သမီးလေးရဲ့ အနုပညာပိုးအကြောင်း ပြောပြတဲ့ အေသင်ချိုဆွေ

0
45

တစ်ခေါတ်တစ်ခါက တေးသီချင်းကောင်းများစွာ ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိခဲ့တဲ့ နိုင်ငံကျော် တေးသံရှင် အေသင်ချိုဆွေက သူ့အနေနဲ့ လက်ရှိအချိန်မှာ single mother အဖြစ်ရပ်တည်နေပြီးတော့ လတ်တလောမှာ လူတွေကြားမှာ ရေပန်းစားနေတဲ့ For My Little Girl ဆိုတဲ့ သီချင်းလေးနဲ့ ပတ်သက်ပြီး cele 7အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

အေသင်ချိုဆွေက “သူ့ကိုတော့ အနုပညာအလုပ်နဲ့တော့ အသက်မွေးဝမ်းကျောင်းမပြုစေချင်ဘူး အေသင်ကတော့ ပညာတတ်တစ်ယောက်ဖြစ်စေချင်တယ်။ ပညာကိုဆုံးခန်းတိုင်အောင် သင်စေချင်တယ်။ ပြီးတော့မှ ဒီအနုပညာအလုပ်ကို ဝါသနာပါရင်လည်းလုပ်ပေါ့နော်။ ဒါပေမဲ့ သူ့ကိုငယ်ငယ်ထဲကတော့ ဂီတာ ပီယာနို သူ့ဝါသနာပါတာတစ်ခုခုကို တတ်အောင်သင်ပေးထားမယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူကအခုထဲက ဂီတာတွေ့ရင်လည်း သူမနေနိုင်ဘူး ဂီတာတီးနေတဲ့သူတွေရင်လည်း သူလှမ်းခေါ်တယ်။ သူ့နားမှာတီးခိုင်းတယ် သီချင်းသံကြားရင်တောင် သူသီချင်းတွေဆိုနေသလိုပဲ အဲ့လိုသီချင်းလိုက်ဆိုတယ်ပေါ့နော်။ ကြီးလာရင်တော့ ဂီတကို တော်တော်ဝါသနာပါမယ်လို့တော့ ထင်တယ်။

သူက ငယ်ငယ်လေးထဲကလည်း အဲ့လိုလေ ဓာတ်ပုံရိုက်ရင် Selfieရိုက်တော့လေ ရိုးရိုးCameraနဲ့ရိုက်တာထက်ကို ဖုန်းနဲ့ Selfieရိုက်တာကို အရမ်းလုပ်တတ်တယ်။ ငယ်ငယ်ထဲကလည်း အတူတူရိုက်လာတယ်ဆိုတော့ အဲ့တာလေးက သူ့အကျင့်လေးပေါ့နော်။ နောက်ပြီးတော့ အခုပိုးပေါ့တော့ ဗီဇက ပါလာတာလားမသိဘူး ရိုက်လို့ရှိရင်လည်း သူကအဖြူဝတ်စုံလေးနဲ့ဂါဝန်လေးနဲ့ သားအမိနှစ်ယောက်ရိုက်ထားတာဆိုရင် အဲ့တုန်းက သူတော်တော်နေမကောင်းဖြစ်နေတာ အဖျားတွေလည်း တော်တော်တက်နေတာ။ ဒါပေမဲ့ ရိုက်တဲ့အချိန်မှာ သူလုံးဝငြိမ်သွားတယ် Cameraကိုသူကြည့်တယ်ပေါ့နော်။ လုံးဝမငိုဘူး ဂျီလည်း မကျဘူး။ အဲ့လောက်ဖျားနေတာတောင်မှ သူရဲ့ဗီဇပေါ့နော် သူရဲ့ ဝါသနာပါတဲ့ ပိုးနေမှာပေါ့နော်။ ထူးခြားတယ်လို့ပြောရမှာပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

