သမီးေလးနဲ႔ ဘက္ခမ္းနဲ႔ ခ်စ္စရာေကာင္းတဲ့ဓာတ္ပံုတစ္ပံုကို Instagram မွာတင္လိုက္တဲ့ ဗစ္တိုးရီးယား

ေဒးဗစ္ဘက္ခမ္းဆိုတာနဲ႔ တစ္ခါက ျမက္ခင္းစိမ္းေတြေပၚမွာ ေရႊအိုေရာင္ဆံပင္နဲ႕ ရုပ္ေျဖာင့္ေျဖာင့္ေဘာလံုးသမားတစ္ေယာက္ကို အားလံုးပဲ ေျပးျမင္မိၾကမယ္ထင္ပါတယ္။ အခုခ်ိန္မွာေတာ့ သာယာတဲ့မိသားစုဘဝေလးတစ္ခု ကိုပိုင္ဆိုင္ထားၿပီး ဖခင္တစ္ေယာက္ရဲ႕ တာဝန္ေတြၾကပြန္ေအာင္ လုပ္ေဆာင္ေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။ အခုခ်ိန္သူ႕မွာေတာ့ ဘရြတ္ကလင္း ၊ ရိုမီယို ၊ခရုစ္ နဲ႔ ဟာပါဆိုတဲ့ သားသမီးေလးေယာက္ ထြန္းကားေနပါၿပီ။

ဗစ္တိုးရီးယားနဲ႕ ေဒးဗစ္ဘက္ခမ္းတို႔ကေတာ့ ဆယ္စုႏွစ္ေတြၾကာေအာင္လက္တြဲလာခဲ့ၿပီး ေအာင္ျမင္ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတာကိုအားလံုးပဲသိမွာပါ ။ သူတို႔ဟာ အေအာင္ျမင္ဆံုးအခ်ိန္ေတြကတည္းက ခ်စ္ျခင္းေမတၱာကို တစ္ေယာက္နဲ႔တစ္ေယာက္အေပၚမွာ အေကာင္းဆံုးတြယ္တာေနၿပီး ယံုၾကည္မႈေတြ ထံုမႊမ္းထားတာေၾကာင့္ႏွစ္ေတြအၾကာႀကီးလက္တြဲလာခဲ့ႏိုင္တာပါ။



အခုအငယ္ဆံုးသမီးေလးနဲ႔ ႏႈတ္ခမ္းခ်င္းနမ္းေနတဲ့ပံုစံနဲ႔ရိုက္ကူးထားတဲ့ ပံုနဲ႔ပတ္သက္ၿပီးေတာ့လည္း ဘက္ခမ္းတစ္ေယာက္ဟာ ေဝဖန္မႈေတြ ခံခဲ့ရပါေသးတယ္ ။ အဲ့ဒီေလာက္ထိေအာင္ ဘက္ခမ္းဟာ သူ႔သမီးေလးကို သည္းသည္းလႈပ္ခ်စ္ပါတယ္။ ဘက္ခမ္းကေတာ့ ငယ္စဥ္ကတည္းက က်ေနာ္တို႔ ျမက္ခင္းစိမ္းေတြေပၚမွာေရာ တျခားေတြေပၚမွာပါ ထူးခၽြန္ခဲ့သ တစ္ေယာက္မဟုတ္ဘဲ ေဘာလံုးကြင္းအျပင္ဘက္ေတြမွာပါ ေကာင္မေလးေတြၾကားထဲမွာ ေရပန္းစားခဲ့သူတစ္ဦးျ့ဖစ္ပါတယ္။




ဗစ္တိုးရီးယား ဘက္ခမ္းကေတာ့ သူ႔ခြင္ပြန္းနဲ႔ သူရဲ႕ကေလးေတြကို တုန္ေနေအာင္ခ်စ္တဲ့သူတစ္ေယာက္လဲ ျဖစ္ပါတယ္။ Spice Girl အဆိုေတာ္အဖြဲ႔ဝင္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ ဗစ္တိုးရီးယားကေတာ့ သူတို႔ရဲ႕ အားလပ္ရက္တစ္ရက္မွာ ဘက္ခမ္းနဲ႔ သူ႔သမီးျဖစ္သူ ဟာပါနဲ႔ ထိုင္ခံုတစ္ခုေပၚမွာ ေထြးေပြ႔ၿပီး ထိုင္ေနတဲ့ ဓာတ္ပံုေလးတစ္ပံုကို ရိုက္ၿပီး Instagram မွာတင္ခဲ့ပါတယ္။ အဲ့ဒီ ပံုေလးထဲမွာေတာ့ ဘက္ခမ္းတို႕သားအဖတင္မဟုတ္ဘဲ သူတို႔ရဲ႕ အခ်စ္ေတာ္ေခြးေလးေတာင္မွ ဘက္ခမ္းရဲ႕ ဒူးေပၚမွာေမးကေလးတင္ၿပီးေနတာကို လည္းျမင္ရမွာပါ။ အဲ့ဒီပံုေလးေတြကိုကေတာ့ ဗစ္တိုးရီးယားက Caption ကို “ Happy Sunday X”လို႔ပဲ ရိုးရိုးေလးေရးၿပီး တင္ခဲ့ပါတယ္။

