သမီးလေးတွေကျောင်းသွားတာကို ကြည့်ရင်း ငိုမိတဲ့ ချစ်သုဝေ

0
40

ပြည်သူ့အချစ်တော် ဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ တေးရေးတေးဆို လင်းလင်းနဲ့ အဆိုတော်သရုပ်ဆောင် ချစ်သုဝေတို့ကိုတော့ တော်တော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူတို့နှစ်ယောက်ကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေး ပိုင်ဆိုင်ထားပြီး အရမ်းကိုချစ်စရာကောင်းတဲ့ ခေတ်နဲ့ သစ် အမွှာသမီးလေး နှစ်ယောက်ရှိပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို အားပေးပြီး ချစ်ယုံသာမက  သူတို့ရဲ့ သမီးလေးနှစ်ယောက်ကိုလည်း ပရိသတ်တွေကတော့ အချစ်ပိုနေတာကို တွေ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ သမီးလေးတွေကလည်း ပရိသတ်တွေ ချစ်ချင်စရာ ကောင်းလောက်အောင် သိမ်မွေ့နူးညံ့ပြီး ချစ်စရာအမူအယာလေးတွေလည်း လုပ်တတ်ကြပါသေးတယ်။ လက်ရှိမှာတော့ ချစ်သုဝေရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်ကတော့ ကျောင်းစတတ်နေရပြီ ဖြစ်ပါတယ်။ ကျောင်းစတက်ရသော်လည်း သူတို့လေးတွေကတော့ အမေနဲ့ ခွဲရလို့ ဝမ်းနည်းခြင်း မျက်ရည်ကျခြင်းမရှိပဲ ပျော်ပျော်ရွှင်ရွှင်ပဲ ကျောင်းကိုသွားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမေဖြစ်သူ ချစ်သုဝေကတော့ သူ့သမီးလေးတွေကို အံ့သြခဲ့ရပြီး မျက်ရည်ကျရတဲ့အထိ ဝမ်းသာခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချစ်သုဝေကတော့ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာတော့ ” ကိုယ်အတန်းထဲနေခွင့်ရတဲ့ ၃ရက်စလုံး အတန်းပိုင်ဆရာမကို ဒီနေ့ ကိုယ်သူတို့လေးတွေကိုအတန်းထဲထားခဲ့ရလို့ ငိုနေခဲ့ရင် ဖက်ထားပေးပါနော် လို့ပြောနေခဲ့တာ။ ဒီနေ့ကျောင်းပို့တော့ သည်းလေးတွေက ဖြောင့်ဖြောင်းတန်းတန်းဝင်သွားပြီး အတန်းပြင် သူတို့လေးတွေကွယ်ရာမှာ ရှိုက်ကြီးတငင် ငိုချမိတာ “ကိုယ်”ဖြစ်နေတယ်။ အတန်းပိုင်ဆရာမ Ms. Ingrid လည်းထွက်လာရော ဖက်ထားပြီးချော့ရတာ အမေ့ ကို ဖြစ်နေတော့တာ။ Cho Wut Yee ရည်လေးခင်မျာလည်း ကလေးကျောင်းပို့ရင်း အသည်းအသန်ငိုနေတဲ့အစ်မကို စကားတွေပြော ချော့ အတန်းပြီးတဲ့ထိအဖော်လုပ်ပေး, သမီးလေးတွေအဆင်ပြေရဲ့လားသွားချောင်းပေး..(အမေ လာချောင်းမကြည့်ရ စည်းကမ်းနဲ့ ဆိုတော့)..ကျေးဇူးပါရည်လေးရယ်နော်.. ပြန်တွေးတော့ ဩော် ငါလည်းတော် အသည်းနုသကိုး” ဆိုတဲ့ စာလေးကို ရေးပြီး သူ့သမီးနှစ်ယောက် ကျောင်းခန်းထဲ သွားနေတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။

ချစ်သုဝေကတော့ မိခင်တယောက်ရဲ့ မေတ္တာကို ပေါ်လွင်စေတဲ့ အပြုအမူလေးကို ချပြသွားတာ ဖြစ်ပြီး မိဘတိုင်းကတော့ သားသမီးတွေကို သူတို့ မျက်ကွယ်မှာ စိတ်ပူနေကြမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း သမီးလေးနှစ်ယောက်ရဲ့ ဒီလိုမျိုး တက်ကြွတဲ့ အမူအယာလေးနဲ့ ကျောင်းသွားတာမြင်တော့ မေမေချစ်သုဝေတယောက်လည်း မျက်ရည်ကျမိသွားတာပါ။ ခေတ်နဲ့ သစ်တို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူနဲ့ ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီး အောက်မှာဝင်ကြည့်သွားကြနော်။

Dikirim oleh Chit Thu Wai pada Kamis, 24 Januari 2019