လက်ရှိဖြစ်တည်နေရတဲ့ဘဝနဲ့ ပတ်သက်ပြီး အေသင်ချိုဆွေက “အကောင်းပြောတဲ့သူတွေလည်းအများကြီးပါပဲ အခုအချိန်မှာ မိန်းကလေးတွေရော ယောက်ျားလေးတွေရော အကုန်လုံးက ထောက်ခံကြတယ် အားပေးကြတယ်ပေါ့နော် ဝန်းရံကြတယ်။ ဒါပေမဲ့ တစ်ချို့ကျတော့လည်း ဒီဟာကို အပြောင်အပျက်ပြောတဲ့ ပုံစံမျိုးတွေ လှောင်သလိုလိုသိတယ်မလား စကားတွေကပြောလို့မကောင်းတဲ့ ပုံစံမျိုးတွေလည်း ရှိတယ်။ ဒါပေမဲ့ အစထဲက အေသင်က စဉ်းစားထားပြီးသား ကိုယ့်ကလေးအတွက် ကိုယ့်ရင်သွေးအတွက် ကိုယ်က ရှေ့ကနေမားမားမတ်မတ်ရပ်တည်နိုင်ရမယ် Strongဖြစ်ရမယ်ဆိုတော့ ဒီအတွက် သူတို့ပြောလာမယ့်ဟာတွေကို အေသင်ကတော့ ဂရုမစိုက်ဘူး သူတို့ ထင်ချင်သလိုထင် ကိုယ့်ကို လင်ကောင်မပေါ်ဘဲ မွေးတယ်ပဲပြောပြော။ ကိုယ့်ကိုပြောချင်သလိုပြော ကိုယ့်ကလေးကိုတော့ မထိခိုက်ရင်ပြီးတာပဲ။

ဟုတ်တယ် မွေးတယ် ယောက်ျားတစ်ယောက်ထက်ကို ပိုပြီး သတ္တိလည်းရှိတယ် တာဝန်ယူလိုစိတ်အပြည့်နဲ့ အေသင်မွေးခဲ့တာ ဆိုတော့ အဲ့အတွက်ကို အေသင် လိပ်ပြာလုံတယ်။ သူတို့ကတော့ ဘာမှမဟုတ်လဲ ထိုင်ဆဲနေတဲ့လူတွေဆိုတော့ အေသင်ကတော့ သိပ်ပြီးတော့ ဂရုမစိုက်ဘူး။ ကိုယ့်ဖြစ်တည်မှုကိုလက်ခံတယ် ယုံကြည်တဲ့လူတွေ ယုံကြည်တဲ့ပရိသတ်တွေနဲ့ အေသင်ရှေ့ဆက်သွားမယ်။ သူ့ကိုဝိုင်းချစ်ပေးကြတဲ့အတွက် အခုအချိန်မှာလည်း အရမ်းပျော်တယ်။ မထင်မှတ်ဘဲနဲ့ အေသင်ကလည်းတင်သာတင်လိုက်တာ အချစ်သီချင်းမဟုတ်တဲ့ အတွက်အဲ့လောက်ကြီး စိတ်ဝင်စားပြီး နားထောင်မယ်လို့လည်း မထင်ဘူး။ ဒါပေမဲ့မထင်မှတ်ဘဲနဲ့ နာရီပိုင်းလေးအတွင်းမှာပဲ ဝိုင်းShareကြတယ်။ အနုပညာရှင်မောင်နှမအချင်းချင်းတောင် ဝိုင်းShareကြပြီးတော့ Messengerကနေလာလာပြီးတော့ အားပေးစကားတွေ လာပြောကြတယ်ဆိုတော့ အရမ်းပျော်တယ်။ အဲ့အတွက်လည်း ဒီMTVရိုက်ဖြစ်သွားတာပေါ့နော်။ ဒီသီချင်းလေးက အချစ်သီချင်းတော့ မဟုတ်ဘူးပေါ့နော် ဒါပေမဲ့ အေသင်ရဲ့ မေတ္တာတွေ အေသင်စိတ်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေကို Single Motherတွေကိုယ်စား ဆိုထားတဲ့သီချင်းလေးဖြစ်တဲ့အတွက် အားလုံးပဲ ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here