သုညဘဝကစပြီး အမြင့်ဆုံးအောင်မြင်မှုရခဲ့တဲ့ အနုပညာရှင်များ

0
72










Unicode

လီယိုနာဒိုကို ငယ်ငယ်ထဲက ချမ်းသာသူလို့ ထင်ချင်ထင်ပါလိမ့်မယ်။တကယ်တော့ သူ့အမေဟာ သူငယ်ငယ်က အချိန်ပိုင်းအလုပ်ရှာပြီး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပါတယ်။သူ့ကို သရုပ်ဆောင် သင်တန်းပို့ဖို့ ငွေကို စုခဲ့ရပြီး သူကလည်း သူ့အေမကိုကူဖို့ ကြိုးစားသရုပ်ဆောင်ရင်း ယနေ့တော့ အရမ်းကို အောင်မြင်သူဖြစ်ခဲ့ပါပြီ။

အော်ပရာဝင်းဖေးဟာ ငယ်စဉ်က အိပ်မက်ဆိုးကြီးနဲ့ ရှင်သန်ခဲ့ရပါတယ်။သူ့ကို သူ့ဆွေမျိုးထဲကပဲ အသက်ငယ်ငယ်လေးမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ပိုင်းလို့ အသက် 15 နှစ်မှာ ကိုယ်ဝန်ရခဲ့ပါတယ်။ဒါပေမယ့် သူဟာ ကြိုးစားပြီး ရှင်သန်ရာကနေ ယနေ့တော့ အောင်မြင်တဲ့ အစီအစဉ်တင်ဆက်သူဖြစ်ခြ့ပြီး ဒေါ်လာ 3 ဘီလျံလောက် ပိုင်ဆိုင်နေပြိဖြစ်ပါတယ်။

Mark Wahlberg ဟာ အခုဆို အောင်မြင်တဲ့ သရုပ်ဆောင်တဦးဖြစ်နေပါပြီ။တချိန်က သူဟာ ရက်ပ်ပါတေါနြ့ ပေါင်းပြီး ကိုကင်းသုံးပါတယ်။ပြစ်မှုပေါင်း 15 မှုလောက် ကျူးလွန်ပြီး ထောင်ကျခဲ့ပါတယ်။အခုတော့ သူ့ဘဝကို သူကောင်းမွန်စွာ တည်ဆောက်နိုင်ခဲ့ပါပြီ။

Jim Carrey ဟာ အကောင်းဆု့း ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူ့မျက်နှာက အမြဲပြုံးနေတာ သူ့ထူးခြားချက်ဖြစ်ပါတယ်။သူက ငယ်ငယ်က အရမ်းဆင်းရဲပြီး အထက်တန်းကျောင်းကို ထွက်ကာ လုံခြုရေးလုပ်ပြီး မိသားစုကို ထောက်ပံရပါတယ်။သရုပ်ဆောင်ကို ဝါသနာကြီးလို့ ဖြတ်လျှောက်လိုက်လုပ်ရင်း သူဟာ ဟာသသရုပ်ဆောင်ကြီး ဖြစ်လာခဲ့ပါတယ်။

Eminem ကို လူတိုင်းနီးပါးသိပါတယ်။လူဖြူရက်ပ်ပါဖြစ်ပြီး အောင်မြင်ဆုံးသောသူဖြစ်ပါတယ်။သူဟာ အိမ်ထောင်ရေးအကွဲအပြဲဖြစ်ခဲ့တဲ့ မိသားစုက ကြီးပြင်းပြီး မိခင်နဲ့ နေခဲ့ပါတယ်။အိမ်ငှားပြီး အချိန်ပိုင်းအလုပ်ကို မိခင်နဲ့ အတူလုပ်ကာ သူ ဝါသနာပါတဲ့ ရက်ပ်ကို ဆိုရင်း အောင်မြင်လာပါတယ်။

Jay Z ဟာ လူဆိုးတစ်ယောက်ပါပဲ။သူ့အကိုကို သေနတ်နဲ့ ပစ်လို့ ထောင်ကျသလို ဆေးလဲ စွဲခဲ့ပါတယ်။အခုတော့ သန်းနဲ့ချီချမ်းသာတဲ့ ရက်ပ်ပါဖြစ်ခဲ့ပြီး သူ့ဘဝကို တည့်မတ်အောင် ပြုပြင်ခဲ့ပါတယ်။

J.K. Rowling ဟာ ဟယ်ရီပေါ်တာကို ဖန်ဆင်းသူဖြစ်ပါတယ်။ဒီ့မတိုင်ခင်က သူမဟာ အထီးကျန် အလုပ်လက်မဲ့ စိတ်လေနေသူဖြစ်ပါတယ်။သူ့စာအုပ်ကိုလည်း ထုတ်ဝေခွင့်မရလို့ စိတ်ပျက်ခဲ့ရသူဖြစ်ပါတယ်။အခုတော့ ဒေါ်လာ သန်း 650 လောက်ထိ ပိုင်ဆိုင်သူဖြစ်ခဲ့ပါပြီ.။

Carmen Electra မှာ စုဆောင်းထားတဲ့ ငွေကို သူ့ရည်းစားက ခိုးသွားလို့ သူဟာ အရင်းအနှီးမရှိဖြစ်ခဲ့ပါတယ်။ဒါနဲ့ပဲ သူဟာ အကမယ်ဝင်လုပ်ပြီး နိုက်ကလပ်တွေမှာ ကျင်လည်ခဲ့ပါတယ်။အခုတော့ သူမကို စွဲလန်းရူးသွပ်ရတဲ့အထိ ပရိသတ်ကြား လွှမ်းမိုးနိုင်အောင် ကြိုးစားနိုင်ခဲ့ပြီဖြစ်ပါတယ်။

စတားလုံးကြီးဟာ တကယ်တော့ အဆင်ပြေ ချောင်လည်သူမဟုတ်ပဲ သူဟာ ရုပ်ရှင်ရိုက်ချင်လွန်းလို့ အင်မတန်ကြိုးစားခဲ့ရပါတယ်။သူ့ရဲ့ ရော့ကီဇာတ်လမ်းကို သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင် သရုပ်ဆောင်ရမှ ရိုက်မယ်ဆိုပြီး ခေါင်းမာခဲ့လို့ နာမည်ကျော်မင်းသားကြီးဖြစ်လာသူဖြစ်ပါတယ်။