သားလေး အကြောင်းပြောပြတဲ့ တေးရေး ဝေကြီး

0
34

လူငယ်တွေရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်နေတဲ့ သီချင်းတွေကြောင့် ပရိသတ် အားပေးမှုကို ရရှိနေတဲ့ တေးရေး /တေးဆိုကတော့ ဝေကြီး ဖြစ်ပါတယ်။ လတ်တလော အပေါက်ဆုံးဖြစ်နေတဲ့ ဝေကြီးရဲ့ တေးသီချင်းကတော့ “ဆေး” ဖြစ်ပါတယ်။ ကော်နီသီဆိုထားတဲ့ ဗားရှင်းထက် ဝေကြီး ဆိုတာကို ပိုကြိုက်တယ်လို့ ပြောနေကြသူတွေလည်း ရှိပါတယ်။ ဒီလိုမျိုး နာမည်ကြီး အဆိုတော်တွေကို ပိုပိုပြီးပေါက်အောင် ရေးပေးနိုင်တဲ့ ကိုဝေကြီးအကြောင်းနဲ့ မိသားစုဘဝလေးကိုတော့ ခုလို သိရပါတယ်။

ကိုဝေကြီးမှာက မျိုးဆက်အမွေ ဆက်ခံမယ့် သားလေးတစ်ယောက် ရှိနေတယ်ဆိုတာကိုတော့ -“ကလေးက ၅ နှစ်ကျော် ရောက်ပြီ။ မိသားစုက ၃ ယောက်ပဲ ဆိုတော့ ကလေးကတော့ အခု မူကြိုတက်နေတယ်ပေါ့။ တစ်ယောက်တည်းတောင် မနည်းထိန်းနေရတယ်။ နောက်တစ်ယောက်ကတော့ တော်ပါပြီ။ သူက ကတာလည်း ဝါသနာပါတယ်။ ဆိုတာလည်း ဝါသနာပါတယ်။ တီးတာလည်း ဝါသနာပါတယ်။ သူက Rock ကြိုက်တယ်။ အေးအေးလေးတွေပဲ။ အိမ်မှာတစ်ချိန်လုံး အေးအေးလေးတွေပဲ နားထောင်နေတာများလို့လား မသိဘူး။ အေးတဲ့သီချင်းဆိုရင် မကြိုက်ဘူး ။ သူက Rock တွေပဲ ကြိုက်တယ်။” လို့ ဆိုပါတယ်။

သားလေးကို ဖြစ်စေချင်တဲ့ ဆန္ဒကိုတော့ ခုလိုမျိုး ပြောပြသွားပါတယ်။“သူလုပ်ချင်တာ လုပ်ပါစေ။ အခက်အခဲတွေ့လို့ရှိရင် ကူညီပေးမယ်။ ဒါပေမဲ့ လမ်းကြောင်းမှန် ရောက်ဖို့လိုတယ်။ နာမှပဲ သာတာကို သိရမှာပေါ့။ အရမ်းကြီး မြှောက်ထိုးပင့်ကော်တော့ မလုပ်ဘူး။ သူ့ဟာသူ စဉ်းစားနိုင်စွမ်း ရှိအောင်တော့ ဒီအချိန်မှာ train ပေးရမှာပေါ့။” လို့ ဆိုပါတယ်။

တေးရေး ဝေကြီးကတော့ ထင်သလောက် မလွယ်တဲ့ ဘဝကို ဖြတ်ကျော်ခဲ့ရကြောင်း ခုလို ပြောပြသွားပါတယ်။“ကျွန်တော့်မှာလည်း အဆင်မပြေတာတွေကို အများကြီး ဖြတ်ကျော်ခဲ့ရတဲ့ လူတစ်ယောက်ဆိုတော့ ကလေးကိုတော့ ဒါတွေမပြောပြတော့ပါဘူး။ ဒါကြီးက ဇစ်မြစ်ပြန်လှန်သလို ဖြစ်မယ်။ ဒါပေမဲ့ သူအကောင်းဆုံး စဉ်းစားနိုင်အောင် ကျွန်တော်တို့က supporting ပေးမှာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here