သူမှာရှိတဲ့ ဆိုင်ကယ်တွေကို ထုတ်ကြွားလိုက်တဲ့ ဖြိုးငွေစိုး



သူမှာရှိတဲ့ ဆိုင်ကယ်တွေကို ထုတ်ကြွားလိုက်တဲ့ ဖြိုးငွေစိုး




သူမှာရှိတဲ့ ဆိုင်ကယ်တွေကို ထုတ်ကြွားလိုက်တဲ့ ဖြိုးငွေစိုး





Unicode

မြန်မာရုပ်ရှင်လောက စပြီးတော့ လူသိလာပြီး တိုးတက်လာတဲ့ အချိန်ကတည်းက မင်းသားတစ်ယောက်အနေနဲ့ ရပ်တည်လာပြီးအောင်မြင်နေတဲ့ ဖြိုးငွေစိုးကိုတော့ တော်တော်များများလည်း သိကြမှာပါ။ ဖြိုးငွေစိုးကတော့ လက်ရှိအချိန်မှာလည်း တောင့်တောင့်တင်းတင်းနဲ့ အမိုက်စား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး အခုထိလည်း အရမ်းကိုမိုက်နေတုန်းပါပဲ။



ဖြိုးငွေစိုး ကတော့ ယခုနောက်ပိုင်းမှာ ကားရိုက်တွေ အနည်းငယ်ကြဲနေပေမယ့်လည်း အားပေးတဲ့ ပရိသတ်တွေကတော့ လက်ရှိအချိန်ထိကို ရှိနေပါသေးတယ်။ ဖြိုးငွေစိုးကတော့ အနုပညာ လုပ်တာ အပြင် ဆိုင်ကယ်တွေ စီးရတာ ဝါသနာပါပြီး ဆိုင်ကယ်တွေများစွာကိုလည်း စုထားတာ ဖြစ်ပါတယ်။ ဖြိုးငွေစိုး တစ်ယောက်ကတော့ သူ့ရဲ့ ဆိုင်ကယ်တွေကို ထုတ်ပြီးတော့ ကြွားလိုက်တာ ဖြစ်ပါတယ်။

ဖြိုးငွေစိုးရဲ့ ဆိုင်ကယ်တွေကတော့ ယောကျာ်းလေးတွေ အတွက် လိုချင်စရာ ပုံစံတွေကြီး ဖြစ်ပြီးတော့ တကယ့်ကို အားကျစရာကောင်းပါတယ်။ ဖြိုးငွေစိုးကတော့ သူ့ရဲ့ ဆိုင်ကယ်တွေနဲ့ “ကျွန်တော်နှင့်ဆိုင်ကယ်များ (အဖေ ကတော့ပြောတယ် အေးပေါ့ ဆိုင်ကကယ်မှစီးလို့ရတာလေ တဲ့)” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။

ဖြိုးငွေစိုးကတော့ ယောကျာ်းပီသတဲ့ ပုံစံရှိသလို သူ့ရဲ့ ဆိုင်ကယ်တွေ အားလုံးကလည်း သူနဲ့ လိုက်ဖက်နေတာ ဖြစ်ပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော ဖြိုးငွေစိုးကို အားပေးတဲ့သူတွေ ပါကြလား။ ပြီးတော့ ဖြိုးငွေစိုးလိုမျိုး ဆိုင်ကယ်ချစ်တဲ့သူတွေရော ရှိကြလား။

Leave a Reply