သရဲအေျခာက္ခံရဖူးတဲ့အေၾကာင္းေျပာျပလာတဲ့ မိုးေအာင္ရင္

မိုးေအာင္ရင္ဆိုတာနဲ႔တစ္ခ်ိန္တုန္းက ေအာင္ျမင္မႈေတြအမ်ားႀကီး ရခဲ့ဖူး အဆိုေတာ္ ဦးေအာင္ရင္ရဲ႕သား ၊ ပရိသတ္ေတြရဲ႕အားေပးမႈကို ရရိွခဲ့တဲ့ သရုပ္ေဆာင္တစ္ေယာက္ ဆိုတာကို အားလံုးသိၾကၿပီးသားျဖစ္မွာပါ။ အခုခ်ိန္မွာေတာ့ သူဟာ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနၿပီ ျဖစ္ပါတယ္။ ရုပ္ရွင္ကားေတြကိုေတာက္ေလွ်ာက္ရိုက္ေနရသလိုပဲ ပရိသတ္ေတြကလည္း သူပါဝင္သရုပ္ေဆာင္ထားတဲ့ ရုပ္ရွင္ကားေတြကို အျမန္ဆံုးၾကည့္ရဖို႔ေမွ်ာ္လင့္ေနၾကပါတယ္။

သူသရဲအေျခာက္ခံရဖူးတဲ့အေၾကာင္းနဲ႔ ႔ပရေလာကနဲ႕ပတ္သတ္ၿပီးေတာ့ မိုးေအာင္ရင္က “ အယံုၾကည္ရိွသလားဆိုေတာ့ သူ႔ဟာနဲ႔သူေတာ့ ရိွေနေကာင္းရိွမွာေပါ့ တစ္ခ်ိဳ႕ဟာေတြက်ေတာ့လည္း အျပင္မွာရိွတဲ့ဟာကို ရုပ္ရွင္ျပန္ရိုက္ရတဲ့အခ်ိန္မွာ နည္းနည္းအပိုေလးေတြလုပ္ ၿပီး ရိုက္ရတဲ့ဟာေတြရိွတယ္။ အျပင္မွာ က်ေနာ္ကိုယ္တိုင္လည္း သရဲကို ေကာင္းေကာင္းႏွစ္ခါေလာက္အေျခာက္ခံဖူးတယ္ ။ ေျခာက္တယ္ဆိုေပမယ့္ ရုပ္ရွင္ထဲမွာ က်ေနာ္တို႔ ၾကည့္ရသလိုေပါ့ ဝါးခနဲ ေသြးရဲသံရဲ နဲ႔ ေခါင္းျပတ္ႀကီး အဲ့ဒီလိုမ်ိဳးေပၚတာမ်ိဳးေတာ့ မဟုတ္ဘူး။



တံခါးေလးပဲ ေခါက္သြားတာမ်ိဳး အရိပ္ေတြ႔လိုက္တာမ်ိဳး ။ တစ္ေခါက္ကေတာ့ ေတာ္ေတာ္ၾကမ္းၾကမ္းႀကီးတစ္ခုက ဂ်မခႏၶာမွာ က်ေနာ့္အေဒၚကို သြားၾကည့္တာ သူဗိုက္ခြဲတုန္းက ၿပီးေတာ့ က်ေနာ္က အရမ္းျပန္ခ်င္ေနၿပီ Game လည္းေဆာ့ခ်င္ေနၿပီဆိုေတာ့ က်ေနာ္ ဓာတ္ေလွကားႏွိပ္ၿပီး က်ေနာ္ေစာင့္ေနတာ။ အေမတို႔ကေနာက္မွာက်န္ခဲ့တာ က်ေနာ္က အေမတို႔ကလည္း မလာေသးဘူးေပါ့ ။ဓာတ္ေလွကားေပၚမွာ က်ေနာ္နံပါတ္ေတြ ထိုင္ၾကည့္ၿပီးေတာ့ ေစာင့္ေနတဲ့အခ်ိန္မွာ က်ေနာ္ပခံုးေပၚမွာ လက္လာတင္တယ္။

ၿပီးေတာ့ ဟိုဘက္လွည့္ၾကည့္ အေမကဟိုးဘက္အေဝးႀကီးမွာ လမ္းေလွ်ာက္လာတာ ဟာဆိုၿပီး ျဖစ္သြားတယ္။ ၿပီးေတာ့ အဲ့ဒီမွာ က်ေနာ္ အရမ္းလန္႔သြားတာ ။ ဘာျဖစ္လို႔လဲဆိုေတာ့ လက္ႀကီးကို က်ေနာ္ျမင္လိုက္ရတယ္။ က်ေနာ့္ကိုလည္း လာၿပီးထိလိုက္တယ္ အဲ့ဒီလက္ႀကီးက အဲ့ဒါကေတာ့ ေတာ္ေတာ္ၾကမ္းၾကမ္းႀကီး အေျခာက္ခံရတာ။ ေၾကာက္ေတာ့မေၾကာက္ဘူး ေထာင္ထဲမွာတုန္းကလည္း က်ေနာ္တိုက္ထဲမွာ တစ္ေယာက္တည္းေနတာဆိုေတာ့ တိုက္အလံုပိတ္ ဆယ္ေပပတ္လည္ အခန္းမွာ က်ေနာ္တစ္ေယာက္တည္း တစ္ႏွစ္ခြဲေလာက္ေနလာရတာ ။ သရဲေတာ့ က်ေနာ္ မေၾကာက္တတ္ဘူး ေျခာက္လည္း သူတစ္ခုခုလိုခ်င္လို႔ သူ႔ကိုယ့္ကိုလာၿပီး အသိေပးတယ္လို႔ သေဘာထားတယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။




