သူ႔ဘဝအေၾကာင္း စာမ်က္နွာ (၅၀၀) ပါတဲ့ စာအုပ္ထုတ္မယ့္္ Rihanna

ကမၻာေက်ာ္အဆိုေတာ္ Rihanna ဟာ 2000 ခုနွစ္ေလာက္ကတည္းကအနုပညာေတြစတင္လုပ္ေနခဲ့ျပီျဖစ္ျပီး 2005 မွာ ပထမဆံုး Single Album ထြက္ရွိခဲ့ျပီးပရိသတ္ေတြရဲ႕ တခဲနက္အားေပးမႈေတြရရွိခဲ့သလုိ ကမၻာအနွံ႔မွာေက်ာ္ၾကားခဲ့တယ္ဆိုရင္လည္းမမွားပါဘူး။ Rihanna ဟာ ေအာင္ျမင္မႈကုိနွစ္ေတြအၾကာၾကီးထိန္းသိမ္းထားနုိင္သူတစ္ဦးလည္းျဖစ္ပါတယ္။အခုဆုိရင္ Rihanna ရဲ႕အနုပညာသက္တမ္းဟာ အနွစ္နွစ္ဆယ္နီးပါးရွိျပီလို႔ေတာင္ေျပာလို႕ရပါတယ္။ Rihanna ဟာ အဆိုေတာ္တစ္ဦးျဖစ္ေပမယ့္ Fashin Icon တစ္ခုလို႔ေျပာရေလာက္ေအာင္ကို ဖက္ရွင္ပုိင္းမွာ အထာက်ျပီး အလွအပဖက္မွာလည္း Fanty Beauty ကုိ ထုတ္လုပ္ထားတာျဖစ္တာေၾကာင့္ Rihanna ရဲ႕ Fashion sense ကုိသေဘာက်နွစ္သက္တဲ့ပရိသတ္ေတြကလည္း ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။

အခုေတာ့ အဲဒီပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခုေပၚထြက္လာပါျပီ။အဲဒီသတင္းေကာင္းကေတာ့ Rihanna ဟာသူမျဖတ္သန္းလာသမွ် အေတြ႕အၾကံဳေတြပါဝင္မယ့္ စာအုပ္တစ္အုပ္ထုတ္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။ အဲဒီစာအုပ္ထဲမွာ Rihanna ရဲ႕ ဘဝတစ္သက္တာအေတြ႕အၾကံဳေတြ၊အမွတ္တရေတြ၊ Fashion Moments ေတြ လည္းပါဝင္မွာျဖစ္သလို အဲဒီစာအုပ္က စာလံုးေတြထက္ ဓာတ္ပံုေတြနဲ႔ Visual နဲ႔ သူမဘဝကုိပိုျပီးေတာ့ ေဖာ္ျပေပးမွာပါတဲ့။ စာအုပ္ထဲမွာ ဓာတ္ပံုေပါင္း တစ္ေထာင္ေက်ာ္ပါမွာျဖစ္ျပီး စာမ်က္နွာ (၅၀၄) မ်က္နွာပါရွိမွာျဖစ္ေၾကာင္းသိရပါတယ္။



Rihanna က စာအုပ္ထြက္ရွိမယ့္အေၾကာင္းနဲ႔ပတ္သက္ျပီး “ကြ်န္မ ဒီဓာတ္ပံုစာအုပ္ေလးကုိပရိသတ္ေတြဆီအေရာက္ပုိ႔ဖို႔အရမ္းကုိစိတ္လႈပ္ရွားေနပါျပီ။ ဒီလုိျဖစ္ေျမာက္ေအာင္ကူညီေပးတဲ့ ဓာတ္ပံုဆရာေတြနဲ႔ အနုပညာရွင္ေတြကုိလည္းေက်းဇူးတင္ပါတယ္။ ဒီစာအုပ္ေလးအတြက္ ကြ်န္မတုိ႔ၾကိဳးစားေနတာ ငါးနွစ္ေက်ာ္ခဲ့ပါျပီ။အခုေတာ့ စာအုပ္ေလးကုိ ပရိသတ္ေတြအားလံုးနဲ႔ ေဝမွ်ခြင့္ရေတာ့မွာမုိ႔အရမ္းကိုစိတ္လႈပ္ရွားေပ်ာ္ရႊင္ရပါတယ္”လို႔ MTV News ကုိေျပာၾကားထားပါတယ္။




လာမယ့္ေဆာင္းတြင္းမွာ ထြက္ရွိလာမယ့္ Rihanna ရဲ႕ စာအုပ္ေလးဟာ Rihanna ရဲ႕ ဂီတပညာရွင္၊ဖက္ရွင္ပညာရွင္၊ဒီဇိုင္နာနဲ႔ စြန္႔ဦးတီထြင္သူအျဖစ္ ထင္ဟပ္ျပသေပးမယ့္စာအုပ္တစ္အုပ္လည္းျဖစ္တာမုို႔ Rihanna ရဲ႕ အမာခံပရိသတ္ေတြေသခ်ာေပါက္ဝယ္ယူသိမ္းဆည္းထားသင့္တဲ့ စာအုပ္လည္းျဖစ္ပါတယ္။ စာအုပ္တစ္အုပ္ကုိဘယ္ေလာက္နဲ႔ေရာင္းမယ္ဆိုတာကုိေတာ့ မသိရေသးပါဘူုး။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ Rihanna ရဲ႕ စာအုပ္ေလးကုိ ဝယ္ယူအားေပးဖို႔အသင့္ပဲလား။

