သီချင်းဆိုရင် မြန်မာအသံက မပီတော့ဘူးဆိုတဲ့ စံထိပ်ထားဦး

0
53

ပြည်သူ့အချစ်တော် မင်းသမီးတယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ အနုပညာပိုင်းမှာလည်း အောင်မြင်တဲ့ မင်းသမီးတယောက်ဖြစ်သလို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ရှိတဲ့အပြင် ချစ်စရာကောင်းတဲ့ သူ့ရဲ့သမီးလေး စံထိပ်ထားဦးကလည်း အနုပညာလုပ်ငန်းတွေ လုပ်နေသလို လူချစ်လူခင်လည်း ပေါများတဲ့ ကောင်မလေး တယောက်ဖြစ်ပါတယ်။ စံထိပ်ထားဦးကတော့ လက်ရှိမှာ လူငယ်တယောက်ဖြစ်နေပြီ ဖြစ်တာကြောင့် အလှအပကို နှစ်သက်သလို သူခံယူထားတဲ့ လှတယ်ဆိုတာကိုလည်း ပြောကြားသွား ခဲ့ပါတယ်။

စံထိပ်ထားဦးကတော့ ပန်းပွင့်နဲ့ အင်တာဗျူးတွင် အလှအပအပေါ် ခံယူချက်နဲ့ ပတ်သက်ပြီး “ခံယူချက်တွေကတော့ ကြီးကြီးမားမားတော့ မရှိပါဘူး။ မိန်းကလေးတယောက်က သပ်သပ်ရပ်ရပ်လေးနဲ့ လှရမယ် ဆိုတာပါပဲ” ခန္ဓာကိုယ်မှာ အလှဆုံးတခုဆိုရင် “ နှာခေါင်းလို့ ထင်တာပါပဲ” ခန္ဓာကိုယ်မှာ ပြုပြုင်ချင်တဲ့ တခုဆိုရင် “မျက်လုံးပါပဲ။ မလှဘူးလို့ ထင်တာပါပဲ”

စိုင်းစိုင်း Show ပွဲတွေ ကြုံရင် အားပေးမှာလားဆိုတဲ့ အပေါ်မှာတော့ “အသေအလှဲ အသံတွေ ကွဲအောင်ကို အားပေးမှာပါ” “ထိပ်ထားဆိုဖြစ်တဲ့ သီချင်းတွေကတော့ သံစဉ်လေးကောင်းရင်တော့ ဆိုလိုက်တာပဲ”

အင်္ဂလိပ်သီချင်းဆိုတာ ပိုကောင်းတဲ့ အပေါ်မှာ “အဲ့ဒါတော့ ဟုတ်ပါတယ်။ စကားပြောလို့ ရှိရင်ပီတယ်။ သီချင်းဆိုရင်တော့ မြန်မာအသံက မပီတော့ဘူး။ အမေကလည်း အမြဲပြောပါတယ်။ အဆိုနဲ့ သရုပ်ဆောင်ပိုင်းဆိုရင်တော့ ထိပ်ထားက အဆိုကိုပဲ ရွေးပါမယ်။ လုံးဝကို အဆိုပေါ့”

ပရိသတ်တွေကို ပြောချင်တာနဲ့ ပတ်သက်ပြီး စံထိပ်ထားဦးကတော့ “ထိပ်ထိပ်ကိုလည်း ဆက်ချစ်ပေးကြပါ။ မေ့မေ့ကိုလည်း ဆက်ချစ်ပေးပါလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်” ဟု ပြောကြားသွား ခဲ့ပါတယ်။