ဒီပံုေလးကိုတင္တဲ့ အခ်ိန္မွာေတာ့ က်ေနာ္တို႔ႏွလံုးသားကို ထိရွေစမယ့္ ပံုေလးတစ္ပံုေလးျဖစ္ၿပီး ဖခင္ေမတၱာကိုေပၚလြင္ေစတဲ့ ပံုေလးတစ္ပံုလည္းျဖစ္ပါတယ္။ ေလာကႀကီးထဲမွာ သမီးေတြကို အရိပ္တၾကည့္ၾကည့္နဲ႔ ဖခင္ေတြအမ်ားႀကီးရိွတယ္ဆိုတာကိုလည္း အားလံုးသိၾကၿပီးသားျဖစ္ပါတယ္။



Unicode

ဒေးဗစ်ဘက်ခမ်းဆိုတာနဲ့ တစ်ခါက မြက်ခင်းစိမ်းတွေပေါ်မှာ ရွှေအိုရောင်ဆံပင်နဲ့ ရုပ်ဖြောင့်ဖြောင့်ဘောလုံးသမားတစ်ယောက်ကို အားလုံးပဲ ပြေးမြင်မိကြမယ်ထင်ပါတယ်။ အခုချိန်မှာတော့ သာယာတဲ့မိသားစုဘဝလေးတစ်ခု ကိုပိုင်ဆိုင်ထားပြီး ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကြပွန်အောင် လုပ်ဆောင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အခုချိန်သူ့မှာတော့ ဘရွတ်ကလင်း ၊ ရိုမီယို ၊ခရုစ် နဲ့ ဟာပါဆိုတဲ့ သားသမီးလေးယောက် ထွန်းကားနေပါပြီ။

ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်းတို့ကတော့ ဆယ်စုနှစ်တွေကြာအောင်လက်တွဲလာခဲ့ပြီး အောင်မြင်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာကိုအားလုံးပဲသိမှာပါ ။ သူတို့ဟာ အအောင်မြင်ဆုံးအချိန်တွေကတည်းက ချစ်ခြင်းမေတ္တာကို တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ အကောင်းဆုံးတွယ်တာနေပြီး ယုံကြည်မှုတွေ ထုံမွှမ်းထားတာကြောင့်နှစ်တွေအကြာကြီးလက်တွဲလာခဲ့နိုင်တာပါ။

အခုအငယ်ဆုံးသမီးလေးနဲ့ နှုတ်ခမ်းချင်းနမ်းနေတဲ့ပုံစံနဲ့ရိုက်ကူးထားတဲ့ ပုံနဲ့ပတ်သက်ပြီးတော့လည်း ဘက်ခမ်းတစ်ယောက်ဟာ ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ် ။ အဲ့ဒီလောက်ထိအောင် ဘက်ခမ်းဟာ သူ့သမီးလေးကို သည်းသည်းလှုပ်ချစ်ပါတယ်။ ဘက်ခမ်းကတော့ ငယ်စဉ်ကတည်းက ကျနော်တို့ မြက်ခင်းစိမ်းတွေပေါ်မှာရော တခြားတွေပေါ်မှာပါ ထူးချွန်ခဲ့သ တစ်ယောက်မဟုတ်ဘဲ ဘောလုံးကွင်းအပြင်ဘက်တွေမှာပါ ကောင်မလေးတွေကြားထဲမှာ ရေပန်းစားခဲ့သူတစ်ဦးြ့ဖစ်ပါတယ်။

ဗစ်တိုးရီးယား ဘက်ခမ်းကတော့ သူ့ခွင်ပွန်းနဲ့ သူရဲ့ကလေးတွေကို တုန်နေအောင်ချစ်တဲ့သူတစ်ယောက်လဲ ဖြစ်ပါတယ်။ Spice Girl အဆိုတော်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဗစ်တိုးရီးယားကတော့ သူတို့ရဲ့ အားလပ်ရက်တစ်ရက်မှာ ဘက်ခမ်းနဲ့ သူ့သမီးဖြစ်သူ ဟာပါနဲ့ ထိုင်ခုံတစ်ခုပေါ်မှာ ထွေးပွေ့ပြီး ထိုင်နေတဲ့ ဓာတ်ပုံလေးတစ်ပုံကို ရိုက်ပြီး Instagram မှာတင်ခဲ့ပါတယ်။ အဲ့ဒီ ပုံလေးထဲမှာတော့ ဘက်ခမ်းတို့သားအဖတင်မဟုတ်ဘဲ သူတို့ရဲ့ အချစ်တော်ခွေးလေးတောင်မှ ဘက်ခမ်းရဲ့ ဒူးပေါ်မှာမေးကလေးတင်ပြီးနေတာကို လည်းမြင်ရမှာပါ။ အဲ့ဒီပုံလေးတွေကိုကတော့ ဗစ်တိုးရီးယားက Caption ကို “ Happy Sunday X”လို့ပဲ ရိုးရိုးလေးရေးပြီး တင်ခဲ့ပါတယ်။

ဒီပုံလေးကိုတင်တဲ့ အချိန်မှာတော့ ကျနော်တို့နှလုံးသားကို ထိရှစေမယ့် ပုံလေးတစ်ပုံလေးဖြစ်ပြီး ဖခင်မေတ္တာကိုပေါ်လွင်စေတဲ့ ပုံလေးတစ်ပုံလည်းဖြစ်ပါတယ်။ လောကကြီးထဲမှာ သမီးတွေကို အရိပ်တကြည့်ကြည့်နဲ့ ဖခင်တွေအများကြီးရှိတယ်ဆိုတာကိုလည်း အားလုံးသိကြပြီးသားဖြစ်ပါတယ်။

Tags:

Leave a Reply