Unicode



ကမ္ဘာကျော်အဆိုတော် Rihanna ဟာ 2000 ခုနှစ်လောက်ကတည်းကအနုပညာတွေစတင်လုပ်နေခဲ့ပြီဖြစ်ပြီး 2005 မှာ ပထမဆုံး Single Album ထွက်ရှိခဲ့ပြီးပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေရရှိခဲ့သလို ကမ္ဘာအနှံ့မှာကျော်ကြားခဲ့တယ်ဆိုရင်လည်းမမှားပါဘူး။ Rihanna ဟာ အောင်မြင်မှုကိုနှစ်တွေအကြာကြီးထိန်းသိမ်းထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။အခုဆိုရင် Rihanna ရဲ့အနုပညာသက်တမ်းဟာ အနှစ်နှစ်ဆယ်နီးပါးရှိပြီလို့တောင်ပြောလို့ရပါတယ်။ Rihanna ဟာ အဆိုတော်တစ်ဦးဖြစ်ပေမယ့် Fashin Icon တစ်ခုလို့ပြောရလောက်အောင်ကို ဖက်ရှင်ပိုင်းမှာ အထာကျပြီး အလှအပဖက်မှာလည်း Fanty Beauty ကို ထုတ်လုပ်ထားတာဖြစ်တာကြောင့် Rihanna ရဲ့ Fashion sense ကိုသဘောကျနှစ်သက်တဲ့ပရိသတ်တွေကလည်း တော်တော်များများရှိပါတယ်။

အခုတော့ အဲဒီပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုပေါ်ထွက်လာပါပြီ။အဲဒီသတင်းကောင်းကတော့ Rihanna ဟာသူမဖြတ်သန်းလာသမျှ အတွေ့အကြုံတွေပါဝင်မယ့် စာအုပ်တစ်အုပ်ထုတ်တော့မှာဖြစ်ကြောင်းသိရပါတယ်။ အဲဒီစာအုပ်ထဲမှာ Rihanna ရဲ့ ဘဝတစ်သက်တာအတွေ့အကြုံတွေ၊အမှတ်တရတွေ၊ Fashion Moments တွေ လည်းပါဝင်မှာဖြစ်သလို အဲဒီစာအုပ်က စာလုံးတွေထက် ဓာတ်ပုံတွေနဲ့ Visual နဲ့ သူမဘဝကိုပိုပြီးတော့ ဖော်ပြပေးမှာပါတဲ့။ စာအုပ်ထဲမှာ ဓာတ်ပုံပေါင်း တစ်ထောင်ကျော်ပါမှာဖြစ်ပြီး စာမျက်နှာ (၅၀၄) မျက်နှာပါရှိမှာဖြစ်ကြောင်းသိရပါတယ်။

Rihanna က စာအုပ်ထွက်ရှိမယ့်အကြောင်းနဲ့ပတ်သက်ပြီး “ကျွန်မ ဒီဓာတ်ပုံစာအုပ်လေးကိုပရိသတ်တွေဆီအရောက်ပို့ဖို့အရမ်းကိုစိတ်လှုပ်ရှားနေပါပြီ။ ဒီလိုဖြစ်မြောက်အောင်ကူညီပေးတဲ့ ဓာတ်ပုံဆရာတွေနဲ့ အနုပညာရှင်တွေကိုလည်းကျေးဇူးတင်ပါတယ်။ ဒီစာအုပ်လေးအတွက် ကျွန်မတို့ကြိုးစားနေတာ ငါးနှစ်ကျော်ခဲ့ပါပြီ။အခုတော့ စာအုပ်လေးကို ပရိသတ်တွေအားလုံးနဲ့ ဝေမျှခွင့်ရတော့မှာမို့အရမ်းကိုစိတ်လှုပ်ရှားပျော်ရွှင်ရပါတယ်”လို့ MTV News ကိုပြောကြားထားပါတယ်။

လာမယ့်ဆောင်းတွင်းမှာ ထွက်ရှိလာမယ့် Rihanna ရဲ့ စာအုပ်လေးဟာ Rihanna ရဲ့ ဂီတပညာရှင်၊ဖက်ရှင်ပညာရှင်၊ဒီဇိုင်နာနဲ့ စွန့်ဦးတီထွင်သူအဖြစ် ထင်ဟပ်ပြသပေးမယ့်စာအုပ်တစ်အုပ်လည်းဖြစ်တာမိုု့ Rihanna ရဲ့ အမာခံပရိသတ်တွေသေချာပေါက်ဝယ်ယူသိမ်းဆည်းထားသင့်တဲ့ စာအုပ်လည်းဖြစ်ပါတယ်။ စာအုပ်တစ်အုပ်ကိုဘယ်လောက်နဲ့ရောင်းမယ်ဆိုတာကိုတော့ မသိရသေးပါဘူုး။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Rihanna ရဲ့ စာအုပ်လေးကို ဝယ်ယူအားပေးဖို့အသင့်ပဲလား။