သားသမီးအများကြီးရှိတဲ့ နာမည်ကျော်ဆယ်လီများ

0
44

ကမ္ဘာကျော်တွေထဲမှာ ရင်သွေး ဒါဇင်ဝက်လောက် မွေးထားတဲ့သူတွေ၊ ချစ်ခြင်းမေတ္တာနဲ့ မတူညီတဲ့ တိုင်းပြည်က ကလေးငယ်တွေကို မွေးစားထားသူတွေ အများကြီး ရှိပါတယ်။ သူတို့ထဲက တချို့တဝက်ကို ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ဗဟုသုတ အနေနဲ့ ဖော်ပြပေးပါရစေ။

၁. Madonna

ကမ္ဘာကျော်အဆိုတော် မက်ဒေါနားမှာ ကလေးခြောက်ဦး ရှိပါတယ်။ Carlos Leon နဲ့ ရရှိခဲ့တဲ့ Lourdes Leon (၁၉၉၆ ဖွား) ၊ Guy Ritchie နဲ့ရရှိခဲ့တဲ့ Rocco Ritchie (၂၀၀၀ ဖွား) အပြင် သူနဲ့အတူ မွေးစားခဲ့တဲ့ David Ritchie ၊ မက်ဒေါနား ကိုယ်တိုင်မွေးစားထားတာက Mercy James, Esther နဲ့ Stella တို့ သုံးဦးပါ။

၂. Eddie Murphy

နာမည်ကျော် ဟာသ သရုပ်ဆောင် အက်ဒီမာဖီမှာတော့ ကလေးဆယ်ယောက်တောင် ရှိတာပါ။ ဇနီးဟောင်း Nicole Mitchell နဲ့အတူ ကလေးငါးယောက်ရခဲ့ပြီး စေ့စပ်ထားသူ Paige Butcher နဲ့ နှစ်ဦး၊ တချိန်က အောင်မြင်ခဲ့တဲ့ Spice Girls အဖွဲ့ဝင်ဟောင်း Melanie Brown၊ Paulette McNeely၊ Tamara Hood တို့နဲ့ တစ်ဦးစီ ဖြစ်ပါတယ်။

၃. Mel Gibson

Braveheart, The Patriot တို့မှာ လူသိများခဲ့တဲ့ နာမည်ကျော်မင်းသားကြီး မဲလ်ဂစ်ဘ်ဆင်ဟာ အခုတော့ ဒါရိုက်တာလိုင်းကို ကူးပြောင်းစပြုနေပါပြီ။ သူကလည်း အချစ်ကြီးသူပဲ ဖြစ်ပြီး ရင်သွေးက ကိုးယောက်တောင် ရှိတာပါ။ ဇနီးဟောင်း Robyn Denise Moore နဲ့ သားသမီးခုနစ်ယောက်တောင် ရခဲ့ပြီး ရရှအဆိုတော် Oksana Grigorieva ၊ သရုပ်ဆောင် Rosalind Ross တို့နဲ့လည်း တစ်ယောက်စီ ရခဲ့ပါတယ်။

၎. Angelina Jolie

ဆွဲဆောင်မှုပြင်းလှတဲ့ မင်းသမီးချော အိန်ဂျလီနာ ဂျိုလီကတော့ သူမရဲ့ မေတ္တာစိတ်ကြောင့် ထင်ရှားပြီး နာမည်ကျော် မင်းသား Brad Pitt နဲ့ ချစ်သက်တမ်းအတွင်းမှာ မွေးစားသားသမီး သုံးဦး၊ အမြွာနှစ်ယောက် ပါဝင်တဲ့ သားသမီးရင်း သုံးဦး ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူတို့ဟာ ကွာရှင်းခွင့် တင်ထားဆဲပါ။

၅. Clint Eastwood

တချိန်က နာမည်ကျော် ကောင်းဘွိုင်မင်းသားကြီး ကလင့်အိစ်ဝုဒ်လည်း သားသမီးရတနာ များသူပါပဲ။ လက်ရှိအသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးမှာ ကလေးခုနစ်ယောက်ရှိပြီး ဇနီးဟောင်း Maggie နဲ့ နှစ်ဦး၊ Jacelyn Reeves နဲ့ နှစ်ဦး၊ ဇနီးဟောင်း Dina Ruiz ၊ လက်တွဲဖော်ဟောင်း Frances Fisher ၊ Roxanne Tunis တို့နဲ့ တစ်ဦးစီ ရခဲ့ပါတယ်။

၆. Marlon Brando

အပေါ်က လူတွေကို များလှပြီလို့ မထင်နဲ့ဦးဗျ။ တစ်ခေတ်တစ်ခါက အလွန် အောင်မြင်ကျော်ကြားတဲ့ မင်းသားကြီး မာလွန်ဘရန်ဒို မှာ ရင်သွေး ၁၅ ယောက်တောင် ရှိပါတယ်။ ပထမဆုံး ဇနီး Anna Kashfi နဲ့ တစ်ယောက်၊ ဒုတိယဇနီး Movita နဲ့ နှစ်ယောက်၊ တတိယဇနီး Tarita Terripaia နဲ့ နှစ်ယောက် တို့အပြင် သူ့ရဲ့ အိမ်ဖော် Maria Christina Ruiz နဲ့ ၁၄ နှစ်ကြာ ဆက်ဆံရေးအတွင်း ကလေးသုံးယောက် ရခဲ့ပါတယ်။ Maria ကို လက်ထပ်လက်စွပ် ပေးခဲ့ပေမယ့် တရားဝင်လက်ထပ်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒါ့အပြင် မိခင် မသိရတဲ့ ရင်သွေးက လေးဦးရှိပါတယ်။ Tarripaia ရဲ့သမီး Maimiti နဲ့ တူမ Raiatua တို့အပြင် သူ့လက်ထောက်ရဲ့ သမီးငယ် Petra Brando-Corval တို့ သုံးယောက်ကိုလည်း မွေးစားခဲ့ပါတယ်။ဝတ္ထုရေးဆရာမ Paula Fox နဲ့လည်း Linda Carroll ကို ရရှိခဲ့တယ်လို့ သံသယရှိကြပြီး Linda ဟာ နာမည်ကျော် အဆိုတော် Courtney Love ရဲ့မိခင်ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here