Unicode

မိုးအောင်ရင်ဆိုတာနဲ့တစ်ချိန်တုန်းက အောင်မြင်မှုတွေအများကြီး ရခဲ့ဖူး အဆိုတော် ဦးအောင်ရင်ရဲ့သား ၊ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက် ဆိုတာကို အားလုံးသိကြပြီးသားဖြစ်မှာပါ။ အခုချိန်မှာတော့ သူဟာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေကိုတောက်လျှောက်ရိုက်နေရသလိုပဲ ပရိသတ်တွေကလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေကို အမြန်ဆုံးကြည့်ရဖို့မျှော်လင့်နေကြပါတယ်။



သူသရဲအခြောက်ခံရဖူးတဲ့အကြောင်းနဲ့ပရလောကနဲ့ပတ်သတ်ပြီးတော့ မိုးအောင်ရင်က “ အယုံကြည်ရှိသလားဆိုတော့ သူ့ဟာနဲ့သူတော့ ရှိနေကောင်းရှိမှာပေါ့ တစ်ချို့ဟာတွေကျတော့လည်း အပြင်မှာရှိတဲ့ဟာကို ရုပ်ရှင်ပြန်ရိုက်ရတဲ့အချိန်မှာ နည်းနည်းအပိုလေးတွေလုပ် ပြီး ရိုက်ရတဲ့ဟာတွေရှိတယ်။ အပြင်မှာ ကျနော်ကိုယ်တိုင်လည်း သရဲကို ကောင်းကောင်းနှစ်ခါလောက်အခြောက်ခံဖူးတယ် ။ ခြောက်တယ်ဆိုပေမယ့် ရုပ်ရှင်ထဲမှာ ကျနော်တို့ ကြည့်ရသလိုပေါ့ ဝါးခနဲ သွေးရဲသံရဲ နဲ့ ခေါင်းပြတ်ကြီး အဲ့ဒီလိုမျိုးပေါ်တာမျိုးတော့ မဟုတ်ဘူး။

တံခါးလေးပဲ ခေါက်သွားတာမျိုး အရိပ်တွေ့လိုက်တာမျိုး ။ တစ်ခေါက်ကတော့ တော်တော်ကြမ်းကြမ်းကြီးတစ်ခုက ဂျမခန္ဓာမှာ ကျနော့်အဒေါ်ကို သွားကြည့်တာ သူဗိုက်ခွဲတုန်းက ပြီးတော့ ကျနော်က အရမ်းပြန်ချင်နေပြီ Game လည်းဆော့ချင်နေပြီဆိုတော့ ကျနော် ဓာတ်လှေကားနှိပ်ပြီး ကျနော်စောင့်နေတာ။ အမေတို့ကနောက်မှာကျန်ခဲ့တာ ကျနော်က အမေတို့ကလည်း မလာသေးဘူးပေါ့ ။ဓာတ်လှေကားပေါ်မှာ ကျနော်နံပါတ်တွေ ထိုင်ကြည့်ပြီးတော့ စောင့်နေတဲ့အချိန်မှာ ကျနော်ပခုံးပေါ်မှာ လက်လာတင်တယ်။

ပြီးတော့ ဟိုဘက်လှည့်ကြည့် အမေကဟိုးဘက်အဝေးကြီးမှာ လမ်းလျှောက်လာတာ ဟာဆိုပြီး ဖြစ်သွားတယ်။ ပြီးတော့ အဲ့ဒီမှာ ကျနော် အရမ်းလန့်သွားတာ ။ ဘာဖြစ်လို့လဲဆိုတော့ လက်ကြီးကို ကျနော်မြင်လိုက်ရတယ်။ ကျနော့်ကိုလည်း လာပြီးထိလိုက်တယ် အဲ့ဒီလက်ကြီးက အဲ့ဒါကတော့ တော်တော်ကြမ်းကြမ်းကြီး အခြောက်ခံရတာ။ ကြောက်တော့မကြောက်ဘူး ထောင်ထဲမှာတုန်းကလည်း ကျနော်တိုက်ထဲမှာ တစ်ယောက်တည်းနေတာဆိုတော့ တိုက်အလုံပိတ် ဆယ်ပေပတ်လည် အခန်းမှာ ကျနော်တစ်ယောက်တည်း တစ်နှစ်ခွဲလောက်နေလာရတာ ။ သရဲတော့ ကျနော် မကြောက်တတ်ဘူး ခြောက်လည်း သူတစ်ခုခုလိုချင်လို့ သူ့ကိုယ့်ကိုလာပြီး အသိပေးတယ်လို့ သဘောထားတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Tags: