစ်​ဦးဖြစ်​ပါတယ်​။ဘယ်​လိုကံဆိုးလဲလို့​မေးရင်​​တော့ အသက်​ရှင်​​နေစဉ်​မှာ နှစ်​ကြိမ်​မိုးကြိုးပစ်​ခံခဲ့ရပါတယ်​။ဘဝမှာ မိုးကြိုးနှစ်​ကြိမ်​အပစ်​ခံရဖို့ဟာ အပုံကိုးသန်​းမှာ တကြိမ်​ပဲရှိတာမို့ ​ဝေါ်တာကိုကံဆိုးသူလို့​ပြောလို့ရပါပြီ။ဒါနဲ့မပြီး​သေးပါဘူး။ သူကွယ်​လွန်​ချိန်​မှာ သူ့အုတ်​ဂူကို မိုးကြိုးထပ်​အပစ်​ခံရလို့ အုတ်​ဂူလည်​းရုပ်​ပျက်​ခဲ့ရပါတယ်​။

၉။ရန်​​ကျောင်​​ဂျောင်​း

ကိုရီးယားနွယ်​ဖွားဒီစစ်​သားရဲ့ဇာတ်​လမ်​းက​တော့ ထူးဆန်​းလှပါတယ်​။ သူဟာ ဒုတိယကမ္ဘာစစ်​အဓိကတိုက်​ပွဲကြီးတိုင်​းမှာပါဝင်​ခဲ့ပါတယ်​။ဂျပန်​အင်​ပါယာစစ်​တပ်​အတွက်​ ဆိုဗီယက်​ကိုတိုက်​တာဟာ သူ့ရဲ့စစ်​ပွဲ​နေ့ရက်​​တွေအစဖြစ်​ပါတယ်​။ စစ်​ပွဲအတွင်​းမှာသူဟာဆိုဗီယက်​​တွေရဲ့ဖမ်​းဆီးခြင်​းကိုခံရပြီး ၁၉၄၂မှာ ဆိုဗီယက်​​တွေဘက်​က​နေ ဂျာမန်​​တွေကိုတိုက်​ရပြန်​ပါတယ်​။ဂျာမန်​​တွေရဲ့ဖမ်​းဆီးခြင်​းကိုထပ်​ခံခဲ့ရပြီး ​နော်​မန်​ဒီကမ်​းတက်​တိုက်​ပွဲမှာ အ​မေရိကန်​​တွေကို ဂျာမန်​​တွေဘက်​က​နေတိုက်​ခိုက်​ရပြန်​ပါတယ်​။​နောက်​ဆုံးအကြိမ်​အဖြစ်​ အ​မေရိကန်​တပ်​ကဖမ်​းဆီးခြင်​းကိုခံရပါတယ်​။ရန်​ဟာဘဝမှာ ​လေးကြိမ်​အဖမ်​းခံခဲ့ရပြီး ​နောက်​ဆုံးမှာ​တော့ အိမ်​နဲ့မိုင်​​ထောင်​ချီအ​ဝေးမှာ စစ်​ပွဲနဲ့ပတ်​သတ်​သမျှကိုအဆုံးသတ်​နိုင်​ခဲ့ပါတယ်​။

၁၀။အ​ဒေါ့ဖ်​ဆက်​

၁၈၁၄ ဘယ်​ဂျီယံနိုင်​ငံသားဒီလူရဲ့ က​လေးဘဝဟာကြမ်​းတမ်​းခဲ့ပါတယ်​။ဒါ​ပေမဲ့ အရည်​အချင်​းရှိတဲ့ ဂီတပညာရှင်​တစ်​ဦးဖြစ်​လာခဲ့ပါတယ်​။သူ့က​လေးဘဝဟာ ဘယ်​​လောက်​ဆိုးပါသလဲ။ သုံးထပ်​ပြတင်​း​ပေါ်ကပြုတ်​ကျတယ်​၊ ​ချော်​လဲပီး ​ခေါင်​းနဲ့​ကျောက်​ခဲနဲ့ရိုက်​တယ်​၊ အက်​ဆစ်​​သောက်​မိတယ်​၊အပ်​​တွေမျိုချမိတယ်​၊ ချက်​ပြီးကာစ မီးဖို​ပေါ်ပြုတ်​ကျတယ်​၊ ​ရေနစ်​တယ်​ သူခံနိုင်​သမျှအကုန်​ သူ့ငယ်​ဘဝမှာဖြစ်​ပျက်​ခဲ့ပါတယ်​။ အသက်​ကြီးချိန်​မှာ​တော့ ဂီတအနုပညာရှင်​ဘဝနဲ့​ပျော်​ရွှင်​ခဲ့ပြီး ဂီတတူရိယာတစ်​ခုဖြစ်​တဲ့Saxophone ကိုတီထွင်​သူဟာ အ​ဒေါ့ဆပ်​ပဲဖြစ်​ပါတယ်​။